Drone နဲ့ရိုက်ထားတဲ့ အံ့သြဘနမ်းဖြစ်သွားစေလောက်တဲ့ဓာတ်ပုံများ

Drone နဲ့ရိုက်ထားတဲ့ အံ့သြဘနမ်းဖြစ်သွားစေလောက်တဲ့ဓာတ်ပုံများ

ဓာတ်ပုံတစ်ပုံရဲ့အသက်ဝင်လှပနေမှုဟာ လောကကြီးရဲ့ ဟန်ချက်ကိုထိန်းသိမ်းထားတဲ့ အကြောင်းအရာတစ်ခုပါပဲ ။ဓာတ်ပုံဆရာတွေတချို့က သူတို့ရဲ့အကောင်းဆုံးဓာတ်ပုံတွေရရှိဖို့အချိန်တွေအများကြီးပေးပြီး ရယူလိုက်ရတာမျိုးရှိသလို တချို့ဆိုရင် အသက်အန္တရာယ် တောင် ခြိမ်းခြောက်ခံရတဲ့အခြေအနေထိ ခက်ခဲခဲ့တာတွေလည်းကြားသိဖူးပါတယ် ။ အခုကျနော်တို့ပြောချင်လွန်းလို့ပရိသတ်တွေကိုညတင်ဆက်ဖော်ပြပေးချင်တဲ့အရာလေးကတော့ ကြည့်မိရုံနဲ့ အံ့သြမင်သက်ဖြစ်သွားစေနိုင်တဲ့ Drone နဲ့ရိုက်ထားတဲ့ဓာတ်ပုံလေးတွေပဲဖြစ်ပါတယ် ။

၁။ ဟောဂ်ဝတ် မှော်ကျောင်းလားထင်မှတ်မှားရတဲ့ ရဲတိုက်ကြီး

အခုပထမဆုံးအနေတဲ့ ပရိသတ်ကြီးကို ဖော်ပြပေးလိုက်တဲ့ ပုံလေးတစ်ပုံကတော့ တိမ်စိုင်တွေကြားမှာ ကျက်သရေရှိရှိအလှကြီးလှနေတဲ့ရှေးဟောင်းအဆောက်အဦကြီးတစ်ရဲ့အဝေးကနေ Droneနဲ့ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံပဲဖြစ်ပါတယ် ။ ဒီပုံကိုကြည့်ပြီး ကျနော်တို့ အသည်းစွဲနှစ်သက်ခဲ့ရတဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲထဲ က ဟယ်ရီပေါ်တာတို့ကိုမှောင်အတတ်ပညာတွေသင်ပေးတဲ့ကျောင်းတော်ကြီးနဲ့တောင်သွားပြီးဆင်တူနေတယ်လို့ထင်မိလောက်ရအောင် လှပလွန်းလှပါတယ် ။ မိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်းပြန်လည်မျှဝေပေးသွားပါ့ဦးခင်ဗျာ ။

၂။ အန္တရယ်များလွန်းတဲ့အလှတရား

အခုပုံကတော့ အောက်လှေလေးထဲမှာ အိပ်နေတဲ့သူတော့မသိဘူးကြည့်ရတဲ့သူတောင် အသည်းယားစေမယ့် ပုံမျိုးပါပဲ ။ လူတစ်ယောက်ရဲ့အဆပေါင်းများစွာကြီးတဲ့ငါးကြီးတွေကြားမှာ ဒီလိုပုံလှလှလေးတစ်ပုံရဖို့ဆိုတာကတော့အတော်ကိုအန္တရာယ်များလွန်းလှပါတယ် ။မိတ်ဆွေဆိုရင်ရော ဒီလိုပုံမျိုးရိုက်ဖို့ကြိုးစားမှာလား ။ ကျနော်ဆိုရင်တော့ကြိုးစားမိမယ်မထင်ပါဘူး ။ ပုံကတော့ တော်တော်ကိုလှပပြီးသဘာသကျတဲ့ပုံလေးတစ်ပုံပါပဲ ။

၃။ ပဲရစ်မြို့ရဲ့အလှတရား

ကျနော်တို့တွေ နိုင်ငံခြားဇာတ်လမ်းတွေထဲမှာ တွေ့ရလေ့ရှိတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့အလှတရားတွေဟာ ဟိုတကွက်ဒီတကွက်လောက်ပါပဲ ။အခုကျနော်တို့တင်ဆက်ပေးလိုက်တဲ့ပုံလေးကတော့ ပဲရစ်မြို့ရဲ့အလှတရားတွေကို အထင်းသားပေါ်အောင် ဖော်ပြပေးနိုင်တဲ့ ပုံတစ်ပုံဆိုရင် မိတ်ဆွေလည်းငြင်းမယ်မထင်ပါဘူး ။ ဟိုးအဝေးကမြင်နေရတဲ့ အီဖယ်တာဝါကြီး နပိုလီယံခေတ်ကကျန်နေခဲ့တဲ့ဂိတ်တံခါးတစ်ခုကိုအဝိုင်းပတ်လုပ်ထားတဲ့ကားလမ်းရယ်ကတော့ တကယ့်ကိုလှပတဲ့အလှတကားတစ်ခုဖြစ်သွားပါတယ် ။

၎။ နီးစွေးနေတဲ့ပန်းခင်ကြီးရဲ့အလယ်

ရုတ်တရက်ကြည့်လိုက်ရင်တော့ ဒီဓာတ်ပုံဟာ ရဲရဲနီနေတဲ့ပန်းခင်းကြီးတစ်ခုရဲ့အလည်မှ လူတစ်ယောက်ထိုင်နေတယ်လို့ထင်ပါလိမ့်မယ် ။ တကယ့်အမှန်မှာ အဲ့ဒီလိုမဟုတ်ပါဘူး ။ပုံကိုသေချာကြည့်လိုက်ရင် အနီရောင်တစ်ဝက်ဆေးဆိုးထားတဲ့တုတ်တွေအစည်းလိုက်အစည်းလိုက်ကိုစုပုံထားလိုက်တဲ့အချိန်မှာ ပန်းခင်းကြီးတစ်ခုလိုဖြစ်သွားပြီး လှချင်တိုင်းလှနေတာဖြစ်ပါတယ် ။

၅။ နှင်းတောထဲကအမည်းရောင်မြွေကြီး

ဖြူလွှနေတဲ့ ဘေးကနှင်းပြင်ကြီးနဲ့မြွေလိမ်မြွေကောက်ဖောက်ထားတဲ့ ကားလမ်းဟာ အင်မတန် လိုက်ဖက်နေတယ်ဆိုတာကို ကျနော်ပြောစရာမလိုပဲမိတ်ဆွေတို့မြင်တွေ့နိုင်မယ်ထင်ပါတယ် ။ ရုတ်တရက်ကြည့်ရင် ဧရာမမြွေကြီးတစ်ကောင်က တွန့်လိမ်ကောက်ကွေးပြီး နှင်းတောထဲကနေရုန်းထွက်နေတဲ့ပုံတောင်ပေါက်နေပါတယ် ။ မိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်း ပြန်လည်မျှဝေပေးသွားကြပါဦးခင်ဗျာ ။

Facebook Comments