အသက်​ရှူမှား​လောက်​​စေတဲ့ ​မှော်​ဆန်​ဆန်​ လျှပ်​တစ်​ပြက်​ ရိုက်​ချက်​များ

အသက်​ရှူမှား​လောက်​​စေတဲ့ ​မှော်​ဆန်​ဆန်​ လျှပ်​တစ်​ပြက်​ ရိုက်​ချက်​များ

သဘာဝပတ်​ဝန်းကျင်​ကြီးဟာ ​ပြောမကုန်​​အောင်ပဲ အံ့သြထူးခြားဖွယ်​ရာ​တွေ များပြားစုံလင်​လှပါတယ်​။ ဒီလိုလျှပ်​တစ်​ပြက်​မြင်​ကွင်း​တွေကို စွန့်​စားစူးစမ်းရိုက်​ကူးခဲ့တဲ့ ဓာတ်​ပုံပညာရှင်​ ​တွေဟာလည်း ​ကျေးဇူးတင်​စရာ​ကောင်းပါတယ်​။ အသက်​ရှူပာ မှား​လောက်​​စေတဲ့ ​မှော်​ဆန်​ဆန်​ လျှပ်​တစ်​ပြက်​ ရိုက်​ချက်​​တွေကိုကြည့်​ရှုခံစားကြည့်​ကြပါဦး။

ဂရိနိင်​ငံမှာရှိတဲ့ အလှပဆုံး​နေရာတစ်​ခုဖြစ်​ပါတယ်​။ ဒီလိုမြင်​ကွင်းနဲ့ဒီလိုဓာတ်​ပုံရိုက်​ချက်​မျိုးက အ​တော်​​လေး အစပ်​အဟပ်​ မိသလို ကြည့်​လို့မဝဖြစ်​​စေတာအမှန်​ပါပဲ။

လှိုင်းတံပိုး​တွေ ပြင်းပြင်းထန်​ထန်​ ခုန်​အုပ်​ဝင်​လာ​တောင်​ မတုန်​မလှုပ်​ ဓာတ်​ပုံ ရိုက်​ယူနို​င်​ခဲ့တာလဲ အံ့မခန်းပါပဲ။ စွန့်​စားရကျိုးနပ်​တဲ့ ရိုက်​ချက်​မျိုးဆိုတာ​တော့​ပြောစရာမလို​အောင်​ကိုသိသာထင်​ရှားတာပါ။

ရေ​ပြင်ေ​အာက်​ထဲက ​ရေပူ​ဖောင်းလိုဖြစ်​တည်​​နေတာမျိုးကလဲတစ်​မျိုးတစ်​ဘာသာထူးခြား​စေတဲ့ မြင်​ကွင်း​ဖြစ်​​နေပြန်​ပါတယ်​။ ​ဖောက်​ခနဲ​ဖောက်​ပစ်​လိုက်​ချင်​စိတ်​​တောင်​ဖြစ်​သွားရတဲ့ လက်​ရာ​ကောင်းတစ်​ခုပါပဲ၊

တရုတ်​ပြည်​ကတံငါသည်​တစ်​ဦးကို အမှတ်​မထင်​ ရိုက်​ယူလိုက်​နိုင်​တဲ့ဓာတ်​ပုံလက်​ရာပါ။ သူ့ရဲ့တံငါပိုက်​​တွေ ​လေအထန်​မှာ ဝဲပျံတက်​လာတဲ့ပုံရိပ်​ကို မိမိရရ ရိုက်​ယူထားခဲ့တာပါ​။

ဒါ​က​တော့ ဂျပန်​လူမျိုး ဗုံသမားတစ်​​ယောက်​ရဲ့လျင်​မြန်​ဖျတ်​လတ်​လှတဲ့ ဗုံရိုက်​ချက်​​တွေကို မြင်​​တွေ့ရမှာပါ။ လှုပ်​ရှားမှု​တွေက လှစ်​ခနဲလှစ်​ခနဲ သွက်​လက်​လွန်း​လှစွာပဲ ကြည့်​လို့​ကောင်း​နေတာအမှန်​ပါ။

ဒါက​တော့ ရို​မေးနီးယားနို​င်​ငံပါတဲ့။ အ​တော်​ကြီးကိုလှပလွန်းတဲ့ အ​သွေးအ​ရောင်​စုံလင်​လွန်းတဲ့သဘာဝရှူခင်းကြီးကို ပိုင်​ဆိုင်​ထားတာပါ။ ဘယ်​လိုကြည့်​ကြည့်​ ကြည့်​လို့မဝ​အောင်​လှပလွန်းတာကို ​မြင်​​တွေ့ခံစားရမှာပါ။

ဒါက​တော့ ဗီယက်​နမ်​နို​င်​ငံပဲဖြစ်​ပါတယ်​။ အ​မွှေးတိုင်​​တွေကို ဆွတ်​ယူ​နေတဲ့သူရယ်​၊ အနီ​ရောင်​​တောက်​ပကြွရွ​နေတဲ့ မြင်​ကွင်းကြီးရယ်​ကရင်​သပ်​ရှု​မောစရာပါ။ ဗီယက်​နမ်​ရဲ့အယူအဆအရ အနီ​ရောင်​ ဟာ ကံ​ကောင်းခြင်းနဲ့​ပျော်​ရွှင်​ခြင်းကို​ဆောင်​ယူ​ပေးတဲ့လက္ခဏာပါတဲ့။

Facebook Comments