ဘဝမှာလွှမ်းမိုးမှုရှိတဲ့အရာတွေအကြောင်းပြောပြသွားတဲ့ ဒေါင်း

ဘဝမှာလွှမ်းမိုးမှုရှိတဲ့အရာတွေအကြောင်းပြောပြသွားတဲ့ ဒေါင်း

မင်းသိင်္ခဝတ္ထုတွေကတော့ စာစဖတ်တဲ့အရွယ် ငယ်ဘဝရဲ့ဖြတ်သန်းမှုတွေထဲမှာ မပါမဖြစ်ပါခဲ့တယ်လို့ဆိုရရင်လွန်မယ်မထင်ပါဘူး ။ စာအုပ်၊ရုပ်ရှင်၊ အသံဇာတ်လမ်း စတဲ့ ဖျော်ဖြေရေး ကဏ္ဍအသီးသီးမှာလည်း မတူကွဲပြားတဲ့နည်းလမ်းတွေနဲ့အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီလိုအောင်မြင်မှုတွေရရှိခဲ့တဲ့ မင်းသိင်္ခရဲ့ ဇာတ်ကောင်နေရာမှာသရုပ်ဆောင်ရမယ့် ပျိုပျိုတွေရဲ့အသည်းစွဲကိုကိုဒေါင်းက သူ့အပေါ်မင်းသိင်္ခဇာတ်ကောင်တွေသူ့အပေါ်လွှမ်းမိုးမှုတစ်ခုရှိတယ်ဆိုတဲ့အကြောင်းကို ဆယ်လီရပ်ကွက်နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားခဲ့ပါတယ်။ သူပြောပြသွားခဲ့တဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်။

မင်းသိင်္ခဝတ္ထုတွေထဲကဇာတ်ကောင်တစ်နေရာမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အပ်ါခံစားချက်တွေကို “ဆရာမင်းသိင်္ခရဲ့ဝတ္ထု ကျနော်တို့ကို အမြဲတမ်းလွှမ်းမိုးနေတဲ့ ဇာတ်ကောင်တွေရဲ့ဝတ္ထုကိုပြန်ရိုက်ရမယ်ဆိုတော့ ဒီအတွက်ပြောမပြတတ်အောင်အမှတ်တရဖြစ်မှာပါ။ အရမ်းလွှမ်းမိုး တာပေါ့ဘယ်အချိန်ပြန်ဖတ်ဖတ်အခုချိန်ပြန်ဖတ်လည်းမရိုးတဲ့ဝတ္ထုတွေထဲမှာ ဆရာမင်းသိင်္ခဝတ္ထုက ထိပ်ဆုံးကနေပါတယ်လေ။ ကျနော့်ကိုစပြောကတည်းက ကျနော်ရင်ခုန်ပြီးသွားပြီ။ ဘာဖြစ်လို့လဲဆိုရင် အရင်ဆိုရင်ကျနော်က ဇာတ်ညွှန်းဖတ်တယ် ။ဇာတ်ညွှန်းဖတ်ပြီးကြိုက်တယ်ဆိုရင် ရင်ခုန်တယ်လေ ။ အခုကဒီဇာတ်ကောင်ဒီလိုရိုက်မယ်ဆိုကတည်းက ရင်ကခုန်ပြီးသွားပြီ ဘာမှဖတ်စရာမလိုဘူးရိုက်မှာပဲ ။ဆိုပြီးပြောပြသွားခဲ့ပါတယ်။

မင်းသိင်္ခဇာတ်ကောင်တွေရဲ့သူ့အပေါ်လွှမ်းမိုးမှုကိုလည်း “ ကျနော်ငယ်ငယ်ကတည်းက ဖတ်ကတည်းက အဲ့ဒီလိုဘက်စုံတော်တဲ့သူဖြစ်ချင်ခဲ့တာ။ အဲ့ဒါကြောင့်လည်း အခုထက်ထိဟိုစပ်စပ်ဒီစပ်စပ်အကုန်လိုက်လုပ်ဖြစ်နေတာ ။ အဲ့ဒါသူ့ကြောင့်ပဲ ။ ကျနော်ကဟိုစပ်စပ်ဒီစပ်ဆိုတဲ့နေရာမှာ ကျနော်ကအဲ့ဒီစကားလုံးလေးကိုသုံးလိုက်တာဘာလဲဆိုတော့ ကျနော်တို့ကို အရမ်းလွှမ်းမိုးခဲ့တာပါ။ အဲ့ဒီဇာတ်ကောင်တွေ အဲ့ဒီဟီးရိုးတွေက ကျနော်တို့နိုင်ငံရဲ့ဟီးရိုတွေကသူတို့တွေပဲရှိတာလေ ဆရာမင်းသိင်္ခကော ဆရာရွှေဥဒေါင်းရော ဂျမဒါမင်းထင်တို့ ရှားလော့ဟုမ်း တို့ကလွှမ်းမိုးခဲ့တာပဲ ။

အဲ့ဒီလွှမ်းမိုးမှုတွေကြားမှာ သူတို့ကဘယ်လိုစိတ်မျိုးထားတာ။ ပြဿနာကို ဘယ်လိုခံစားချက်နဲ့တည်ဆောက်တာ ဘယ်လိုရပ်တည်ချက်နဲ့ဖြတ်သန်းကြတာ ။ဘယ်လို တည်ငြိမ်တဲ့ရင့်ကျက်တဲ့ယောက်ျားတစ်ယောက်ဖြစ်လာတာ ။ အဲ့ဒါတွေက ကျနော်တို့ကိုအဓိက လွှမ်းမိုးစေတာပေါ့ ။ အဲ့ဒီလိုမျိုးအရာအားလုံးကိုသိနေတဲ့ ၊ တတ်နေတဲ့ ၊မြင်နေတဲ့ဗဟုသုတကြွယ်ဝတဲ့ဇာတ်ကောင်တွေ လေ အဲ့ဒီလိုမျိုးဖြစ်ဖို့အတွက်ကို လေ့လာဖြစ်တယ်။ ဆားပုလင်းနှင်းမောင် လည်းစာတွေဖတ်တယ်။ စနေမောင်မောင်လည်း စာတွေဖတ်တယ်။

Facebook Comments