ဆိုဆုံးမတဲ့ဆရာမကို မခိုးမခံ့နဲ့ပါးပြန်ရိုက်တဲ့ကျောင်းသူ(ရုပ်/သံ)

ဆိုဆုံးမတဲ့ဆရာမကို မခိုးမခံ့နဲ့ပါးပြန်ရိုက်တဲ့ကျောင်းသူ(ရုပ်/သံ)

တရုတ်နိုင်ငံရဲ့ စာသင်ကျောင်းတစ်ခုမှာ ဆရာမနဲ့ ကျောင်းသူတစ်ဦးတို့ အတန်းထဲတွင် အခြားကျောင်းသားများရှေ့၌ အပြန်လှန်ပါးရိုက်ကာ ပြဿနာဖြစ်ခဲ့ကြသည့် ဗီဒီယို တရုပ်လူမှုကွန်ယက်အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် ကျောင်းသူဖြစ်သူအား ဝိုင်းဝန်းပြစ်တင်ဝေဖန်ခဲ့ ကြပါတယ် …။

ဗီဒီယိုပါ ပုံရိပ်များအရ ဆရာမက ကျောင်းသူတစ်ဦးကို ရိုင်းဆိုင်တဲ့ အမူအကျင့်တွေကြောင့် ဆိုဆုံးမနေစဉ် ကျောင်းသူက လုံးဝအရေးမစိုက်သည့် ဟန်ဖြင့် တုံ့ပြတ်ပြုမူခဲ့သဖြင့် ဆရာမဖြစ်သူမှ ငါရိုက်မိတော့မယ်လို့ ကြိမ်းမောင်းစဉ် ….

ကျောင်းသူက ဝုန်းကနဲ မတ်တပ်ထရပ်ကာ မျက်နှာကို စောင်းပေးရင်း ရိုက်ရဲရင် ရိုက်ကြည့်၊ ငါ့အသားကို ထိရဲရင်ထိကြည့် ငါ့မှာလည်း လက်ပါတယ်ဟု တစ်ခွန်းမခံ ပြုမူပြောဆိုခဲ့သဖြင့် သည်းမခံနိုင်သည့်အဆုံး

ဆရာမကပါးရိုက်လိုက်တဲ့အချိန်မှာ ကျောင်းသူကလဲ ပြန်ရိုက်နဲ့….ဘာတွေ ဆက်ဖြစ်ကြတယ်ဆိုတာ ဗီဒီယိုမှာ ကိုယ်တိုင်သာ ဆက်လက်ကြည့်ရှု့လိုက်ပါနော် …. ။ ။

video ဖိုင်ကြည့်ရန်

Facebook Comments