UNICODE
FA ဂေါ်မစွံတွေအတွက် Secret Crushes အသစ်ထည့်ပေးလိုက်တဲ့ Facebook
FA ဂေါ်မစွံတွေအတွက် Secret Crushes အသစ်ထည့်ပေးလိုက်တဲ့ Facebook
ချိန်လိုက်တိုင်းပါသွားတဲ့ ချိန်ပါတွေနဲ့ ဘယ်တော့မှကိုယ်ချစ်တဲ့သူကကိုယ့်ပြန်ကြိုက်ခြင်းမခံရတဲ့ ရတာမလိုလိုတာမရတွေနဲ့ တစ်သက်လုံး ရည်းစားမရမယ့် FA တွေကို facebook ကြီးကတောင်သနားလာပါပြီ။ သနားပြီးတော့ အခုနောက်ဆုံး version မှာ ကိုယ့်အနီးပတ်ဝန်းကျင်ကလူတွေကိုယ်တိတ်တိတ်လေးကြိတ်ပြီးကြွေရတဲ့လူတွေနဲ့ ချစ်ကြိုက်ပြီး ဖူးစာဆုံစေနိုင်မယ့် feature တစ်မျိုးထည့်ပေးလိုက်ပါပြီ။ Facebook ဟာ Dating Feature ကို အရင်ကတည်းကလည်း ထည့်သွင်းခဲ့ဖူးသလို အဲဒီ feature ကို လူသန်းပေါင်းများစွာက အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့်
ကွာခြားတာတစ်ခုက Dating Feature ဟာ ကိုယ့် account မှာ friend မဖြစ်တဲ့လူတွေနဲ့ပဲ ချိတ်ဆက်ပေးမှာဖြစ်ပြီး Secret Crush ကတော့ ကိုယ့် friend တွေထဲက ကိုယ်ကြိုက်နေတဲ့သူတွေကို ကိုယ့် secret crush list ထဲကိုထည့်လိုက်ရမှာဖြစ်ပါတယ်။
ကိုယ့်ကို ကိုယ်ကြိုက်နေတဲ့လူက secret crush list ထဲပြန်ထည့်ထားမယ်ဆိုရင်တော့ facebook က အချင်းချင်းစိတ်ဝင်စားနေမှန်းအသိပေးတဲ့ notification ပို့ပေးမှာဖြစ်ပြီး secret crush chat ထဲမှာစပြီးစကားပြောလို့ရပါပြီ။ အဲဒါရဲ့လုပ်ဆောင်ပုံက နာမည်ကြီး dating app Tinder လိုပဲဖြစ်ပြီး Tinder မှာတော့ သူစိမ်းတွေနဲ့ တွေ့ရမှာပေမယ့် facebook မှာတော့ ကိုယ်အကြောင်းသိပြီးသားလူတွေနဲ့ဖြစ်လို့ ချစ်သူတစ်ယောက်မြန်ဆန်စွာရရှိစေမှာဖြစ်ပါတယ်။
ရည်းစားတစ်ယောက်ရဖို့ မနည်းလုံးပမ်းနေရသူတွေနဲ့ FA တွေ၊ player တွေကတော့ ဒီ feature ကို အမျှော်လင့်ကြီးမျှော်လင့်နေကြပါပြီ။ ဒါပေမယ့် အဲဒီ feature က အခုလက်ရှိ ကမ္ဘာပေါ်က နိုင်ငံပေါင်း 18 နိုင်ငံမှာပဲအသုံးပြုလို့ရသေးတယ်လို့သိရပါတယ်။ အဲဒီနိုင်ငံတွေကတော့ အာရှနဲ့ ဥရောပအချို့သောနိုင်ငံတွေဖြစ်ပြီး UK နဲ့ US မှာတော့မရသေးဘူးလို့သိရပါတယ်။
ှSecret Crush feature အတွက်ရင်ခုန်နေကြတဲ့လူတွေများပြားသလို ဒီ feature ကိုသဘောမတွေ့တဲ့လူတွေလည်းရှိနေပါတယ်။ အကြောင်းကတော့ အဲဒီ feature ကြောင့် ကိုယ့်ချစ်သူကိုဆုံးရှုံးလိုက်ရမှာစိုးတဲ့လူတွေပါ။ ဒီ feature ဟာ ကိုယ်တစ်ယောက်တည်းပဲမြင်ရတာဖြစ်သလို လျို့ဝှက်ချက်တစ်ခုအနေနဲ့ facebook က ထိန်းသိမ်းပေးထားမှာဖြစ်လေတော့ ရည်းစားရှိပြီးသားသူတွေက ဒီထဲမှာရှုပ်ချင်တယ်ဆို ရှု့ပ်လို့ရတဲ့အနေအထားပါ။ ဒါ့အပြင် facebook ဟာ ပြီးခဲ့တဲ့နှစ်တွေမှာကတည်းက privacy ချိုးဖောက်မှု၊အချက်အလက်တွေအလွဲသုံးစားလုပ်မှုနဲ့ နာမည်ကြီးထားတာဖြစ်တော့ ကိုယ့်ဘဝရဲ့အရေးကြီးတဲ့လျို့ဝှက်ချက်ကို facebook နဲ့မျှဝေဖို့ဆိုတာ စိတ်ချရခြင်းမရှိကြောင်း ဝေဖန်ပြောဆိုနေကြသူတွေလည်းရှိနေပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကိုယ့်အသိတွေထဲမှာ ကိုယ်တိတ်တိတ်လေးကြိတ်ပြီးကြိုက်နေရသူတွေရှိလား။ Secret Crush feature ရလာရင် အသုံးပြုကြမှာလား။ပြောခဲ့ကြပါဦး။
Facebook Comments