ဖုန်းအားသွင်းခြင်းနဲ့ပတ်သတ်ပြီး မှားယွင်းတဲ့ အယူအဆများ…

ဖုန်းအားသွင်းခြင်းနဲ့ပတ်သတ်ပြီး မှားယွင်းတဲ့ အယူအဆများ…

၁- ညဘက်ဖုန်းအားသွင်းပြီး မအိပ်သင့်…

မှားပါတယ် ။ အဆင့်မြင့် Lithium ion ဘတ္တရီတွေဟာ မီးအားပြည့်တဲ့အခါ မီးအားသွင်းခြင်းကို အလိုအလျောက်ရပ်တန့်လိုက်တဲ့အတွက် အားသွင်းလွန်ပြီးထပေါက်မှာ စိုးရိမ်ဖို့မလိုပါဘူး။

စိုးရိမ်ဖို့လိုတာတစ်ခုကတော့ အပူလွန်ကဲခြင်းပါ ။ တကယ်လို့ပူလောင်တဲ့နေရာတစ်ခုမှာ မီးအားသွင်းထားခဲ့ရင်တော့ ထပေါက်နိုင်ချေရှိပါတယ်။

၂- ဖုန်းကို ၀ ရာခိုင်နှုန်းအထိ အသုံးပြုသင့်..

တကယ်တော့ ဖုန်းဘတ္ထရီတွေဟာ အားအနည်းငယ်ကုန်တာနဲ့ အားသွင်းလေလေ ကြာကြာခံလေပါပဲ ။

သုတေသီတွေကတော့ ၄၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်းကြားမှာ ဖုန်းကိုအသုံးပြုမယ်ဆိုရင် ဘတ္ထရီသက်တမ်းပိုရှည်လိမ့်မယ်လို့ပြောထားပါတယ်။

ဒီတော့ ဖုန်းကို ၀ ရာခိုင်နှုန်းအထိ အသုံးပြုဖို့မလိုပါဘူး။

၃- ဖုန်းအားသွင်းကြိုးကို ပလပ်ပေါက်မှာတပ်မထားသင့်…

အားသွင်းကြိုးခေါင်းတွေမှာ အသုံးပြုပြီးရင် ပလတ်ဖြုတ်ပါ ၊ မီးဘေးအန္တရာယ်ရှိသည်လို့ရေးထားပေမယ့် ဖြစ်လေ့ဖြစ်ထမရှိသလောက်ကိုရှားပါတယ်။

အားသွင်းကြိုးတွေ မီးထလောင်တတ်တဲ့ အခြေအနေကတော့ သင့်အိမ်မှာ ဖျူုးစ်မရှိတဲ့အခါ ၊ သင့်အိမ်မွေး တိရစ္ဆာန်လေးတွေ အားသွင်းကြိုးကိုကိုက်လို့ ကြိုးပေါက်သွားတဲ့အခါ ၊

အိမ်မှာရေယိုနေတဲ့ အခါမျိုး နဲ့ အားသွင်းကြိုးခေါင်းမကောင်းတော့ပဲ ပူနေတဲ့အခါမျိုးတို့ပဲဖြစ်ပြီး ဒီလိုအခြေအနေမျိုးမှာတော့ လျော့ဖြစ်နိုင်ချေရှိတဲ့အတွက် အားသွင်းကြိုးကိုဖြုတ်ထားတာအကောင်းဆုံးပါပဲ။

၎- လက်တော့ကို အားသွင်းကြိုးတစ်ချိန်လုံးတပ်ပြီးအသုံးပြုရင်ဘတ္တရီပျက်တတ်…

ခုနပြောသခဲ့သလိုပဲ အဆင့်မြင့်ဘတ္ထရီတွေဟာ အားပြည့်တဲ့အခါ အားသွင်းခြင်းကိုရပ်ဆိုင်းပစ်လိုက်တဲ့အတွက် အားလွန်လို့ ဘတ္ထရီပျက်ဆီးမှာကိုစိတ်ပူစရာမရှိပါဘူး။

ဒါပေမယ့်လည်း သုတေသီတွေကတော့ တစ်လကိုတစ်ခါလောက် ၀ ရာခိုင်နှုန်းအထိ သုံးပေးပြီး ဘတ္ထရီကို လက်တော့ ဘတ္ထရီ ပျက်ရတဲ့ အဓိကအကြောင်းအရင်းတော့ အားသွင်းလွန်တာကြောင့် မဟုတ်ပဲ အလွန်ပူတဲ့အနေအထား (ဥပမာ Fan မပါပဲ) မှာ Laptop ကိုအသုံးပြုကြလို့ပဲဖြစ်ပါတယ်။

Facebook Comments