အစားတွေ တစ်ဝကြီးစားပြီး Shooting ကို လမ်းလျှောက်နေရတဲ့ ပိုင်ဖြိုးသုရဲ့ဗီဒီယိုဖိုင်လေး

အစားတွေ တစ်ဝကြီးစားပြီး Shooting ကို လမ်းလျှောက်နေရတဲ့ ပိုင်ဖြိုးသုရဲ့ဗီဒီယိုဖိုင်လေး

သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ အောင်မြင်သရဖူတွေကို သိမ်းပိုက်ဆွတ်ခူးထားတာ ဖြစ်ပါတယ်။ ဇာတ်ရုပ်မရွေး သဘာဝကျပီပြင်အောင် ပိုင်ပိုင်နိုင်နိုင်နဲ့ ဖန်တီးပြနိုင်တဲ့ ပိုင်ဖြိုးသု အကယ်ဒမီဆုကြီးအပြင် Star Awards က ချီးမြှင့်တဲ့ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သရုပ်ဆောင်ရတာကို ဝါသနာပါတဲ့ သုသုက သူချစ်တဲ့အနုပညာလောကကို ခြေစုံပစ်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သုသုက ဒါရိုက်တာ ဏကြီးနဲ့ အိမ်ထောင်ကျပြီး သာယာချမ်းမြေ့တဲ့ အချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်နေတဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကိုတော့ ပရိသတ်တွေက အားကျနေရတာ ဖြစ်ပါတယ်။

အိမ်ထောင်ရှင်မလေးဖြစ်သွားပေမယ့် ကလေးရုပ်လေးမပျောက်ဘဲ အရင်အတိုင်း ချစ်ဖို့ကောင်းနေတဲ့ သုသုလေးက အခုလည်း ချစ်စရာဗီဒီယိုလေးတစ်ခုကို တင်ထားပါတယ်။

သုသုက ” Shooting ကိုလမ်းလျှောက်သွားမယ် ဖွားသစ်ခေါ်ကျွေးသော မနက်စာ အဝစားပြီးသကာလ shooting ကိုလမ်းလျှောက်သွားခဲ့ကြလေသည် ” ဆိုပြီး ဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ်။

အစားတွေအဝစားပြီး Shooting ကို လမ်းလျှောက်နေတဲ့ သုသုလေးက ကလေးလေးလို ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပိုင်ဖြိုးသုရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

ဗီဒီယို

Facebook Comments