Iron Manမင်းသားကြီး တင်လိုက်တဲ့ End Game ဇာတ်လမ်းရဲ့ Behind Scene Video

Iron Manမင်းသားကြီး တင်လိုက်တဲ့ End Game ဇာတ်လမ်းရဲ့ Behind Scene Video

သမိုင်းတစ်လျောက်ကမ္ဘာစံချိန်ဝင်ငွေစံချိန်အကောင်းဆုံး နံပါတ် (၂) နေရာကို Titanic ဇတ်ကားကိုကျော်ပြီး ရယူနိုင်ခဲ့တဲ့ Avenger End Game ကတော့ ပရိသတ်တွေ ဘယ်လောက်ကြိုက်နှစ်သက်ကြတယ်ဆိုတာ အထူးပြောစရမလိုပါဘူး ။ End Game ကတော့ ၂၀၀၈ ခုနှစ်ကတည်းစတင် အစပျိုးလာခဲ့တဲ့ Super Hero ရုပ်ရှင်ဇာတ်လမ်းတွေရဲ့ အချိုးအကွေ့တစ်ခုအဖြစ် ကျနော်တို့ရဲ့စိတ်ထဲကို ဝင်ရောက်စိုးမိုးနိုင်သွားခဲ့ပါပြီ။ အဲဒီဇာတ်လမ်းတွေထဲက တချို့ဇတ်ကွက်တွေကတော့ အခုထက်ထိ ပရိသတ်တွေရဲ့ အမြင်အာရုံကိုစိုးမိုးထားနိုင်တယ်လို့လည်း ကျနော်ယုံကြည်ပါတယ်။ ဇာတ်လမ်းအချိတ်အဆက်ကောင်းကောင်း တင်ပြပုံကောင်းကောင်း နဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်တာကိုက MCUရဲ့ ပြယုဂ်တစ်ခုလို့တောင်ဆိုရမယ်ထင်ပါတယ်။

သုံးနာရီကြာတဲ့ ပြသချိန်မှာ တစက္ကန့်မှ ပျင်းရိခြင်းမရှိအောင် အကောင်းဆုံးတင်ဆက်ပြသနိုင်ခဲ့တာကိုလည်းအားလုံးသိကြပြီးသားဖြစ်ပါတယ်။ ကျနော်တို့ကိုရုံထဲမှာ ဟေးကနဲ အော်ပြီးထခုန်မတတ်စိတ်ကို ဆွဲဆောင်နိုင်တဲ့ Scene ကြီးတစ်ခုရှိပါတယ်။ အဲ့တာကတော့ အဗန်ဂျာတွေအကုန်လုံး တိုက်ပွဲရှိရာနေရာကို ရောက်လာတဲ့အချိန်ပါပဲ။ အဲ့ဒီအချိန်မှာ ပဲ Spider Man (စပွိုင်လာ မန်း) တစ်ယောက် Iron Man နဲ့ပြန်တွေ့တဲ့အခန်းကလည်း ဇာတ်လမ်းရဲ့အရှိန်အမြင့်ဆုံးဇာတ်ဝင်ခန်းတစ်ခန်းဖြစ်ခဲ့တယ်လို့ပြောရင် အားလုံးပဲငြင်းကြမယ်မထင်ပါဘူး။ အခုကျနော်တို့ပြောချင်လွန်းလို့ပရိသတ်တွေကို တင်ဆက်ဖောပြသွားမယ့် Video လေးတစ်ခုရှိပါတယ်။

အဲ့ဒီVideoလေးက စက္ကန့်ပိုင်းလောက်သာကြာပေမယ့် ကျနော်တို့ရဲ့မိတ်ဆွေတွေကို ကျေနပ်နှစ်သက်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီVideo လေးကတော့ ကျနော်အပေါ်ကပြောခဲ့တဲ့ Spidy နဲ့ Iron Man ပြန်လည်တွေ့ဆုံတဲ့အခန်းလေးကိုရိုက်ကူးနေတဲ့ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးပဲဖြစ်ပါတယ်။

ဒီVideo လေးကို Iron Man နေရာမှာ သရုပ်ဆောင်တဲ့ ရောဘတ်ကို တိုင် Instagram မှာတင်ထားတဲ့Video လေးပဲဖြစ်ပါတယ်။ ဒီVideoလေးကိုကြည့်ပြီးမိတ်ဆွေတို့ရဲ့ အမြင်လေးတွေကိုလည်း ပြန်လည်မျှဝေပေးသွားခဲ့ပါဦးခင်ဗျ

Facebook Comments