ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ၈ လ သမီးလေးရဲ့ ရင်နင့်ဖွယ်သက်ငယ်မုဒိမ်းမှု အကြောင်းပြောပြလာတဲ့ ဒေါက်တာ မိုးနီလွင်

ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ၈ လ သမီးလေးရဲ့ ရင်နင့်ဖွယ်သက်ငယ်မုဒိမ်းမှု အကြောင်းပြောပြလာတဲ့ ဒေါက်တာ မိုးနီလွင်

ကိုယ်မမြင်မသိတဲ့ နံရံတစ်ချပ်ပဲခြားမယ့်တစ်ဖက်အခန်းမှာ နေထိုင်သူဟာသင့်ရင်သွေး၊ ဒါမှမဟုတ် သင့်ဇနီးမယားဒါမှမဟုတ် သင့်ကိုတောင် လိင်အကြမ်းဖက်လာနိုင်တဲ့မုဒိမ်းကောင်၊ ရာဇဝတ်ကောင်၊ ခိုးဆိုး လုနှိုက်ပြီး သတ်ပစ်နိုင်တဲ့ အရူးတစ်ယောက် ဟုတ်မဟုတ်ဆိုတာ သင်မသိနိုင်တော့ဘူးဆိုတာ လက်ခံလိုက်ပါ၊ ဒါဟာ ဒီလိုလူမျိုးတွေကို လွတ်မြောက်နေစေတဲ့ လူကောင်းဟန် ဆောင်ထားတဲ့ လူယုတ်မာတွေကြောင့်ပါပဲ၊

ငွေ၊ ရာထူး၊ အာဏာ၊ ဂုဏ်သိက္ခာ အကြောက်တရား၊ ဒါမှမဟုတ်ကိုယ်ချစ်တဲ့ သွေးသားဖြစ်နေလို့လား လောဘ ဒေါသ မောဟတွေနဲ့ တဏှာရာဂကြောင့်လား? ဒီလို လူမဖြစ်သင့်တဲ့ လူအချင်းချင်းကို ရက်စက်စွာပြုမူနေထိုင်ကြတဲ့ လူယုတ်မာတွေ၊ လူကောင်းတွေကို အနိုင်ကျင့်သတ်ဖြတ် လူမဆန်တဲ့ လူစိတ်မဲ့တဲ့လူဆိုးတွေကျနော်တို့ကမ္ဘာမှာအများကြီး ရှိနေပါတယ်။ ဆက်ရှိနေမှာပါ။ ကျနော်ဟာ ဆရာဝန်တစ်ယောက်မို့ မလေးရှားနိုင်ငံက အစိုးရဆေးရုံတစ်ရုံဖြစ်တဲ့ (Johor Bahru) ဆေးရုံးကြီးမှာ တာဝန်ကျစဉ်က အဖြစ်တစ်ခုကို မေ့မရသေးပါဘူး။

မေ့ဆေးတာဝန်နဲ့ ခွဲစိတ်ခန်းမှာ လုပ်နေရတော့ အရေးပေါ်ခွဲစိတ်မှုတွေအတွက် ညတာဝန်ကျစဉ်ကပါ။ အရေးပေါ်ဝေဒနာနဲ့ ဆေးရုံရောက်လာတဲ့သူတွေမှာချက်ချင်းခွဲစိတ်ရမယ့် အသည်းအသန်ေ ရာဂါတွေ၊ဒဏ်ရာတွေရှိရင် ခွဲခန်းကို အရေးပေါ်ဌာနက အရင်အကြောင်းကြားပြီး လူနာကို ပို့တဲ့အချိန်မှာ မေ့ဆေးဆရာဝန်တွေက ခွဲခန်းမှာ ကြိုတင်ပြင်ဆင်ထားရပါတယ်။ အဲ့ညက ကျနော် ခွဲခန်းမှာ စီနီယာ မေ့ဆေးတာဝန်ကျဆိုတော့ အရေးပေါ်ဌာနက ခွဲစိတ်ရမယ့်လူနာ မှတ်တမ်း သတင်းပို့တာ အရင်ဆုံးဖတ်လိုက်ရတယ်။ သူတို့ပို့မယ့်လူနာက ကလေးသူငယ် မုဒိမ်းမှု။ ခွဲစိတ်ချင်တာက ဒဏ်ရာဖြစ်သွားတဲ့ ကလေးရဲ့ မိန်းမကိုယ် အောက်ပိုင်း။

vaginal laceration ပေါ့။ ချက်ချင်းပြုပြင် ချုပ်လုပ်မပေးရင် သွေးထွက်များနိုင်တာပေါ့။ police case ရဲမှုခင်းမို့ လိုအပ်တာ စာရင်းသွင်းချိန် (လူနာကလေး)က ခွဲခန်းကိုရောက်မလာခင် လူနာမှတ်တမ်းကို ဖတ်မိချိန် ဘဝင်မကျတာ တစ်ခုမြင်လိုက်တယ်။ လူနာအသက်ကို အရေးပေါ်ဌာနက 8 Bulan လို့ ရေးထားတယ်။ ကိုယ်က ဒေါပွတယ်။ အရေးပေါ်ဌာနကို ချက်ချင်း ဖုန်းပြန်ခေါ်ရတယ်။ မင်းတို့ မှားပြန်ပြီလို့ ခပ်ည်တည်နဲ့ ဟောက်မိတယ်။

မလေးစကားနဲ့ bulan ဆိုတာ လ month tahun ဆိုတာ နှစ် year လေ ကလေး မုဒိမ်းမှုမှာ စော်ကားခံရတဲ့ကလေးက ဘယ်လိုလုပ် အသက် ၈ လ ဖြစ်နေလဲ? (၈)နှစ်မှုတ်ဘူးလား လို့ bulan နဲ့ tahun မှားရေးထားတယ်လို့ ကိုယ်က ခွဲခန်းတာဝန်ကျ မေ့ဆေးအနေနဲ့ အရေးပေါ်က ဆရာဝန်ကို လှမ်းထောက်တာ သူတို့က “မဟုတ်ပါဘူး၊ လူနာက ၈ လ သမီးပါ၊”လို့ ပြန်ပြီး confirm လိုက်မှ ရှော့ခ်ရသွားသလို ငိုင်ကျခဲ့တာ ကိုယ်ဖြစ်သွားခဲ့ဖူးပါတယ်။

ဒီအဖြစ်က true story ကိုယ်တွေ့။ အဲ့ညက rape အလုပ်ခံရတဲ့ (၈)လသမီးလေးကို ကိုယ်တိုင်မေ့ဆေးမပေးရဲလို့ အထက်က ကိုယ့်ထက်စီနီယာ စပါယ်ရှယ်လစ်ဆရာကို ဖုန်းဆက်ခေါ်ရတယ်။ လူနာကလေးရဲ့သွေးထွက်နေတဲ့ ဒဏ်ရာကို ခွဲစိတ်ဆရာဝန်နဲ့ ပြန်ပြီး ချုပ်လုပ်ပြုပြင်ရတယ်။ ရင်ခွင်ပိုက်အရွယ်လေးမို့ ခွဲခန်းထဲအထိ မိခင်ကို ဝင်ခွင့်ပြုခဲ့တော့ အဲ့ညက မြင်ခဲ့ဖူးတဲ့ ကိုယ့်သမီးလေး အရွယ်မရောက်ခင်မှာကို စော်ကားခံရတဲ့အဖြစ်ကို ရင်ဆိုင်လိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့မျက်လုံးတွေ…..

ကျနော် ဘယ်တော့မှ မေ့မရတဲ့မျက်လုံးတွေ အိပ်မက်ထဲထိ မြင်နေတဲ့ မျက်လုံးတွေကျနော် လောကကြီးကို တုန်လှုပ်သွားစေဖို့ သိပ်ခိုင်လုံတဲ့ မျက်လုံးတွေပါ။ အဲ့ဒီ မျက်လုံးတွေက လောကထဲမှာ ဆက်နေထိုင်ဖို့ ယုံကြည်မှု ကင်းမဲ့နေတဲ့ မျက်လုံးတွေ….သေဆုံးနေတဲ့ မျက်လုံးတွေ….မိခင်က ပညာတတ်၊ တက္ကသ်ုလ်ဆရာမတဲ့၊ သူ့အလုပ်ကြောင့် (၈)လသမီးလေးကိုနေ့ကလေးထိန်း အပ်ခဲ့တာမှ ကျောင်းစောင့် တစ်ဦးရဲ့ ယုတ်မာပက်စက်မှုကြောင့်တဲ့။ကိုယ့်စီနီယာဆို (သူက မလေးလူမျိုးယောကျာ်းဆရာဝန်ပါပဲ)

ဒေါသတကြီးနဲ့ အပြင်မှာ တန်းရင်းဂစ် (၁၀ မလေးငွေ) လောက်နဲ့ ချလို့ရတဲ့ဟဝှာတွေ တစ်ပုံကြီး၊ ဒီကလေးအရွယ်ကို ဘာလို့ လုပ်ကြတာလဲ၊ အဲ့ဒါ ဖြတ်ပြီးမှ သတ်ပစ်ရမယ့်ကောင်တွေ ခပ်ရိုင်းရိုင်းဆဲဆိုရင်း လူနာလေးကို မေ့ဆေးပေးခဲ့ကြတာပါ။ အဲ့ဒီညက အဖြစ်ကိုမြင်ခဲ့ရလို့ ကိုယ့်ဘဝမှာ အသက်အငယ်ဆုံး ကလေးသူငယ် rape case ဆိုတာ (၈)လသမီးလည်း ဖြစ်နိုင်တယ်လို့ ပြောပါရစေ။ ဒါ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က အဖြစ်ပါ။အဲ့လို လူစိတ်မရှိတဲ့ ခွေးတိရစ္ဆာန်တစ်ပိုင်းဖြစ်နေတဲ့ လူတွေ

ဒီဆယ်နှစ်အတွင်း ဘယ်လောက်ထပ်များ လာပါပြီလဲ၊ ကိုယ်နေထိုင်ရာ ကမ္ဘာကြီးဟာ ရက်စက်လှချည်လား? ကျနော်တို့ လူစိတ်ရှိသေးတဲ့ လူတွေဟာဒီလိုလူယုတ်မာတွေနဲ့ အတူယှဉ်တွဲဆက်နေကြရမှာ စိတ်ပျက်နေပြီလား?ကိုယ်ချစ်တဲ့သူတွေကို ကာကွယ် စောင့်ရှောက်မပေးနိုင်လောက်အောင် ဒီလူယုတ်မာတွေ ကောက်ကျစ်သူတွေအရူးတွေ၊ ရက်စက်စွာ အနိုင်ကျင့်သတ်ဖြတ်သူတွေကို ကာကွယ်ဖျောက်ဖျက်သူတွေ ဒါတွေကို ကွယ်ပျောက်အောင် မလုပ်နိုင်လို့ ဒီကမ္ဘာကြီးကို စိတ်နာနေပြီလား???

Facebook Comments