တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း 20.6.2019 မှ 26.6.2019 အထိ

တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း 20.6.2019 မှ 26.6.2019 အထိ

တနင်္ဂနွေ …

ဒီကာလအတွင်း လူအများကိုမိမိဆီပါလာအောင်စည်းရုံးသိမ်းသွင်းနိုင်မဲ့နေ့ရက်ပါပဲ။ ဆိုဆုံးမခက်နေတဲ့ သားသမီးတွေကို ဆုံးမရလွယ်ကူနေလိမ့်မယ်။ မိမိလုပ်ကိုင်ဆောင်ရွက်သမျှကိစ္စတွေက လူကြီးတွေယုံကြည်မှုတိုး စေပါတယ်။ စိတ်အလိုကျမဲ့နေ့ရက်တွေဖြစ်နေတာကြောင့် အချိန်တွေကိုသင့်တော်တဲ့နေရာတွေမှာကုန်ဆုံးတတ်ပါ စေ။ မိသားစုကိုအချိန်ပေးဖို့အတွက် မေ့လျော့နေသူများ ဒီကာလမှာအချိန်ပေးကြည့်လိုက်ပါ။ ထင်ထားသည်ထက် ပိုမိုနွေးထွေးသွားပါလိမ့်မယ်။မိမိရုံးခန်းကို အလှဆင်တာပဲဖြစ်ဖြစ်၊သန့်ရှင်းရေးလုပ်တာပဲဖြစ်ဖြစ်ဆောင်ရွက်ခြင်းဖြင့် ဒီကာလမှာကံပိုမိုမြင့်မားသွားစေနိုင်ပါလိမ့်မယ်။ သူတစ်ပါးနဲ့မတူဘဲ ဒီကာလမှာအာရုံစူးစိုက်နိုင်ပါလိမ့်မယ်။ ဒါကြောင့်ခက်ခဲလေးနက်တဲ့ကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ပြောစရာမလို အောင်ကောင်းနေတတ်ပါတယ်။ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ ၀င်စရာရှိတဲ့ငွေကြေးတွေ မကြန့်ကြာဘဲရလာ တတ်ပါတယ်။ အချစ်ရေးကံကောင်းမည်။ အိမ်ထောင်ရေးအဖုအထစ်နည်းပါးပါလိမ့်မယ်။ ပညာရေးမှာတော့မိမိ ကိုယ်တိုင်စိတ်ပါဝင်စားဖို့လိုပါတယ်။

အကျိုးပေးဂဏန်း 2/5/9

အထူးဟော စိတ်ချမ်းသာမည်။

ယတြာ ဂျယ်လီလေးတွေဝယ်ပြီး နီးစပ်ရာကလေးကိုကျွေးပါ။

တနင်္လာ …

တွေးတောစိတ်ကူးသမျှဖြစ်မလာတတ်ပါ။ စိတ်ကူးနဲ့လက်တွေ့ကွာဟနေမဲ့အချိန်ကာလပါပဲ။ ငွေအသုံးပြတ် သည်အထိငွေထွက်သွားတတ်ပါတယ်။ မလိုအပ်တဲ့အရာတွေကိုဝယ်ပြီးငွေကုန်မခံမိဖို့လိုအပ်ပါတယ်။ မိသားစုဝင် တွေကျန်းမာရေးညံ့နေတတ်ပါတယ်။ မိမိကိုယ်တိုင်လဲ အဖျားကူးခံရတာမျိုးတွေဖြစ်လွယ်ပါတယ်။ ကိုယ်ခံအား နည်းနေတတ်ပါတယ်။ မိန်းကလေးဆိုရင်တော့ဓမ္မတာနဲ့ပက်သက်သောရောဂါမျိုးတွေရလွယ်ပါတယ်။လိုအပ်တဲ့ ငွေကြေးတွေချေးငှားမယ်ဆိုကာလတွေမှာတော့ အဆင်ပြေဖို့မလွယ်ပါဘူး။ လူငယ်များလူကြီးမိဘစကားထက် အပေါင်းအသင်းစကားကိုပိုမိုနားယောင်နေမိတတ်ပါတယ်။ အလုပ်နဲ့ပက်သက်သောခရီးကလွဲ၍အပျော်ခရီးသွား ခြင်းတွေကိုတော့ တတ်နိုင်သလောက်ရှောင်လိုက်ပါ။ စီးပွားရေးကံကတော့ အညံ့နည်းပါတယ်။ အကောင်းကြီးမ ဟုတ်ပေမဲ့ ပုံမှန်လေးတော့လည်ပတ်နိုင်ပါလိမ့်မယ်။ အချစ်ရေးမှာ ထစ်ခနဲရှိဒေါသနဲ့ဖြေရှင်းမိနေပါတယ်။ အရင်က တည်းကသံယောဇဉ်လက်ကျန်နည်းပါးနေသူများပိုမိုသတိထားလိုက်ပါ။ အိမ်ထောင်ဘက်ကျန်းမာရေးကိုတော့ ဂရုစိုက်ပေးပါ။ ပညာရေးနဲ့ပက်သက်ပြီးအခွင့်အလမ်းကောင်းတွေပေါ်လာတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/5/9

အထူးဟော ကံအားနည်းနေမည်

ယတြာ ဆပ်ပြာတုံးလေးတွေရဟန်းသံဃာကိုလောင်းလှူလိုက်ပါ။

အင်္ဂါ …

ဒီကာလအတွင်း ပျော်စရာတွေရှိသလို၊စိတ်ညစ်စရာတွေလဲရှိနေတတ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားရင် ဖြစ်မလာတတ်ပါ။ လောပြီးကြိုလုပ်ထားတဲ့ကိစ္စတွေကအချည်းနှီးဖြစ်ရတတ်ပါတယ်။ဒါကြောင့်ဖြစ်လာသမျှမီးစင်ပြီး ကတာကပိုကောင်းပါလိမ့်မယ်။ရွယ်တူသူငယ်ချင်းတွေရဲ့ အခက်အခဲတွေကိုလဲ ၀ိုင်းဝန်းကူညီပေးရတတ်ပါတယ်။ စက်ကားနဲ့ အချိန်ပြည့်လုပ်ကိုင်နေရသူများပေါ့ပျက်ပျက်မလုပ်သင့်သလို၊ သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းတာမျိုး လဲရှောင်စေချင်ပါတယ်။ ငွေကံကတော့ ၀င်လာလိုက်၊ပြန်ထွက်သွားလိုက်နဲ့ မိမိလက်ထဲမှာခဏပဲကိုင်ရတတ်ပါ တယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးသိပ်မတွေ့ရပါဘူး။ အာကန္တု အဖျားလောက်ပဲဖြစ်ရတတ်ပါတယ်။ စပ်တူ လုပ်ထားသူများအနည်းငယ်ပြဿ နာလေးတွေရှိနိုင်ပါတယ်။ ရှယ်ယာဝင်တွေနဲ့စကားများရတတ်ပါတယ်။ကောင်း သောစိတ်ကူးအကြံအစည်တွေရှိပေမဲ့ ချပြလို့မသင့်သေးပါဘူး။ အချစ်ကံသင့် ပါတယ်။ အရမ်းညံ့နေတာမျိုးမ တွေ့ရပါဘူး၊၊ အိမ်ထောင်ရေးကိုတော့ ဂရုစိုက်လိုက်ပါ။ အိမ်ထောင်ဘက်နဲ့သဘောထားအမြင်လွဲနေပါလိမ့်မယ်။ ပညာရေးကံအားနည်းချက်ရှိနေတာတော့အမှန်ပါပဲ။

အကျိုးပေးဂဏန်း 4/8/6

အထူးဟော ကံသင့်ပါတယ်။

ယတြာ သရက်သီးမှည့်ဆယ်စိပ်ခန့်ဘုရားကပ်လှူပေးပါ။

ဗုဒ္ဓဟူး/ရာဟု …

လိုအပ်သည်ထက်ပိုမိုအားစိုက်ပါ။ ကံကပေးသလို မိမိကလဲ ကြိုးစားမယ်ဆိုအတိုင်းထက်အကျိုးပေးသွား နိုင်လို့ပါပဲ။ လုပ်ငန်းစီးပွားနဲ့ပက်သက်ပြီးပေးလာတဲ့အခွင့်အရေးကိုလဲ တတ်နိုင်သမျှအမိအရဖမ်းဆုပ်တတ်ဖို့လိုပါ တယ်။သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုသလိုပဲအများနဲ့ပက်သက်ပြီးကူညီပေးလေ မိမိလေအဆင်ပြေ လေဖြစ်ရတတ်ပါတယ်။ ၀န်ထမ်းများ ဌာနတွင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေပြေလက်တွဲလုပ်နိုင်မဲ့ကာလ တွေပါပဲ။ အရောင်းဝန်ထမ်းဆိုရင်လဲ သတ်မှတ်ထားတဲ့ target ပြည့်မီအောင်ရောင်းနိုင်မဲ့ကာလတွေပါပဲ။ ကျန်း မာရေးကိုတော့တတ်နိုင်သလောက်ဂရုစိုက်ပါ။ အမြင့်တတ်တာမျိုးတွေ၊ ရေကူးတာမျိုးတွေ၊ အသက်ကြီးသူများ ချော်လဲနိုင်တဲ့နေရာတွေကိုသတိထားသွားလိုက်ပါ။ ကိုယ်ပိုင်စီးပွားများ မိမိလုပ်ငန်းကို ယုံကြည်မှုတွေတိုးအောင် စွမ်းဆောင်နိုင်မဲ့ကာလပါပဲ။ အချစ်ရေးအတွက် စိတ်ချမ်းမြေ့ရမယ်။ ချစ်သူချင်းအချစ်တိုးလာတတ်ပါတယ်။ အိမ် ထောင်ရေးသာယာပါလိမ့်မယ်။အဆင်မပြေသူတွေတောင်မှ နားလည်တွေပြန်ရတတ်ပါတယ်။ပညာရေးအား ကောင်းနေပါလိမ့်မယ်။

အကျိုးပေးဂဏန်း 5/7/0

အထူးဟော စီးပွားကံ၊အလုပ်ကံကောင်းနေမည်။

ယတြာ ထမင်းသုပ်ဆိုင်က၀ယ်ပြီးဘုရားကပ်ပါ

ကြာသပတေး …

ပေးအပ်ထားတဲ့အလုပ်တာဝန်တွေကိုကျေပွန်ဖို့အထူးလိုအပ်ပါ တယ်။ ခိုင်းထားတဲ့အလုပ်တွေက မပြီးပြတ် အောင်ဖြစ်ရတတ်ပါတယ်။ ဒါကြောင့်အချိန်မဖြုန်းမိဖို့အထူးလိုအပ်ပါတယ်။ အလုပ်အကြွေးတွေများသွားတတ်ပါ တယ်။ ဘာမဟုတ်တာလေးတွေနဲ့အချိန်ဖြုန်းနေမိတတ်ပါတယ်။ မိမိလက်ထဲမှာရှိတဲ့ ငွေကြေးတွေကိုအပျော်အပါး အတွက်အသုံးချနေမိတတ်ပါတယ်။ အပေါင်းအသင်းတွေနဲ့ ညဘက်အပျော်အပါးအသောက်အစားရှောင်လိုက်ပါ။ လက်ကားစီးပွားရေးများ ငွေမြုပ်အောင်မလုပ်သင့်ဘူး။ ကုန်တွေမလှောင်သင့်ပါဘူး ။ ဒီကာလမှာမိမိနိုင်သလောက် ပဲရင်းနှီးမြုပ်နှံစေချင်ပါတယ်။ ငွေမြုပ်သွားတဲ့အထိမဖြစ်အောင်သတိထားပါ။ ကျန်းမာရေးကတော့ အကောင်းထက် အညံ့များနေတတ်ပါတယ်။ဖျားတတ်နာတတ်ပါတယ်။ ဆေးမြီးတိုနဲ့ကုသခြင်းမျိုးမလုပ်စေချင်ပါဘူး။ အချစ်ရေးကိစ္စ တွေအပေါ်စိတ်ပျက်စိတ်ကုန်နေမိတတ်ပါတယ်။ အိမ်ထောင်ရေးကိုတော့ အညံ့အဆိုးသိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ အိမ်ထောင်ဘက်က စိတ်ထင်ရာလုပ်နေတာမျိုးကို လွှတ်ထားပေးတာမျိုးတော့ရှောင်လိုက်ပါ။ ပညာရေးကံအား နည်းချက်များနေတတ်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း 1/6/5

အထူးဟော ကံမြင့်မားနေတတ်ပါတယ်။

ယတြာ ကျန်းမာရေးအားနည်းသူကိုဆေးဝါးဓာတ်စာလှူပါ။

သောကြာ …

တတ်နိုင်သမျှကောင်းတာလေးတွေရွေးလုပ်ပြီး စိတ်ကြည်နူးအောင်နေပါ။ ပေးဆပ်မှုသပ်သပ်နဲ့ကြုံနေရ တတ်ပါတယ်။ ၀န်ထမ်းလုပ်ဖော်ကိုင်ဖက်တွေရဲ့ဖြစ်ချင်တာကိုလဲဦးစားပေးလိုက်ပါ။သိထားတဲ့ကိစ္စတွေကိုလဲ သူများတွေအကျိုးရှိမယ်ဆိုရင်လဲ ဝေမျှသင့်တဲ့နေ့တွေပါပဲ။ ကိုယ်ပိုင်စီးပွားများမိမိအကြံထက် ၀န်ထမ်းတွေဆီက ကောင်းတဲ့အကြံတွေယူပြီးလုပ်တာမျိုးကပိုမိုအကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။ ကတိကိုလွယ်လွယ်မပေးမိပါနဲ့။ကတိ မတည်ရာကစလို့ ပြဿ နာတွေကြီးသွားတတ်ပါတယ်။ငွေကြေးနဲ့ပက်သက်ပြီးတော့လဲအ၀င်များနေရင် အထွက် များနေမယ်။ အ၀င်နည်းနေရင်လဲ အထွက်နည်းနေပါလိမ့်မယ်။ကျန်းမာရေးကိုလဲဂရုစိုက်တတ်ဖို့လိုပါတယ်။ ကျန်း မာရေးအားနည်းနေနိုင်ပါတယ်။ ရောင်းမှားဝယ်မှားတွေဖြစ်တတ်သလို၊ရင်းနှီးမြုပ်နှံမှုတွေလဲမှားနေနိုင်ပါတယ်။ အချစ်ရေးမှာလဲ ပေးဆပ်မှုတွေများနေတတ်ပါတယ်။ ချစ်သူတစ်ဖက်စောင်းနင်းအပြောတွေကို စနစ်တကျလက် တုန့်ပြန်မှအဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အဆင်မပြေတာမျိုးသိပ်မတွေ့ရပါဘူး။ပညာရေးနဲ့ပက် သက်ပြီးကြိုးစားထားသမျှအရာထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 2/7/0

အထူးဟော စိတ်ပူပန်ရတတ်ပါတယ်။

ယတြာ ငါးသေတ္တာဟင်းဘုရားကပ်လှူပါ။

စနေ …

ဒီကာလအတွင်းစိတ်ချမ်းသာစရာများပါလိမ့်မယ်။ လိုအပ်တဲ့အကူအညီတွေကိုလဲ ရလာတတ်ပါတယ်။ အတိတ်ကပင်ပန်းခံကြိုးစားခဲ့သမျှ ဒီကာလမှာအကျိုးခံစားရတတ်ပါတယ်။ လှောင်ထားတဲ့ကုန်တွေရှိရင်ဈေး ကောင်းရတတ်ပါတယ်။ လိုသည်ထက်ပိုပြီးတော့ အခက်အခဲတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ နိုင်ငံရပ်ခြား နဲ့ပက်သက်ဆက်နွယ်သောကိစ္စမှန်သမျှအဆင်ပြေတိုးတတ်ခြင်းတွေကိုခံစားရတတ်ပါတယ်။ငွေကြေးအစုလိုက်ဝင် တတ်ပါတယ်။ စိတ်ကူးထားတာလေးတွေအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ အလုပ်တွေများနေသူများ အားလုံး ကိုပြီးစီးပြည့်စုံအောင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့အညံ့မရှိပါဘူး။ဒေါင်ဒေါင်မြည်ကျန်းမာနေတတ် ပါတယ်။ အနုစိပ်၊အသေးစိပ်လုပ်ရသောအလုပ်များ၊ခေါင်းစားရသောအလုပ်များ၊ ခက်ခဲတဲ့အလုပ်များကိုအထူးအာ ရုံစိုက်နိုင်ပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေပြေလည်ပါလိမ့်မယ်။ချစ်သူနဲ့ အတူတူငွေကြေးစတင်စုဆောင်းတာမျိုး လုပ်သင့်ပါတယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရပါလိမ့်မယ်။ မိသားစုနွေးထွေးမှုတွေရရှိမဲ့ကာလပါပဲ။ ပညာရေး မှာတော့ ကျက်စာပိုင်းပိုမိုအားသန်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 3/5/7

အထူးဟော ကံမြင့်နေမည်။

ယတြာ ထိုးမုန့်ဘုရားကပ်လှူပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695

09 44 5555 695

ဟောစာတမ်း

Facebook Comments