အနီရင့်ရင့်နဲ့ ရဲရဲနီပွင့်လန်းနေတဲ့ မိုးဟေကို

အနီရင့်ရင့်နဲ့ ရဲရဲနီပွင့်လန်းနေတဲ့ မိုးဟေကို

မိုးဟေကိုဟာ မြန်မာ့ရုပ်ရှင်လောကမှာ ကျင်လည်အောင်မြင်လာခဲ့တာ ဆယ်စုနှစ်များစွာရှိခဲ့ပြီးနောက် အသက်အရွယ်အားဖြင့်လည်း တစ်နှစ်ထက်တစ်နှစ်ကြီးလာတာ ဖြစ်ပါတယ်။ အရင်ကထက် ပိုပြီးတည်ငြိမ်ရင့်ကျက်လာတဲ့ မိုးဟေကိုကို အမျိုးသမီးအမျိုးသားများကပါ သဘောကျလာခဲ့ပါတယ်။ ဖက်ရှင်ဒီဇိုင်းမျိုးစုံနဲ့ လိုက်ဖက်လှပလွန်းတဲ့ မိုးဟေကိုက အခုတခါမှာတော့ ပေါ့ပါးလန်းဆန်းတဲ့ ဖက်ရှင်လေးနဲ့ လွင်နေအောင် လှရက်လွန်းနေခဲ့ပါတယ်။

အနီရောင်လက်ပြတ်အင်္ကျီလေးနဲ့လိုက်ဖက်အောင် ခါးပတ်နဲ့ဖိနပ်လေးကို အနီရောင်ရွေးချယ်ခဲ့ပြီး ခပ်မိုက်မိုက်နဲ့ ပေါ့ပါးလှပမှုကို ပေါ်လွင်အောင် ဂျင်းကုတ်လေးကို ဟန်ချက်ညီစွာ ရွေးချယ်ထားခဲ့ပါတယ်။ စတိုင်ကျစွာ ၀တ်ဆင်ထားတဲ့ ဖက်ရှင်နဲ့လိုက်ဖက်အောင် အနီရဲရဲနှုတ်ခမ်းနီလေးကို ဆိုထားတဲ့ မိုးဟေကိုရဲ့အသွင်အပြင်နဲ့အလှအပက ခပ်မိုက်မိုက်လေးနဲ့ ဖက်ရှင်စတိုင်ကျလှပါတယ်။

မိုးဟေကိုဟာ တည်ငြိမ်ရင့်ကျက်ပြီး အနုပညာလုပ်ငန်းများကို အမှားမရှိအောင် လုပ်ကိုင်တတ်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ပရိသတ်များက အသိအမှတ်ပြုခဲ့ပါတယ်။ ခမ်းနားတဲ့ အလှတရားများကို ပိုင်ဆိုင်ထားတဲ့ မိုးဟေကိုဟာ အချိုးအဆစ်ကျတဲ့ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားပြန်တာကြောင့် သူမရဲ့ဖက်ရှင်တိုင်းကို ပရိသတ်များက အတုယူလေးစားခဲ့ပါတယ်။

မိုးဟေကိုဟာ သရုပ်ဆောင်တစ်ဦးဖြစ်ရုံသာမက ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်စီးပွားရေးများကိုလည်း ဦးဆောင်လုပ်ကိုင်နေတာကြောင့် အနုပညာလှုပ်ရှားမှုအပိုင်းများမှာ နည်းပါးသွားပေမယ့် လက်ရှိမှာတော့ ပွဲအခမ်းအနားများကို တက်ရောက်ပေးနေတာ တွေ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူမ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများကို ပြန်လည်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Facebook Comments