အမျိုးသမီးထုကြီးကို ယမ်းပုံမီးကျဖြစ်စေခဲ့တဲ့ ဒေါင်းရဲ့ဓာတ်ပုံတစ်ပုံ

အမျိုးသမီးထုကြီးကို ယမ်းပုံမီးကျဖြစ်စေခဲ့တဲ့ ဒေါင်းရဲ့ဓာတ်ပုံတစ်ပုံ

ဒေါင်းဟာ မကြာခင်နှစ်အနည်းငယ်ကစပြီး နာမည်ကြီးလာခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး အနုပညာသက်တမ်းသိပ်မကြာသေးပေမယ့် အနုပညာမှော်အောင်ထားသလားထင်ရအောင် သရုပ်ဆောင်ကောင်းတယ်လို့ ပရိသတ်တွေရဲ့မှတ်ချက်ပေးခြင်းခံရတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒေါင်းဟာ တစ်နိုင်ငံလုံးကအမျိုးသမီးတွေရဲ့ရတနာတစ်ပါးလို့ဆိုရအောင် သည်းသည်းလှုပ်ဝိုင်းအားပေးခြင်းခံရတဲ့မင်းသားတစ်လက်ဆိုရင်လည်းမမှားပါဘူး။ မြန်မာနိုင်ငံအနှံ့အပြားက အမျိုးသမီးထုကြီး က ဒေါင်းမှဒေါင်းဖြစ်ရလောက်အောင် တစ်နိုင်ငံလုံးဆယ်လီတွေပါမကျန်ဝိုင်းဒေါင်းပြီး အားပေးခြင်းခံရသူပါ။

မိန်းကလေးတွေက အနုပညာရှင်တွေကိုအားပေးပြီဆိုရင်လိုတာထက်ပိုပြီး သည်းသည်းလှုပ်ကြတယ်ဆိုတာ တော်တော်များများသတိထားမိကြမှာပါ။ အခုလည်း လူမှုကွန်ယက်ပေါ်မှာ မင်းသားဒေါင်းနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးကအမျိုးသမီးထုကြီးကို ယမ်းပုံမီးကျဒေါသူပုန်ထစေတဲ့ ဓာတ်ပုံတစ်ပုံပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီဓာတ်ပုံကတော့ ပရိသတ်ကောင်မလေးတွေ ခပ်ဝေးဝေးကနေ အမြတ်တနိုးငေးကြည့်ပြီး အိပ်မက်တွေထဲမဝံ့မရဲထည့်မက်ရတဲ့ ကိုကိုဒေါင်းရဲ့ လက်ချောင်းရှည်ရှည်လေးတွေကို ပရိသတ်ထဲက ကောင်မလေးတစ်ယောက်က အားရပါးရ ဆုပ်ကိုင်ပစ်လိုက်တဲ့ ဓာတ်ပုံတစ်ပုံပါပဲ။ လေဆန်ကကြိုးလက်မှတ်ထိုးပွဲမှာ ပရိသတ်ကောင်မလေးတစ်ယောက်က ဒေါင်းရဲ့လက်ကို ချစ်သူတွေလို ရိုမန်းတစ်ဆန်စွာဆုပ်ကိုင်ပြီး အဲဒါကို ဖုန်းနဲ့ဓာတ်ပုံရိုက်ရင်းပျော်ရွှင်နေခဲ့တာပါ။

ဒေါင်းကလည်း ချစ်သူကောင်မလေးကို မြတ်နိုးစွာကြည့်နေတဲ့ပုံလေးနဲ့ အေးချမ်းတည်ကြည်တဲ့အပြုံးလေးပြုံးနေခဲ့ပါတယ်။ အဲဒီဓာတ်ပုံက လူမှုကွန်ယက်ပေါ်ရောက်လာချိန်မှာ ပုံအောက်မှာ တစ်နိုင်ငံလုံးကအမျိုးသမီးထုကြီးက ဒေါသူပုန်ထပြီး comment တွေရေးနေကြတာဟာ comment နဲ့များ လူတစ်ယောက်ကိုနာကျင်စေနိုင်မယ်ဆိုရင်

ပုံထဲကကောင်မလေးတော့ စိစိညက်ညက်ကြေသွားတော့မယ့် အနေအထားပါ။ comment ထဲက အချို့ကိုဖော်ပြရမယ်ဆိုရင်တော့ “ဒီတစ်ခါမြန်မာပလာဇာရှေ့မှာချိန်းပြီးချရမှာ နင်နဲ့ငါဖြစ်သွားမယ် ကောင်မ”လို့ တစ်ယောက်ကမန့်ထားပြီး “တတိယကမ္ဘာစစ်ကိုငါကိုယ်တိုင်စမယ် ကောင်မ နင့်လိပ်စာချန်ထားလိုက်”လို့ တစ်ယောက်ကမန့်ထားပါတယ်။ ပရိသတ်တွေကို ယမ်းပုံမီးကျဒေါသဖြစ်စေခဲ့တဲ့ ဒေါင်းရဲ့ဓာတ်ပုံလေးကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်ကြီးရော ဒေါင်းကိုချစ်ကြလား။ အခွင့်အရေးသာရရင် ဒေါင်းနဲ့ အဲ့လိုပုံမျိုးရိုက်ပြီး ရိုချင်ကြလား။ ဒေါင်းရဲ့ fan service ကိုရော နှစ်သက်ကြလား။ ပြောခဲ့ကြပါဦး။

Facebook Comments