တမလွန်မှာ ညည်းအမေကိုရှာ၊ အဖေ လိုက်လာခဲ့မယ်’ဆိုပြီး သမီးနဲ့မိန်းမကို သတ်ပစ်ခဲ့သူ

တမလွန်မှာ ညည်းအမေကိုရှာ၊ အဖေ လိုက်လာခဲ့မယ်’ဆိုပြီး သမီးနဲ့မိန်းမကို သတ်ပစ်ခဲ့သူ

စင်္ကာပူနိုင်ငံသား Teo Ghim Heng အမည်ရ အသက်(၄၃)နှစ်အရွယ် အမျိုးးသားဟာ (၂၀၁၇) ဇူလိုင်လ (၂၀)ရက်နေ့မှာ ဇနီးနဲ့သမီးကို သတ်ခဲ့လို့ လူသတ်မှုနဲ့ ထောင်ဒဏ်စီရင်ခံခဲ့ရသူပါ။ သူဟာ ဇနီးသည် အရင်သတ်ပစ်ခဲ့ပြီးနောက် သမီးကို လည်ပင်းညှစ်သတ်ခဲ့တာပါ။

သေဆုံးသွားတဲ့ ဇနီးအမည်မှာ Choong Pei Shan ဖြစ်ပြီး၊ သမီးကတော့ Zi Ning ကတော့ (၄)နှစ်သာ ရှိပါသေးတယ်။ ဇနီးကို သတ်ပြီးနောက် ” တမလွန်မှာ ညည်းအမေကို လိုက်ရှာနော် … ဘာမှ မကြောက်နဲ့ အဖေဒီမှာ ရှိတယ် … အဖေ နောက်က လိုက်လာမယ် “လို့ ပြောခဲ့ပါတယ်။

သူတို့ဟာ သမီးရဲ့ကျောင်းကိစ္စ အချင်းများရင်း ရန်ဖြစ်ခဲ့ကြတာပါ။ ကလေးအတွက် ကျောင်းလခ မတက်နိုင်ရာကနေ ဇနီးဖြစ်တဲ့ Pei (၃၉)နှစ်က ” ရှင်က ယောက်ျားဖြစ်ပြီး ဘယ်တုန်းက အသုံးကျဖူးလဲ .. ဒီလိုမှန်းသိ ရှင်လိုလူမျိုး မယူခဲ့ပါဘူး “လို့ လှောင်ပြောင်ခဲ့ပါတယ်။

အဲဒီနောက် ယောက်ျားက မခံမရပ်နိုင်ဖြစ်ပြီး၊ ရေချိုးခန်းသုံးပဝါနဲ့ သူမရဲ့လည်ပင်းကို ရစ်ပြီးသတ်ပစ်လိုက်ပါတယ်။ မသေဘူးထင်လို့ နောက်တစ်ကြိမ် လည်ပင်းကို ကြိုးနဲ့ ချည်ပြီး သတ်ခဲ့ပါသေးသတဲ့။ အဲဒီနောက် သမီးကိုလည်း “မကြောက်နဲပ ဖေဖေရှိတယ် “လို့ ပြောပြီး-

လည်ပင်းကို ပုဝါနဲ့ပတ်ကာ သတ်ပစ်လိုက်ပြန်ပါတယ်။ သမီးကို လည်ပင်းညှစ်နေချိန်မှာ ” မေ့မေ့ကို ကောင်းကင်ဘုံမှာ တွေ့အောင်ရှာ .. ဖေဖေ နောက်က လိုက်လာခဲ့မယ် “လို့ ပြောခဲ့ပါတယ်။ အဲဒီနောက် သူဟာ သူ့ကိုယ်သူ သေကြောင်းကြံစည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နှစ်ပတ်ကြာသည်အထိ သေကြောင်းကြံစည်ခြင်း အထမမြောက်ခဲ့ဘဲ အခန်းထဲမှာ ဇနီးနဲ့သမီးအလောင်းကို ထိုင်ကြည့်နေခဲ့တာပါ။ (၂၀၁၇) ဇန်နဝါရီ (၂၈)မှာ ဒီလူသတ်မှုကို ဇနီးရဲ့မိသားစုဝင်တွေက သိသွားခဲ့ပါတယ်။ ရဲကို တိုင်ခဲ့တဲ့အတွက် ရဲတွေက သူ့ကို သေကြောင်းမကြံနိုင်ခင် ဖမ်းဆီးနိုင်ခဲ့တာပါ။

Pei ရဲ့အမှုကို ဆက်လက်စစ်ဆေးဆဲပါ။ သူဟာ ပြစ်မှုကျူးလွန်စဉ်တုန်းက လောင်းကစားနွံနစ်နေပြီး၊ အကြွေးတွေ ပတ်ခြာလည်နေခဲ့တယ်လို့ ပြောပါတယ်။ အခု လူသတ်မှုမှာ သူဟာ ပြစ်မှုထင်ရှားနေလို့ သေဒဏ်ချမှတ်ခံရဖို့ အတော်လေး သေချာနေတယ်လို့ သိရပါတယ်။

Facebook Comments