သူငယ်ချင်းရဲ့ဆိုင်ဖွင့်ပွဲကို တက်ညီလက်ညီတက်ရောက်ခဲ့တဲ့ သက်မွန်မြင့်တို့ BFF အုပ်စုတွေ

သူငယ်ချင်းရဲ့ဆိုင်ဖွင့်ပွဲကို တက်ညီလက်ညီတက်ရောက်ခဲ့တဲ့ သက်မွန်မြင့်တို့ BFF အုပ်စုတွေ

ချစ်သက်တို့သူငယ်ချင်းတွေက အသက်ဘယ်လောက်ပဲရရ ကလေးလေးတွေလိုပဲ အတူသွား အတူစားနဲ့ ပျော်စရာကောင်းလွန်းပါတယ်။ အမြဲတမ်း အတူတူခရီးတွေထွက်ကြပြီး တစ်ယောက်နဲ့တစ်ယောက် လည်း ခင်မင်ခဲ့တာ ဆယ်စုနှစ်တစ်စုရှိခဲ့ပြီဖြစ်ပြီး တစ်ယောက်အပေါ်တစ်ယောက် ထားတဲ့သဘောထား တွေ တစ်ယောက်အကြောင်းတစ်ယောက် အပြန်အလှန်သိတာတွေကတော့ ပြောစရာမလိုအောင်ကို သိပြီးဖြစ်လောက်ပါရဲ့။

သူငယ်ချင်းဆိုတာ ဘဝကပေးတဲ့အကောင်းဆုံးလက်ဆောင်ပါ။ ကိုယ့်နားမှာ အချိန်ကြာလေလေ ပိုပြီးတန်ဖိုးကြီးလေလေကတော့ သူငယ်ချင်းပါပဲ။

ကိုယ့်အကြောင်းကို အစအဆုံးသိပြီး ကိုယ်နဲ့အတူတူ ကောင်းသည်ဆိုးသည် အရာအားလုံးကို အတူတူရင်ဆိုင်ပေးတဲ့ သူငယ်ချင်းမျိုးရဖို့ဆိုတာ တော်တော်ကို မလွယ်တဲ့ကိစ္စပါ။ ဒီလိုသူငယ်ချင်းတွေအများကြီးရှိတဲ့ သက်မွန်တို့ BFF အဖွဲ့က တကယ့်ကို ကံထူးသူတွေပါပဲ။

သူမတို့သူငယ်ချင်း ဆိုင်ဖွင့်ပွဲကို တက်ညီလက်ညီသွားရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ” ဒီမနက် မွန်တို့ BFF ထဲက ကိုဖြိုးရဲ့ ဆိုင်ဖွင့်ပွဲရောက်ဖြစ်တယ်! M&Wဆိုင်ဖွင့်ပွဲ ဒီလိုမျိုး သူငယ်ချင်းတွေ ရထားတာ နည်းတဲ့ကုသိုလ်လားနော် သူတို့နဲ့ဆို စိတ်ချမ်းသာရတဲ့ချိန်များတာလေ. ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေကိုမြင်ရတာ ပျော်စရာကြီးနော်။

Facebook Comments