အတွင်းသားတွေဖောက်ထွင်းမြင်နေရတဲ့ ဝတ်စုံနဲ့ ဂေါ်နေတဲ့ သင်ဇာဝင့်ကျော် ဗီဒီယို

အတွင်းသားတွေဖောက်ထွင်းမြင်နေရတဲ့ ဝတ်စုံနဲ့ ဂေါ်နေတဲ့ သင်ဇာဝင့်ကျော် ဗီဒီယို

သင်ဇာဝင့်ကျော်ဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခုအချိန်အထိ အောင်မြင်မှုကိုထိန်းထားနိုင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး အခုနောက်ပိုင်းမှာ သင်ဇာဝင့်ကျော်က ပိုပြီးအောင်မြင်မှုရလာတယ်ဆိုရင်လည်းမမှားပါဘူး။ သင်ဇာက လက်ရှိမှာ အနုပညာအလုပ်တွေဆက်တိုက်လုပ်နေပြီး ပရိသတ်ရဲ့တခဲနက်အားပေးမှုတွေရရှိထားတာလည်းဖြစ်ပါတယ်။

သင်ဇာဟာ မကြာသေးမီကမှ အရမ်းချစ်တဲ့ ချစ်သူနဲ့လမ်းခွဲထားတာဖြစ်ပြီး လမ်းခွဲလိုက်တဲ့အကြောင်းကိုလည်းသူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေကို အသိပေးထားခဲ့ပါတယ်။ လမ်းခွဲလိုက်ရတဲ့အကြောင်းကတော့အလုပ်အရမ်းများလွန်းတဲ့ သင်ဇာက ချစ်သူရဲ့ တောင်းဆိုချက်တွေကိုမလိုက်လျောနိုင်တာရယ်၊ ဘဝမှာ ရည်းစားတစ်ယောက်အတွက်နေရာမရှိတာရယ်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ သင်ဇာက ချစ်သူနဲ့လမ်းခွဲလိုက်ပေမယ့် အသည်းကွဲပုံမရပဲ အရင်ကထက်တောင်ပိုလှပြီး အလုပ်တွေကို တစိုက်မတ်မတ်ဆက်လုပ်နေဆဲပါ။ မကြာခင်ကလည်း သင်ဇာက သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားရလောက်အောင် လှတဲ့ video လေးကို တင်လိုက်ပြန်ပါတယ်။

မကြာသေးမီက သင်ဇာ Myday မှာတင်ထားတဲ့ Video လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားပြီး အကြိမ်ကြိမ်အထပ်ထပ်ကြည့်မဝအောင်ဖြစ်နေရတဲ့အထိပါပဲ။ သင်ဇာက video ထဲမှာ Photoshoot တစ်ခုလုပ်နေတာဖြစ်ပြီး အသားကပ် ကိုယ်လုံးပေါ်ဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတာဖြစ်ပါတယ်။ နတ်သမီးတစ်ပါးလိုဆွဲဆောင်မှုရှိပြီးလှပတဲ့သင်ဇာက Video ထဲမှာ ပို့စ်အမျိုးမျိုးပေးပြီး ကွန်ဖီးဒန့်ရှိရှိဓာတ်ပုံရိုက်နေတာပါ။ သင်ဇာဝတ်ထားတဲ့ ဝတ်စုံဟာ အောက်ပိုင်းမှာ ပါးလွှာလွန်းပြီး အတွင်းသားတွေကိုအတိုင်းသားထွင်းဖောက်မြင်နေရတဲ့ ဝတ်စုံပါ။ ခပ်ပါးပါးကာရံထားတဲ့ အဝတ်ရဲ့အောက်က အလှတရားတွေကို အထင်းသားဖော်ပြထားတဲ့ ဝတ်စုံဟာ မြင်ရသူ ပုရိသတိုင်းအတွက်တော့ ရင်ထဲမှာ ဒိန်းတပ်တပ်ဖြစ်သွားစေမှာအမှန်ပါပဲ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် သင်ဇာ့ရဲ့ Myday က video လေးကိုဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်ကြီးရော သင်ဇာ့ကိုအားပေးကြလား။ သင်ဇာရဲ့နောက်ထပ် အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Facebook Comments