“ဂိမ်းအရမ်းစွဲနေတဲ့သားက မိဘနှစ်ပါးကို အဆိပ်ခတ်သတ်ဖို့ကြံစည်”

“ဂိမ်းအရမ်းစွဲနေတဲ့သားက မိဘနှစ်ပါးကို အဆိပ်ခတ်သတ်ဖို့ကြံစည်”

အသက်(၃၁)နှစ်အရွယ် Sak Duanjan အမည်ရ အမျိုးသားဟာ ဂိမ်းကို အလွန်စွဲလမ်းနေပြီး၊ မိဘတွေ မခံသာအောင် ညဥ့်နက်သန်းခေါင်ထိ ဆော့လေ့ရှိပါတယ်။ တစ်ရက်မှာတော့ သူဟာ အရက်တွေ အလွန်အကျွံသောက်လာပြီး၊ အသံကိုလည်း အကျယ်ကြီးဖွင့်ကာ-

အ်ာကြီးဟယ်ကျယ် ဆဲဆို ဆော့ကစားနေရာ သူရဲ့ ပထွေးဖြစ်သူက ဘေးအိမ်တွေကိုလည်း အားနာဖို့အကြောင်း၊ အိပ်ချိန်ရောက်ပြီဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။ ဒါကို Sak က နာခံခြင်းမရှိဘဲ ဂိမ်းကို သည်းကြီးမဲကြီး ဆက်ဆော့နေလို့၊ ပထွေးဖြစ်သူက Wi-Fi ပလက်ပေါက်ကို ဆွဲဖြုတ်ခဲ့ရာက ပြဿနာ စပါတော့တယ်။

Ski ဟာ ပထွေးဖြစ်သူကို ထိုးကြိတ်တိုက်ခိုက်ပြီး အိမ်နံရံတွေကိုလည်း ရိုက်ဖြိုပစ်ခဲ့ကြောင်း သိရပါတယ်။ ပထွေးရဲ့အမည်ကတော့ Chakri Khamruang ဖြစ်ပြီး အသက်(၅၀)နှစ်ပါ။ Chakri ကလည်း Sak ကို တစ်ပြန်ထိုးကြိတ်ခဲ့တာကြောင့် ဘေးအိမ်တွေလည်း နိုးလာကြပါတယ်။

Ski ကို ပြန်ဖြေပြီး အိပ်ခိုင်းလိုက်ရာ ပြဿနာ အေးသွားပါတယ်။ ဒါပေမယ့် နောက်ရက်မနက်မှာ မိခင် Suban Duanjan (၅၁)နှစ်က ထမင်းချက်ဖို့အတွက် ခြံထဲက ရေစည်ရှိရာကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာပဲ ရေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးပုလင်းကို ပေါလောပေါ်နေတာ တွေ့ခဲ့ရပါတယ်။

တကယ်တော့ ရေတွင်းထဲကရေကို Ski က ပိုးသတ်ဆေးတွေ ထည့်ပြီး၊ မိဘနှစ်ပါးကို သေကြောင်းကြံစည်ခဲ့တာပါ။ မိခင်ဖြစ်သူက မသင်္ကာလို့ ရေတွေကို ခပ်ပြီး အနံ့ခံကြည့်ချိန်မှာတော့ ပိုးသတ်ဆေးနံ့တွေ ထောင်းလမောင်းထနေတယ်လို့ ပြောပါတယ်။

Ski ကလည်း အပြစ်ကို ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် မိဘတွေကတော့ သူ့ကို စိတ်ကျန်းမာရေးဆေးရုံ ပို့ဖို့ ရဲလက်ကို အပ်ထားပါတယ်တဲ့။ မဟုတ်ရင် ပတ်ဝန်းကျင်မှာ သူ့သား Ski က ပိုပြီး အန္တရာယ်ရှိလာနိုင်လို့ပါ။ မီးဆိုတာ မလောင်ခင်က တားရမှာ ဖြစ်ပါတယ်။

Facebook Comments