ငါ့လိုယောက်ျား ကမ္ဘာမှာ ရှား’ ဗီဒီယိုဇာတ်ကားကို ရွှေစက်တော်ဆင်စခန်းမှာရိုက်ကူးနေတဲ့ နေထူးနိုင်”

ငါ့လိုယောက်ျား ကမ္ဘာမှာ ရှား’ ဗီဒီယိုဇာတ်ကားကို ရွှေစက်တော်ဆင်စခန်းမှာရိုက်ကူးနေတဲ့ နေထူးနိုင်”

နေထူးနိုင်ကတော့ လူသိများကျော်ကြားပြီး နာမည်ကြီးတဲ့ မြန်မာနိုင်ငံရဲ့ မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ ဖိုက်တင်ဇာတ်ကားတွေအမြဲလိုလို ရိုက်လေ့ ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဖိုက်တင် မင်းသားလို့ တင်စားခေါ်ဝေါ်ရတဲ့ မင်းသားတစ်လက်ဆိုလည်း မမှားပါဘူးနော်။အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်ရပ်တည်နေတဲ့သရုပ်ဆောင်တွေထဲမှာ နေထူးနိုင်ကလည်း အပါအ၀င်ဖြစ်ပါတယ်။

နေထူးနိုင်ကတော့ ဇနီးချောလေးနဲ့ အတူတူ သားလေး(၂)ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်သာယာတဲ့ မိသားစုဘ၀လေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။မကြာသေးမီကလည်း ရွှေစက်တော်မှာ သစ်ပင်အပင်(၁၀၀၀)ကို သွားရောက်စိုက်ပျိုးခဲ့ပြီး လူမှုအထောက်အကူပြုလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ပါသေးတယ်။

လတ်တလောမှာတော့ နေထူးနိုင်က ရွှေစက်တော်ဆင်စခန်းမှာ “ငါ့လိုယောက်ျား ကမ္ဘာမှာရှား”ဆိုတဲ့ ဇာတ်ကားကို သွားရောက်ရိုက်ကူးနေတာကို “စိန်ဌေးထုတ်လုပ်ရေးအတွက် ‘ငါ့လိုယောက်ျား ကမ္ဘာမှာ ရှား’ ဗီဒီယိုဇာတ်ကားရိုက်ကူးမှုနေရာအသစ်ရွှေစက်တော်ဆင်စခန်း”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ နေထူးနိုင်ရဲ့ ဇာတ်ကားအသစ်ကြီးထွက်လာရင် အားပေးကြမှာလား….

Facebook Comments