အသည်းကွဲမှာကို ကြောက်နေရင် ဒီအချက်လေးတွေကို သတိရပါ

အသည်းကွဲမှာကို ကြောက်နေရင် ဒီအချက်လေးတွေကို သတိရပါ

ချစ်သူမရှိဘဲ တစ်ယောက်တည်း ဖြတ်သန်းရမယ့် နေ့ရက်တွေကို ကြောက်နေလား။ ချစ်သူမရှိတာနဲ့ပဲ အားငယ်စရာ၊ လမ်းပျောက်စရာ၊ အထီးကျန်စရာ မလိုပါဘူး။ တစ်ကိုယ်တည်းလည်း ပျော်ရွှင်နိုင်တာပဲ။ ချစ်သူရှိတဲ့သူတွေမှာလည်း သူ့ကောင်းကျိုးနဲ့သူတော့ ရှိတာပါပဲ။ သို့သော် Single ဘဝမှာလည်း အရမ်းကောင်းတဲ့ အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတာ မမေ့ပါနဲ့။ Single ဖြစ်ရမှာ (သို့မဟုတ်) မကောင်းတဲ့ချစ်သူနဲ့လမ်းခွဲပြီး တစ်ကိုယ်တည်း ဖြစ်သွားမှာကို ဝမ်းနည်းစိတ်ညစ်နေတယ်ဆိုရင် ဒီအချက်လေးတွေကို သတိရပါ။

၁. ပိုက်ဆံကုန်သက်သာတယ်

Single တွေက သူဋ္ဌေးတွေဆိုတာ သင်သိပါလား။ ချစ်သူများနေ့၊ မွေးနေ့၊ နှစ်ပတ်လည်နေ့၊ စတဲ့ special day တွေမှာ ကိုယ့်အတွက် ကိုယ်လက်ဆောင် ဝယ်ပေးလို့ရပါပြီ။ စားတာ သောက်တာ ကအစ ကိုယ်တစ်ယောက်တည်း အဝစားလို့ရပါပြီ။ မဟုတ်ရင်လည်း ကိုယ်မသုံးချင်ရင် စုထားလို့ရတယ်လေ။

၂. ကြိုက်တဲ့သူနဲ့ကျူလို့ရတယ်

အကောင်းဆုံးတွေထဲက အကောင်းဆုံးတစ်ခုပေါ့။ ကြိုက်တဲ့လူကို ငမ်းလို့ရပြီ။ ပိုင်ရှင်မရှိဘူးဆိုတော့ ကိုယ့်ကို လာကျူသမျှလူကိုလည်း ပြန်ကျူလို့ရပြီ။ Single ဖြစ်သွားတဲ့အခါ တစ်စုံတစ်ယောက်ကို သဘောကျမိလို့လည်း အပြစ်ရှိသလို မခံစားရတော့ဘူး။

၃. ဖုန်းစောင့်နတ်လုပ်စရာမလိုတော့ဘူး

ရည်းစားဆီက ဖုန်းလာမှာကို ဗျိုင်းလို မျှော်နေစရာမလိုတော့သလို၊ ဖုန်းအားကုန်လို့၊ ဖုန်းမကိုင်မိလို့ဆိုပြီး ရစ်မယ့်သူလည်း မရှိတော့ဘူး။ ကြိုက်တဲ့အချိန် Online သုံးပြီး၊ ဖုန်းပိတ်ထားချင်လည်းရပြီ။

၎. အချိန်ပိုတွေ ထွက်လာမယ်

ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေဖို့၊ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ဦးစားပေးဖို့ အချိန်တွေ ပိုရလာမယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း ပိုပြီး အချိန်ဖြုန်းနိုင်မယ်။ ဇာတ်လမ်းတွဲတွေ ကြည့်ဖို့လည်း အချိန်ပိုရသွားမယ်။

၅. အသည်းကွဲခြင်းကို တာ့တာလုပ်လို့ရပြီ

သင်သာ single ဖြစ်နေရင် ဘယ်သူမှ သင့်အသည်းကို ခွဲလို့မရပါဘူး။ ချစ်သူက ဖုန်းမဆက်လို့၊ ချိန်းထားတာမလာလို့၊ ဂရုမစိုက်လို့ဆိုပြီး မျက်ရည်တွေ ဘူးသီးလုံးလောက် ကျနေစရာမလိုတော့ဘူး။

၆. ဘာလုပ်လုပ် ကိုယ့်အတွက်ပဲ

ရည်းစားရှိတဲ့အခါ ဆုံးဖြတ်ချက်တွေချဖို့ ခက်ခဲပါတယ်။ ကိုယ်ပျော်ရွှင်ရမယ်ဆိုပေမယ့် ကိုယ့်ချစ်သူအတွက် အဆင်မပြေဘူးဆိုရင် ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချလို့မရပါဘူး။ Single ဖြစ်သွားရင်တော့ ကိုယ့်ပျော်ရွှင်မှုကိုယ်ရှာလို့ရပြီ။

ဘဝရဲ့လက်တွဲဖော် အစစ်အမှန်ကို မတွေ့သ၍ တစ်ယောက်ပြီးတစ်ယောက်နဲ့ ချစ်ကြိုက်နေရအုံးမှာပဲဆိုတာ သိထားပါ။ ဒါကြောင့် အသည်းတစ်ခါကွဲတိုင်း အချစ်စစ်အချစ်မှန်ကို တွေ့ဖို့နည်းစပ်လာပြီလို့တွေးပါ။ အသည်းကွဲမှာမကြောက်ပါနဲ့။ ဘဝပျက်မှာသာကြောက်ပါ။ Single ဘဝနဲ့လည်း နိဗ္ဗာန်ရောက်နိုင်ပါတယ်။

Facebook Comments