အဆောင်သူကို ခြောက်တဲ့ သရဲ (ဖြစ်ရပ်မှန်)

အဆောင်သူကို ခြောက်တဲ့ သရဲ (ဖြစ်ရပ်မှန်)

ကျမ အဆောင်သစ်ရှေ့ရောက်ရောက်ချင်းပဲ အဆောင်ကို တချက်ရှိုးလိုက်တယ်လေ။ မဆိုးဘူးသပ်ရပ်မှုလဲ ရှိမဲ့ပုံ။ အေးချမ်းပီးတိတ်ဆိတ်တော့ စာဂျပိုးအမည်ခံရလောက်အောင် စာအရမ်းလုပ်တော့ အဆင်ပြေတာပေါ့။ အဆောင်ပုံစံ က နှစ်ထပ်ပျဉ်ထောင်အိမ်လေးပါ။်အဆောင်က သားသားနားနားနဲ့နေချင်စရာလေးလို့စိတ်ထဲ ရေရွတ်လိုက်မိတယ်။ဒါနဲ့ပဲ အဆောင်သူအသစ်လေးဆိုတော့ အပေါ်ထပ်က အခန်းလွတ်တခုမှာ နေရာချပေးတယ်။ထူးဆန်းတာက အဆောင်ပိုင်ရှင် အဖွားကြီးကလွဲလို့ မည်သူတဦးတယောက်မျှ မတွေ့ရတာပဲ။

ကျမတို့အဆောင်က ရပ်ကွက်အစွန်ဆုံးက အိမ်ခြေမရှိပဲ သီးခြားအဆောက်အဦးတခုလို့ပြောရမှာပဲ။အရမ်းတိတ်ဆိတ်ပီး အထီးကျန်ဆန်နေသလိုပါပဲ။အဆောင်က ဈေးလဲသက်သာနေတာနဲ့ပဲ ကျမ နေဖို့ဆုံးဖြတ်ခဲ့တယ်လေ။ အဆောင်ကို စရောက်ရောက်ချင်း အခန်းသန့်ရှင်းရေးလုပ်နဲ့တနေ့တာ ဘာမှန်းမသိ ကုန်ဆုံးသွားတယ်။ အဆောင်မှာ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရတဲ့ဖြစ်ရပ်မှန်တခုပါ။

-ကျမတယောက်တည်း အဆောင်မှာ ပျင်းနေတာနဲ့ပဲ ညစာ စားပီး TVကြည့်မယ်ပေါ့။အာ့နဲ့မနက်က ဈေးထဲဝင်တုန်းလေး သရဲကားအခွေသစ်လေး ဝယ်လာတယ်လေ။ ဒါနဲ့ပြောရအုံးမယ်။ကျမက သရဲကားတွေ သရဲဝတ္ထုတွေဆို စွန်းကြိုက်တာ လေ။ သရဲကားကြည့်ပီဆိုရင်လဲ အဲ့ကားထဲက ဖြစ်ပျက်သမျှ အပြင်မှာဖြစ်နေသလိုကို ခံစားပြစ်တာ။”ဖြုန်း—“ခနဲဆို ဟဲဟဲ အပြင်ကနေ “အမလေး—“ဆိုပီး feelingအပြည့် လိုက်အော်ပြစ်တာလေ။ သရဲကားကြည့်ပီးပီဆိုရင်လဲ အတော်နဲ့ ကြောက် စိတ် ပြေ တာ မဟုတ်ဘူးလေ။အဲ့အချိန် ရေဆာနေရင်တောင် ထ မသောက်ရဲဘူး။အသေကြောက်တတ်တာ။ရေထဲကမြန်း သရဲထွက်လာမလားဒါမှမဟုတ် အနောက်ကမြန်း ရုတ်တရက်ဆိုသလို တယောက်ယောက် ကမြန်း လှမ်းပုတ်လိုက်မလား လို့ တွေးတွေးပီးကို ကြောက်ပြစ်တာလေ။

-ဒါနဲ့ သရဲကားလဲပီးရော တိုင်ကပ်နာရီကို ကြည့်လိုက်တော့ ည၁၀နာရီထိုးနေပါပီ။ တယောက်တည်း ပျင်းပျင်းနဲ့အိပ်တော့ မယ် ဆိုပီး တံခါးတွေအကုန်လိုက်ပိတ်လိုက်တယ်။ —ဒေါက်-ဒေါက်-ဒေါက်– ဟင် တံခါးခေါက်သံပါလား— မဟုတ်မှ လွဲရော အဆောင်ရှင် အဖွားကြီးလားလို့ထင်မိတာပေါ့။ ခုနက ကြည့်ထားတဲ့သရဲကားကလဲ ကြမ်းချက်ပဲလေ ခုထိကို အကြောက်မပြေသေးတော့ စိတ်ထဲမှာ ဘာရယ်တော့မဟုတ်ဘူး ခပ်လန့်လန့်ပဲ။ ဖြစ်ချင်တော့ မီးက ရုတ်တရက် ပျက်သွား တယ်လေ။

မီးကလဲပျက် လဆုတ်ရက်တွေဆိုတော့ မှောင်မဲတူးနေတာပဲ။ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်လွန်းနေတာရယ် သရဲကား ကြည့်ထားတဲ့အရှိန်လေးရယ် ဟီး–ကြောက်တာပေါ့။ကျမလဲလန့်လန့်နဲ့ပဲ အခန်းတံခါးသွားအဖွင့်-ရုတ်တရက်– “ခွပ်–” “အား—” ကျမ ခြေထောက်ပေါ် နံရံက ပျဉ်ဘားတန်းပေါ်က Lotionဗူး ပြုတ်ကျပီး ခြေထောက်ပေါ် လာကျတာလေ။ ရင်တွေတောင် တုန်သွားတာပဲ။ တံခါးခေါက်သံကလဲ အဆတ်မပျက်ပဲကြားနေရတယ်။ တံခါးဖွင့်ကြည့် တော့ ဘာမှ မတွေ့ရဘူး။

အာ့နဲ့ပဲ ကျမလဲ အိပ်ဖို့ခြင်ထောင်ထောင်လိုက်တယ်မိုးရာသီဆိုတော့ ခြင်တွေ အရမ်းကိုက်တယ်လေ။ ခြင်ထောင် သာ မထောင်ဘူးဆိုရင် ကျမအဖွားပြောပြောနေကျစကားတခွန်းရှိတယ်။ “ငါ့မြေး ညည်းခြင်ထောင်ထောင်ပီး မအိပ်ရင် ခြင်က ချီသွားအုံးမယ်တဲ့” ခြင်ချီတော့ မခံနိုင်ဘူးလေ ဟဲဟဲ။ ဒါနဲ့အိပ်မယ်ကြံတုန်းပဲရှိသေးတယ်။ “အား—-ဗိုက်နာလိုက်တာ—-။ဗိုက်အရမ်းအောင့်နေတာနဲ့အောက်ထပ် ခြံထောင့်မှာ ရှိတဲ့အိမ်သာကို ကြောက်ကြောက်နဲ့ပဲ သွားလိုက်ပါတယ်။

အိမ်သာတံခါးက ဘာလို့ဖွင့်မထားတာလဲ ဘာလို့ပိတ်နေပါလိမ့်လို့တွေးရင်း တံခါးကို သွားအဖွင့် လုံးဝဖွင့်မရဘူး။ သော့လဲ မခတ်ထားပဲ ဖွင့်မရတာနဲ့ အိမ်သာထဲမဝင်တော့ပဲ ပြန်အလှည့် “ဒုန်း –ဒုန်း-ဒုန်း”အိမ်သာတံခါးက ဖွင့်လိုက်ပိတ်လိုက်နဲ့ တယောက်ယောက် လုပ်နေသလိုပဲ လေလဲမတိုက်ပဲနဲ့အဲ့အချိန် ရုတ်တရက် မိုးကရွာချပါလေရော။ ကျမလဲ သေချာပီ ဒါသရဲခြောက်ခံရတာဆိုပီး အပေါ်ထပ်ပြေးအတက် အပေါ်ထပ် လှေကားထစ်ကို တက်မယ်အလုပ် အနောက်ဘက်ကနေ တယောက်ယောက် လှမ်းဆွဲထားသလို ခံလိုက်ရတယ်။ ရုတ်တရက် ထ အော်ပြစ်တယ်။ “အမေရေ့ ကယ်ပါအုံး—-” “ဟဲ့—မြေး အဖွား(အဆောင်ရှင်)ပါကွဲ့” “ဘာတွေလန့်နေတာတုန်း” “ဟို–ဟိုလေ–ဘာမှဟုတ်တော့ပါဘူး” “ညည့်နက် နေပီ အိပ်တော့တဲ့” ကျမလဲ အိပ်ခန်းထဲရောက်ရော အလန့်က မပြေသေးဘူးလေ။

ဒါနဲ့ပဲ ဘာလုပ်ရင်ကောင်းမလဲဆိုပီး စဉ်းစားတော့ ကျမအချစ်ဆုံးသယ်ရင်းကြီ်း “ဖြူဇင်”ဆီ Phဆက်မယ်အလုပ်—“ဝုန်း—-“လေပြင်းတချက်တိုက်ခတ်လိုက်တာကြောင့် ပြတင်းတံခါးရိုက်ခတ်တဲ့အသံပါ။ လန့်သွားတာပေါ့။ အမ်းဒါနဲ့ Phက မဝင်ပဲ ကြားလိုက်ရတဲ့အသံက စိတ်ထဲအလိုမကျ။ “လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်” အရေးနဲ့ အကြောင်းဆိုရင် သေလောက်ပီ။ အရေးထဲ စက်ကပိတ်ထားသေးတယ်ဟင့်။ ဒါနဲ့ပဲ ကျမ နောက်ထပ်Ph no တခုကို ခေါ်လိုက်မိတယ်။

“သူကတော့ ကျမ အရမ်းချစ်ရတဲ့ ကျမချစ်သူမောင်ပါ” -“ဟာ Phက ဝင်သွားပီလေ ကျမ ကြောက်စိတ်အနည်းငယ်ပြေ သွားတာပေါ့။ ညည့်နက်နေပီဆိုပေမဲ့ နိုးလောက်တယ် ထင်တာလေ။ Ph ဝင်လို့ပျော်မယ်ရှိသေး ကိုယ်တော်ချောက Ph မကိုင်ပါဘူး။ “ဘယ်နှစ်ခါခေါ်ခေါ် သတ်မှတ်ချိန်နဲ့ပဲတိုးနေတာ” အာ့နဲ့စိတ်တိုတာပေါ့။ “အကောင်စုတ် အရေးနဲ့အကြောင်း ဆို သုံးစားကိုမရဘူး သေနေတာမနိုးဘူး အပီးအိပ်နေတာနေမှာ ဟွန်း” ကျမ Phမကိုင်တဲ့မောင့်ကို မေတ္တာပို့ပြစ်တာ။

ည၃နာရီထိုးနေပီ ခုထိမအိပ်ရသေးဘူးမိုးမြန်မြန်လင်းပါစေဆုတောင်းရင်း ဘုရားကိုအာရုံပြုလိုက်ရတယ်။ တယောက် တည်း မို့ အခြောက်ခံရတာလား ဝေခွဲမရ။မိုးကလဲ ရွာနေတော့ ပြတင်းပေါက်တံခါးကို ပိတ်ဖို့ ကျမ သတိဝင်လာတာနဲ့ထ အပိတ် ရုတ်တရက် ခြံထဲကို တချက်ကြည့်လိုက်မိတယ်။ မှောင်ကလဲမှောင် တိတ်ဆိတ်နေတော့ နည်းနည်းစိတ်ထဲ ခပ်လန့်လန့်ပေါ့။ ခြံထောင့်က သရက်ပင်နားမှာ မြင်လိုက်ရတာက ကျမအတွက် ဒုတိယ စိတ်ခြောက်ရှားဖွယ်မြင်ကွင်းတခု ။တကိုယ်လုံးဖြူစွတ်ပီး မိုးရေထဲမှာရွှဲနစ်နေတဲ့မိန်းကလေးတယောက်။

သူ့ပုံစံကလဲ သရဲကားတွေထဲကလို ဖြူဖတ်ဖြူရော် အဖြူရောင် ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားတယ်။ဆံနွယ်တွေကလဲ လွင့်ပျံနေတဲ့အလား။ကျမကို ထိုသရဲမက ခြံထဲကနေ လက်ညိုးထိုးပီး လက်ရပ်ခေါ်နေတဲ့အလား။ – ကျမကို စိုက်ကြည့် နေတဲ့သူ့အကြည့်က မလိုလားတဲ့ပုံ။ချွေးတွေကလဲ တကိုယ်လုံးရွှဲနေပီးသေချင်စိတ်ပါပေါက်သွားတယ်ခုနေများ ငါ့အခန်းထဲ ထိဝင်ပီး လည်ပင်းလာညစ်ရင် သေမှာပဲလို့ ကျမ ဆက်မတွေးရဲတော့ပါ။ကျမ ဘာလုပ်ရမလဲ မတွေးတတ်တော့။ တံခါး မြန်မြန်ပိတ်ပီး ရသမျှဘုရားစာကို ရွတ်နေလိုက်မိတယ်။ကျမ တွေးမိတယ်နောက်ညတွေလဲ ခုလိုတွေသာ အခြောက်ခံနေရ မယ်ဆိုရင် စိတ်ဝေဒနာရောဂါရသွားနိုင်တယ်။ မနက်မိုးလင်းတာနဲ့ အဆောင်ပြောင်းဖို့ စီစဉ်ရပါတော့တယ်။

မှတ်ချက် -(ကျမတက္ကသိုယ်ပထမနှစ်က အဆောင်မှာကိုယ်တွေ့ သရဲခြောက်ခံရတဲ့ အကြောင်းအရာတချို့ပါ။ ဆက်လက် ကြိုးစားပါအုံးမည်)

Facebook Comments