၇ရက်သားသမီးများအတွက် တစ်ပတ်စာ ဟောစာတမ်း …..

၇ရက်သားသမီးများအတွက် တစ်ပတ်စာ ဟောစာတမ်း …..

တနင်္ဂနွေ …

ဒီကာလအတွင်းမိမိအတွက် အရာရာတိုင်းကို လက်လျောညီထွေနေထိုင်တတ်ဖို့လိုပါတယ်။ သူများတွေက မိမိကိုတိုက်ခိုက်တာမျိုးတွေ၊ မိမိကိုမခံချင်အောင်ပြောတာမျိုးတွေကြုံနေရတတ်ပါတယ်။

သည်းခံစိတ်မွေးပါ။ အထက်လူကြီးရဲ့ဖိအားပေးတာမျိုးတွေခံရတတ်ပါတယ်။ အပေါင်းအသင်းတွေနဲ့အချိန်ကုန်မနေပါနဲ့။ တကယ်လို အပ်မှမိတ်ဆွေတွေနဲ့ဆုံတွေ့ပါ။ မိတ်ဆွေကောင်းထက်

မိမိကိုဖျက်ဆီးမဲ့မိတ်ဆွေတုတွေပေါများနေတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားများလက်ရှိလည်ပတ်နေတဲ့အတိုင်းဆောင်ရွက်ပါ။ ထပ်ချဲ့တာ၊အပြောင်းအလဲလုပ်တာမျိုးတွေကို တော့ဒီကာလမှာရှောင်စေချင်ပါတယ်။

ကိုယ်ဒူးကိုယ်ချွန်ကြိုးစားလုပ်ကိုင်နေရတတ်ပါတယ်။ သူများကိုမှီခိုလိုစိတ် ကိုတော့ တတ်နိုင်သလောက်လျှော့လိုက်ပါ။ ကျန်းမာရေးကတော့ ဒီကာလဟာ မဖြစ်ရင်လဲဘယ်လိုနေနေ၊ဘယ် လိုစားစားဘာမှမဖြစ်ပါဘူး။

ဖြစ်လိုက်ရင်လဲ အသည်းအသန်ဆိုတာမျိုးကြုံရတတ်ပါတယ်။ အစွန်းနှစ်ဖက်သဘော မျိုးကြုံရတတ်ပါတယ်။ အချစ်ရေးမှာတော့ချစ်ရသူနဲ့ အုပ်ထိန်းသူတစ်ဦးဦးရဲ့ပယောဂကြောင့်အဆင်မပြေဖြစ်ရ တတ်ပါတယ်။ အိမ်ထောင်ရေးအဆင်ပြေသာယာနိုင်ပါတယ်။ ပညာရေးအားနည်းနေချိန်မို့သေချာကြိုးစားပါ။

အကျိုးပေးဂဏန်း 3/5/9

အထူးဟော ကံအနည်းငယ်အားလျော့နေမည်။

ယတြာ အိမ်မှာအမှိုက်တွေ၊စားကြွင်းစားကျန်တွေ၊ ပစ္စည်းအဟောင်းအစုတ်တွေသေချာသန့်ရှင်းရေးလုပ်ပါ။

တနင်္လာ …

ဒီကာလဟာ မိမိအတွက်ကြုံစည်ထားသမျှပျက်ယွင်းရတတ်ပါတယ်။ ဒါကြောင့်ကြိုတင်ကြံစည်ပြီးမလုပ်ဘဲ ဖြစ်ပေါ်လာတဲ့အနေအထားကိုသုံးသပ်ပြီး လုပ်ကိုင်သွားစေချင်ပါတယ်။ အဝေးသွားမည့်သူများ၊နိုင်ငံခြားထွက်မဲ့

သူများကတော့ အဘက်ဘက်ကခရီးလမ်းအဆင်ပြေချောမွေ့ပါလိမ့်မယ်။ ၀ိသမလောဘနဲ့စီးပွားရှာလို့မသင့်ပါဘူး။ ကိုယ်ကျိုးကြည့်ပြီးသူတစ်ပါး ဒုက္ခရောက်မဲ့အလုပ်တွေလုပ်မိရင် အချိန်မဆိုင်းဘဲ မိမိလဲချက်ချင်းဒုက္ခရောက်လွယ်

တဲ့ကာလမို့ပါပဲ။ လိုအပ်နေတဲ့ငွေကြေးတွေကိုအကူအညီတောင်းလို့မရဖြစ်တတ်ပါတယ်။လာဘ်စားခြင်း၊အောက် ဆိုက် ရှာခြင်းမျိုးတွေကို ဒီကာလမှာအထူးရှောင်စေချင်ပါတယ်။

အလုပ်နဲ့ပက်သက်ပြီး နီးနီးနားနားမှာအကျိုးစီးပွား ရှာလို့မရတတ်ပါ။ အဝေးကအလုပ်များ၊ အွန်လိုင်းစီးပွားများ၊ကုန်သွယ်အလုပ်များမှအကျိုးအမြတ်ပိုရတတ်ပါတယ်။ ကျန်းမာရေးကတော့ ခန္ဓာကိုယ်ကို

အလွန်ပင်ပန်းစေမဲ့အလုပ်တွေရှောင်လိုက်ပါ။ လုပ်မိရင်ဖျားနာတတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာလဲ မိမိကိုယ်တိုင်ကချစ်သူအပေါ်အချစ်လျော့နေတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ နွေး ထွေးကြင်နာမှုတွေသိပ်မရှိတဲ့ကာလလို့ပဲမြင်ပါတယ်။ ပညာရေးကတော့ အထူးအားကောင်းတယ်ဗျ။

အကျိုးပေးဂဏန်း 4/8/6

အထူးဟော ကံသင့်ပါတယ်။

ယတြာ စိတ်တူသဘောတူရှိတဲ့မိတ်ဆွေတစ်ဦးကို သူစားချင်တာလိုက်ဝယ်ကျွေးလိုက်ပါ။

အင်္ဂါ …

မိမိအတွက်ကတော့ ဒီကာလတွေဟာ စီးပွားရေးနယ်ပယ်၊ပေါင်းသင်းဆက်ဆံရေးနယ်ပယ်တွေမှာ အထူး ကံကောင်းအဆင်ပြေနေတတ်ပါတယ်။ အလုပ်တွေကအလွန်ပဲကောင်းနေတတ်ပါတယ်။

လုပ်သမျှအဆင်ပြေခြင်း၊ ကြံစည်သမျှအောင်မြင်ခြင်းတွေကိုအထူးပဲကြုံနေရတတ်ပါတယ်။ လိုတာထက်ပိုပြီးတော့ကြိုးစားခဲ့သူများ၊ပေးဆပ် ခဲ့သူများ အထူးကောင်းကျိုးတွေခံစားရတတ်ပါတယ်။

မိတ်ဆွေသစ်တွေရလာတတ်ပါတယ်။ မိမိလိုအပ်နေတဲ့ ကိစ္စ လေးတွေကို မိတ်ဆွေတွေကဖြည့်ဆည်းပေးပါလိမ့်မယ်။ ၀န်ထမ်းတွေ၊အောက်လက်ငယ်သားတွေကိုကောင်းစွာ စီမံအုပ်ချုပ်နိုင်ပါလိမ့်မယ်။

အခွင့်အရေးတွေပေါ်လာနိုင်သလို မိမိကိုလက်တွဲလုပ်ဖို့ကမ်းလှမ်းတာမျိုးတွေကိုလဲ အထူးကြုံနေရတတ်ပါတယ်။ မည်သည်ခရီးမဆို၊ဘာကိစ္စကြောင့်ပဲဖြစ်ဖြစ် ခရီးကိစ္စတွေအဆင်ပြေတတ်ပါတယ်။

ကုန်သည်များအမြတ်အစွန်းများနိုင်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ ရောဂါအနေနဲ့ သိပ်ဖြစ်တာမတွေ့ ရပါဘူး။ ဒါပေမဲ့ အလေးအပင်မပြီး ခါးနာသွားတတ်ပါတယ်။

အချစ်ရေးမှာတော့ ချစ်သူနဲ့ကတောက်ကဆအလွန် မှဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးအဆင်ပြေပါလိမ့်မယ်။ ပညာရေးမှာတော့ အလွန်ပဲကံမြင့်နေတာတွေ့ရပါ တယ်။

အကျိုးပေးဂဏန်း 3/5/0

အထူးဟော အလုပ်တွေတိုးတတ်နိုင်ပါတယ်။

ယတြာ နှင်းဆီပန်းဘုရားကပ်လှူဆုတောင်းပါ။

ဗုဒ္ဓဟူး/ရာဟု …

တစ်ခုခုလုပ်မယ်လို့စဉ်းစားတိုင်း တိုင်ပင်ပြီးမှလုပ်စေချင်ပါတယ်။ မိမိအတွေးအခေါ်တွေ၊ မိမိစိတ်ကူးတွေ ကလက်တွေ့မှာအသုံးမတည့်တဲ့အနေအထားမျိုးဖြစ်နေတတ်လို့ပါ။

ဝန်ထမ်းလခစားတွေဆိုရင် မိမိအတွက်အရေး ကြီးတဲ့အလုပ်ကိစ္စတွေဆိုရင် အထက်လူကြီးတင်ပြဆွေးနွေးသင့်ပါတယ်။ မိမိလုပ်ပိုင်ခွင့်ရှိပေမဲ့ မိမိဆုံးဖြတ်ချက်ကို ဦးစားမပေးသင့်ပါဘူး။

အိုးအိမ်ပြောင်းခြင်း၊ရုံးခန်းပြောင်းခြင်း၊နေရာအပြောင်းအရွှေ့လုပ်ခြင်းတွေကိုတော့ဒီကာလ မှာတတ်နိုင်သလောက်တော့ရှောင်စေချင်ပါတယ်။ အလှူအတန်းကိစ္စတွေမှာတော့ လုပ်မယ်လို့ရက်တွေရွေးပြီးမှ အကြောင်းတစ်ခုခုကြောင့်ရက်ရွှေ့ရတတ်ပါတယ်။

ကိုယ်ပိုင်စီးပွားများ ပုံမှန်အဆင်ပြေနေတတ်ပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့ငြိစွန်းနိုင်တဲ့ ကိစ္စတွေကိုလက်ရှောင်သင့်ပါတယ်။ လုပ်ငန်းကြီးများ ဆုံးဖြတ်ချက်အမှားတွေချမိတတ်ပါ တယ်။

တတ်သိနားလည်တဲ့ စီးပွားရေးအကြံပေးတွေကိုအကူအညီတောင်းသင့်ပါတယ်။ ကျန်းမာရေးကတော့ အညံ့မရှိသလောက်နည်းပါတယ်။ ပုံမှန်ဂရုစိုက်ပေးရင်ကိုရပါတယ်။

အချစ်ရေးကိစ္စတွေကိုတော့ ဒီကာလမှာကံ ကောင်းနေတတ်ပါတယ်။ ချစ်သူရဲ့ဖေးမကူညီမှုတွေရတတ်ပါတယ်။ အိမ်ထောင်ရေးကံမညံ့ပါ။ ပညာရေးညံ့မည်။

အကျိုးပေးဂဏန်း 1/4/6

အထူးဟော အရာရာရှေ့ထွက်မလုပ်မိပါစေနဲ့။

ယတြာ တရားခွေများ ဓမ္မဒါနအဖြစ် လှူဒါန်းပေးပါ။

ကြာသပတေး …

အလုပ်တွေကိုကြိုးစားလုပ်မှအဆင်ပြေပါလိမ့်မယ်။ တာဝန်ကြီးယူထားသူ၊ ရာထူးကြီးကြီးယူထားသူတွေ ပိုမိုအလုပ်ပိုစေပါလိမ့်မယ်။ ဒါကြောင့်အရေးကြီးတာတွေဦးစားပေးပါ။ မလိုအပ်ဘဲ အချိန်ကိုမဖြုန်းမိအောင်တော့ ဂရုစိုက်စေချင်ပါတယ်။

ငွေကြေးကိစ္စတွေမှာတော့ အထူးသတိထားရလိမ့်မယ်။ ရင်းနှီးမြုပ်နှံမှုတွေမှားတတ်ပါ တယ်။ငွေလိမ်ခံရတတ်ပါတယ်။ လုံးဝချေးငှားခြင်းကိစ္စတွေဒီကာလမှာမလုပ်ပါနဲ့။ မိမိကိုယ်တိုင်ကလဲ

တစ်ဦးတစ် ယောက်ဆီမှာငွေသွားချေးမိရင်ပြန်ဆပ်နိုင်ဖို့ခဲယဉ်းသွားတတ်ပါတယ်။ ၀န်ထမ်းများ အလုပ်ထဲမှာမပျော်တော့တဲ့ အထိအလုပ်များနိုင်ပါတယ်။

စိတ်ပင်ပန်းစရာ၊လူပင်ပန်းစရာတွေများပေမဲ့ မိမိအနေနဲ့တောင့်ခံထားနိုင်ဖို့လိုပါ တယ်။ ဆရာအလုပ်နဲ့အသက်မွေးသူများ အပြိုင်အဆိုင်အတိုက်အခိုက်ပေါပါလိမ့်မယ်။ အောင်မြင်အဆင်ပြေနေ သူဆိုသတိထားအတိုက်အခိုက်ပေါပါလိမ့်မယ်။

ကျန်းမာရေးဂရုစိုက်ပါ။ ဖျားနာရင် အဖျားရက်ရှည်သွားတတ်ပါ တယ်။ အချစ်ရေးမှာတော့ မိမိလိုချင်တဲ့ အဖြေကိုချစ်သူဆီကရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ သာယာ ပျော်ရွှင်စရာကောင်းပါတယ်။ ပညာရေးကတော့သင်တန်းပြောင်း၊ ကျောင်းပြောင်း၊ဆရာပြောင်းတာမျိုးတွေကြုံရပါ လိမ့်မယ်။

အကျိုးပေးဂဏန်း 0/2/7

အထူးဟော အနည်းငယ်ပင်ပန်းစရာတွေများလိမ့်မယ်။

ယတြာ မနက်ခင်းတွေမှာဘုရားရှင်ကို မှတ်မှတ်ရရ သောက်တော်ရေ မျက်နှာသစ်တော်ရေကပ်ပါ။

သောကြာ …

ဒီကာလအတွင်းမိမိအတွက် အဘက်ဘက်ကအဆင်ပြေမှုတွေအထင်အရှားတွေ့ရပါလိမ့်မယ်။ အလုပ်ခွင် အတွင်းကောင်းသောအကူအညီတွေကိုလဲရလာတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုအဆင်ပြေလာ နိုင်ပါလိမ့်မယ်။

သူများတွေအရောင်းပါးနေချိန်မှာမိမိအတွက်အဆင်ပြေရောင်းအားတတ်နေပါလိမ့်မယ်။ မိသားစု လုပ်ငန်းများ၊ အိမ်တွင်းစီးပွားရေးများကောင်းမွန်စွာတိုးတတ်နိုင်ပါတယ်။ ခရီးသွားပြီးလုပ်ကိုင်ဆောင်ရွက်ရတဲ့ စီးပွားရေးတွေကိုတော့

ဒီကာလမှာအမြတ်အစွန်းများတတ်ပါတယ်။ နည်းပညာနဲ့နွယ်သောအလုပ်များ၊ အိုင်တီနဲ့ ပက်သက်သောစီးပွားလုပ်ငန်းများ အလုပ်အပ်သူတွေပေါများတတ်ပါတယ်။

စကားပြောဆိုရာမှာ လိမ္မာပါးနပ်သူ တွေ၊ အဆဲအဆိုမပါဘဲပြောတတ်တဲ့သူတွေ အလုပ်ခွင်အတွင်းနေရာပေးခံရတတ်ပါတယ်။ ဘာသာရေးအလုပ်များ ကုသိုလ်ရေးအလုပ်များလဲ အားပါးတရလုပ်ခွင့်ရတတ်ပါတယ်။

ကျန်းမာရေးအတွက် စိတ်ပူစရာမလိုတဲ့ နေ့ရက် ပါပဲ။ အချစ်ရေးမှာလဲချစ်သူသစ်၊ရည်စားသစ်ရလွယ်ပါတယ်။ ဒါမှမဟုတ်ဝေးကွာနေတဲ့ချစ်သူတွေပြန်ဆုံရတတ်ပါ တယ်။ အိမ်ထောင်ရေးမှာတော့

မိမိကိုယ်တိုင်မလုပ်သင့်၊မဆုံးဖြတ်သင့်တာတွေဆုံးဖြတ်လုပ်ကိုင်နေမိတတ်ပါ တယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့လဲ ကြိုးစားသည်ထက်ပိုမိုထွန်းပေါက်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/3/6

အထူးဟော ကံမြင့်နေမည်

ယတြာ ပရိတ်ပဋ္ဌာန်းတွေများများရွတ်ပါ။

စနေ …

အလုပ်နဲ့ပက်သက်ပြီးတော့လဲ ဆက်စပ်တွေးယူလုပ်ကိုင်တတ်သူတွေကအောင်မြင်မှုပိုရတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးများ အထူးတိုးတတ်လာနိုင်ပါတယ်။ customer

တွေရဲ့ခံစားချက်ကိုနားလည်သဘောပေါက်သူ တွေကပိုမိုအဆင်ပြေအောင်မြင်တတ်ပါတယ်။ ဆရာသမားတွေ၊အထက်လူကြီးတွေကိုမိမိ နားမလည်တာတွေ မေးမြန်းသင်ပြခိုင်းလို့အထူးကောင်းပါတယ်။

အလုပ်နေရာပြောင်းလဲပြီးတာဝန်ထမ်းဆောင်ရတာမျိုးတွေ၊အလုပ် သစ်လုပ်ကိုင်ရတာမျိုးတွေလဲကြုံနေရတတ်ပါတယ်။ လိုအပ်နေတဲ့ ငွေကြေးဥစ္စာတွေကိုရှာဖွေနိုင်ပါလိမ့်မယ်။ လာဘ်ရွှင်နေတဲ့အတွက်ငွေဝင်တတ်ပါတယ်။

ထီကံစမ်းမယ်ဆိုရင်လဲ ဒီကာလတွေကအထူးကောင်းပါတယ်။ ထူး ခြားကောင်းမွန်တဲ့ စိတ်ကူးမျိုးအကြံအစည်မျိုးတွေရလာတတ်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီးတော့လဲ ပိုမိုကောင်း

မွန်တဲ့အခွင့်အလမ်းမျိုးတွေရလာတတ်ပါတယ်။ ကျန်းမာရေးအရမ်းညံ့နေတာတော့ မတွေ့ရပါဘူး။ နှာဈေး၊ချောင်း ဆိုးလောက်ပါပဲ။ အချစ်ရေးအထူးအဆင်ပြေပါလိမ့်မယ်။ပြတ်ဆဲထားတဲ့ချစ်သူတွေပြန်ဆုံခွင့်တွေရတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့အဆိုးအလွန်ကင်းနေတတ်ပါတယ်။ ပညာရေးကံအထူးကောင်းနေမည်။

အကျိုးပေးဂဏန်း 2/4/7

အထူးဟော စိတ်ချမ်းသာရမည်

ယတြာ ကြာဆံကြော်ဘုရားကပ်လှူဆုတောင်းပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

( 18.7.2019 မှ 24.7.2019 အထိ ) ၇ရက်သားသမီးများအတွက် တစ်ပတ်စာ ဟာစာတမ်း …..

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09 77 5555 695 / 09 44 5555 695

Facebook Comments