ဗိုက်အဆီတွေကို အရည်ပျော်သွားသလို ချက်ချင်း ကျစေမယ့် ၅ မိနစ် လေ့ကျင့်ခန်းလေးများ

ဗိုက်အဆီတွေကို အရည်ပျော်သွားသလို ချက်ချင်း ကျစေမယ့် ၅ မိနစ် လေ့ကျင့်ခန်းလေးများ

တနေ့တခြား ဗိုက်က ပူပူလာပြီး အဝတ်အစား ဝတ်ခါနီးတိုင်း စိတ်ညစ်နေရ ပါသလား။ ဒါဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေး တွေက ပျိုမေတို့အတွက် အရမ်းကို အကျိုးရှိမှာပါ။ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေကို ၅ မိနစ်စီ အချိန်ပေးပြီး လုပ်ပေး လိုက်ပါ။ ၂ ပတ် အတွင်း သိသာတဲ့ ရလဒ်ကို တွေ့မြင်ရမှာပါ။

လေ့ကျင့်ခန်း (၁)

ပုံမှာပြထားတဲ့ ကိုယ်နေဟန်ထား အတိုင်း နေရာယူ လိုက်ပါ။ ပြီးရင်တော့ ဘယ်လက်နဲ့ ညာခြေထောက်၊ ညာလက်နဲ့ ဘယ်ခြေထောက် တစ်လှည့်စီ မြှောက်ပေးရမှာ ဖြစ်ပါတ ယ်။ တခါမြှောက် ပေးရင် ၁၀ စက္ကန့်စီ နဲ့ တစ်ဖက်ကို ၃ ခါစီ ကျော့ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

ဒါကတော့ အားလုံးသိတဲ့ လွယ်ကူတဲ့ လေ့ကျင့်ခန်း လေးပါ။ လက်နှစ်ဖက်ကို ခေါင်းအနောက်မှာ ကပ်ပေးရ ပါမယ်။ ဘယ်ဘက်ဒူးနဲ့ ညာတံတောင်၊ ညာဘက်ဒူးနဲ့ ဘယ်တံတောင်ကို တစ်လှည့်စီ ထိပေးရပါမယ်။ အခါ ၂၀ နဲ့ ၃ ခါ ကျော့ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

ပုံမှာ ပြထားတဲ့ ကိုယ်နေဟန်ထား အတိုင်း ကြမ်းပြင်မှာ နေရာယူလိုက်ပါ။ ပြီးရင်တော့ ဒူးနှစ်ဖက်ကို တလှည့်စီ ကွေးလိုက်၊ ဆန့်လိုက် ခပ်မြန်မြန် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အခါ ၂၀ နဲ့ ၃ ခေါက်ကျော့ပေး လိုက်ပါ။

လေ့ကျင့်ခန်း (၄)

ကြမ်းပြင်မှာ အိပ်ပြီး ဒူးကွေးထား လိုက်ပါ။ ပြီးရင်တော့ ဗိုက်ကို အားပြုပြီး တင်ပါးကို မြှောက်လိုက်၊ ချလိုက် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အခါ ၃၀ နဲ့ ၃ ခေါက် ကျော့ပေး လိုက်ပါ။

လေ့ကျင့်ခန်း (၅)

ကြမ်းပြင်မှာ ခန္ဓာကိုယ်ကို တဖြောင့်တည်း ထားပြီး အိပ်လိုက်ပါ။ ပြီးရင်တော့ ခြေထေက် တဖက်ကို တလှည်စီ မြှောက်လိုက်၊ ချလိုက် ပြုလုပ်ပေးရ ပါမယ်။ အခါ ၃၀ နဲ့ ၃ ခေါက် ကျော့ရမှာ ဖြစ်ပါတယ်။

Facebook Comments