ဂျပန်နိုင်ငံရဲ့ ရုပ်သံလိုင်းတစ်ခုမှာ ဖော်ပြခြင်းခံခဲ့ရတဲ့ နေခြည်ဦးရဲ့ အထ္ထုပတ္တိ

ဂျပန်နိုင်ငံရဲ့ ရုပ်သံလိုင်းတစ်ခုမှာ ဖော်ပြခြင်းခံခဲ့ရတဲ့ နေခြည်ဦးရဲ့ အထ္ထုပတ္တိ

မြန်မာနိုင်ငံမှာ ပရိသတ်အခိုင်အမာနဲ့ ရုပ်တည်နေတဲ့ သရုပ်ဆောင်နေခြည်ဦးကတော့ အောင်မြင်တာထက်ပိုနေပြီလားလို့တောင် ထင်ရမှာပါ။ သူမဟာ ဂျပန်ရုပ်သံတစ်ခုမှာ သူမရဲ့ ငယ်ဘ၀ကနေစပြီး လက်ရှိအချိန်အထိ ဖြတ်သန်းလာခဲ့တဲ့ သူမရဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ထုတ်လွင့်ပြသခဲ့တာလဲ ဖြစ်ပါတယ်။

သူမကိုယ်တိုင်ကလဲ အင်တာဗျူးတွေ ဖြေဆိုထားခဲ့ပြီး ခွဲစိတ်မပြုပြင်ခင်ကစပြီး မျက်နှာအစိတ်အပိုင်းတစ်ချို့ ခွဲစိတ်ထားတယ်ဆိုတဲ့ အကြောင်းအရာတွေလဲ ပါဝင်ပါတယ်။ သူမကတော့ သူမရဲ့ ယုံကြည်ချက်နဲ့ အတူ ကြိုးစားရုန်းကန်ရင်း အောင်မြင်မှုတွေကို တဖြေးဖြေးရရှိလာခဲ့တာလဲ ဖြစ်ပါတယ်။

ချီချီက ပွင့်လင်းစွာပြောဆိုတက်သူဖြစ်တာကြောင့် ချစ်ခင်ကြတဲ့ ပရိသတ်တွေရှိသလို သဘောထားချင်းမတိုက်ဆိုင်တဲ့ ပရိသတ်တွေလဲ ရှိပါတယ်။ သူမကို Beauty Blogger ဘ၀ထဲအားပေးတဲ့ ပရိသတ်တွေ များစွာရှိခဲ့ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင် စတင် လုပ်ဆောင်စဉ်မှာ တော့ ပိုမိုများပြားစွာ အားပေးလာကြတာလဲဖြစ်ပါတယ်။

ချီချီရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေထဲမှာ ရုံတင်ပြသပြီးတာတော့ ၂ ကားရှိနေပါပြီ။ တခြားရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေရော ဇာတ်လမ်းတွဲ တွေရောရှိနေသေးတာမို့ စောင့်ကြည့်အားပေးကြပါဦးနော်။

သူငယ်ချင်းဖြစ်သူ မင်းသားတစ်ယောက်အတွက် ယူကြုံးမရဖြစ်နေတဲ့ မိုးမိုး

ချီလီတွေကတော့ ဂုဏ်ယူမဆုံးဖြစ်နေတော့မှာပါ။ သူမရဲ့ ရဲရင့်ပြတ်သားတဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။ ကြည့်ရှု့ပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Facebook Comments