အွန်လိုင်းပေါ်ကပေါ်ပင်အဆိုတော်တွေကို ဒဲ့ဝုန်းလိုက်တဲ့ အလင်းသခင်

အွန်လိုင်းပေါ်ကပေါ်ပင်အဆိုတော်တွေကို ဒဲ့ဝုန်းလိုက်တဲ့ အလင်းသခင်

Online ပေါ်မှာ အခွီဗွီဒီယိုလေးတွေတင်ပြီး လူတွေရဲ့စိတ်ကိုပိုင်စိုးနိုင်ခဲ့တဲ့သူ ၊Facebook မှာ Poppingဖြစ်ပြီး အကြောင်းရာလေးတွေ၊ လူတိုင်းရဲ့ ပါးစပ်ဖျားရောက်နေတဲ့ အကြောင်းအရာတွေကို Video တွေရိုက်ပြီး အမြဲတမ်းလိုလို ဝုန်းတတ်တဲ့ Facebook Cele အလင်းသခင်က အခုလည်း မြန်မာနိုင်ငံမှာ ဆယ်လီတွေတအားများလာတဲ့အပ်ါမှာ Myanmar Load TV နဲ့အင်တာဗျူးတစ်ခုမှာ သူရဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်းပြောပြသွားတာရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ ။

“အခုနောက်ပိုင်းကျနော်သိတာ ကအခုနောက်ပိုင်းကဘာတွေဖြစ်နေလဲဆိုတော့ အရင်ကလိုသရုပ်ဆောင်တော်တာတို့ ၊အဆိုကောင်းတာတို့ ၊ Catwalk လှနေတာတို့ လူချောနေတာတို့ အဲ့ဒါတွေက အသုံးမဝင်တော့ဘူး ကျနော်ထင်တယ် လုံးဝအသုံးမဝင်တော့ဘူး ။ဘာဖြစ်လို့လဲဆိုတော့ Social မီဒီယာခေတ်ဖြစ်နေပြီ။ အွန်လိုင်းပေါ်မှာပရမ်းပတာလုပ်ပြလိုက် အသံဆိုးကြီးနဲ့ဝိုင်းဆဲခံရလည်း အဆိုတော်ဖြစ်တယ်။ ပရမ်းပတာကုန်းကုန်းကွကွနဲ့ကပြရင်လည်း Celebrity ဖြစ်တယ်။ ဟော ရှိတဲ့ဟာကို သေးသေးကြီးကြီး Effect တွေနဲ့လုပ်ပြီးဖော်ပြလိုက်ပြီဆိုရင် Celebrity ဖြစ်တယ်။ သေချာတယ် အဲဒီလူက မိန်းကလေးဆိုရင်မင်းသမီး ၊ ယောက်ျားလေးဆိုရင်မင်းသားဖြစ်မယ်။

အဲ့ဒီလိုမျိုးဖြစ်နေတယ်ဆိုတော့ အနုပညာရှင်တွေကနောက်ပိုင်းမှာဘယ်လိုဖြစ်လာလဲဆိုတော့ ပြောက်သောက်ဖြစ်လာတယ်။ ဘယ်လိုဖြစ်လာလဲဆိုတော့ နို့ဆီခွက်နဲ့ထည့်ထားတဲ့ နှမ်းစေ့ထဲမှာ အဖြူတွေအားလုံးထဲမှာ နှမ်းစေ့အမည်းတစ်စေ့ပေါ့ အဲ့ဒီလိုမျိုးဖြစ်နေတာလား။ ဒါမှမဟုတ် နှမ်းစေ့အမည်းတွေကြားတ အဖြူတစ်စေ့ဖြစ်နေတာလားတော့မသဲကွဲဘူး ။ဘယ်ဟာက ဘာလဲဆိုတာကိုရွေးချယ်ရအရမ်းခက်နေတဲ့အချိန်ဖြစ်နေတယ်။ သူကဖြူနေတာလား ၊မည်းတာကောင်းတာလား ။ အမည်းတစ်ခုတည်းဖြစ်နေတာလား မသဲကွဲဘူး အခုလိုအောင်မြင်တဲ့လူတွေအများကြီးကြားထဲမှာ အားလုံးကအောင်မြင်နေကြတာပဲ ဘာကိုအောင်မြင်မှန်းမသိဘူး ။ပြီးရင်ဟိုပွဲဆိုလည်းတက်တယ်။ ဒီပွဲဆိုလည်းတတ်တယ်။ ပွဲကတော့တက်နေတာပဲ ဘယ်သူမှန်းမသိဘူုး ။

Celebrity တွေစွတ်ဆန်နေတာပဲ တင်လိုက်တာ ဘယ်ပွဲရောက်နေပါတယ်။ ညာပွဲရောက်နေပါတယ်။ ပြီးတော့လည်း အကယ်ဒမီပွဲ တက်လိုက်တဲ့အကယ်ဒမီပွဲ ဘယ်ကားမှာမှလည်းမမြင်ဖူးဘူး ။ဘယ်ရုပ်ရှင်မှာ ပါသွားမှန်းလည်းမသိဘူး ။ ဘယ်လိုအနုပညာလှုပ်ရှားမှုမျိုးလုပ်နေမှန်းလည်းမသိဘူး ။တစ်ခါမှလည်းမမြင်ဖူးဘူး ။ အကယ်ဒမီပေးပွဲ ဘယ်ပိုးထည်ကိုကျေးဇူးတင်ပါတယ်။ ဒီပိုးထည်ကိုကျေးဇူးတင်ပါတယ်။ ကိုယ့်ဘာသာကို လျှောက်ဝယ်ဝတ်လည်း လျှောက်ရေးတာပေါ့ ကြားကောင်းတာပေါ့ ။

ပြီးရင်မိတ်ကပ်လည်း ကိုယ့်ဘာသာကိုယ် လမ်းထိပ်ကဆိုင်မှာ ရှစ်ထောင်ပေးပြီးလိမ်းပြီးတော့ ဘယ်သူလိမ်းပေးပါတယ်။ လျှောက်ပြီးတော့ပြောမယ် အဲ့ဒီလိုမျိုးဟာတွေပြောပြောပြီးတော့ ပွဲတက်နေကြတာပေါ့ ။ ပြီးတော့ခုနောက်ပိုင်းေ။ ကြိုက်တဲ့ပွဲကိုကြည့်ပါ ကိုယ်တောင်မသိဘဲနဲ့Celebrityဖြစ်နေတဲ့သူတွေအများကြီးရှိတယ်။ အွန်လိုင်းပေါ်မှာနည်းနည်းထောင်ထောင်ဆိုရင် Celebrity ဖြစ်နေပြီ ။ အဲ့ဒီလိုဆိုတော့ တကယ်အရည်အချင်းရှိပြီးတကယ်တော်နေတဲ့သူတွေကငုတ်နေတယ်။ ကိုယ်တွေကတော့ အမြဲတမ်းဝုန်းနေမှာပဲ Celebrity မဖြစ်လည်းဘာမှမဖြစ်ဘူး ။ကိုယ်တွေဝုန်းရရင်စိတ်ချမ်းသာတယ်။

အွန်လိုင်းပေါ်မှာပေါ့နော် လူတွေComment မှာပြောပြောနေကျ စကားတစ်ခုရှိတယ်။ အင်တာနေရှင်နယ်ဆန်ပါတဲ့ ။ အင်တာနေရှင်နယ်ကိုကြည့်ပါတဲ့ နိုင်ငံခြားကိုကြည့်ပါတယ်။ ဟိုအဆင့်အတန်းရှိရှိနေထိုင်ပါတဲ့ ။ အဲ့ဒီလိုပြောတဲ့လူတွေကြောင့်လို့တော့ ထင်တာပဲ အင်တာနေရှင်နယ်လို့ပြောပြီးတော့လေ အင်တာနေရှင်နယ်ဆိုတဲ့ စာလုံးတောင်မပေါင်းတတ်ဘူး ။အဲ့ဒီလိုမျိုးလူတွေက အင်တာနရှင်နယ်လို့ပြောတယ်။ ပြီးရင်အဆင့်အတန်းရှိရှိနေဖို့ပြောတယ်။ပြီးရင် သိက္ခာရှိရှိနေဖို့ပြောကြတယ်။

အဲ့ဒီလိုမျိုးပြောကြတော့ဘာတွေဖြစ်လာလဲဆိုတော့ အွန်လိုင်းပေါ်မှ ပရမ်းပတာ ဖော်ပြမယ်ပြီးရင်သူတို့ကပြောမယ် ဒါအင်တာနေရှင်နယ်ဆန်တာနိုင်ငံခြားမှာလည်းရှိတယ်။အဲ့ဒီလိုဆိုရင်သူ့တို့ကအကောင်း ကောင်းတယ်ကောင်းတယ်အရမ်းတော်တယ်။ အဲ့ဒီနောက်မှာ သူတို့ကို ဝန်းရံမယ် အလုပ်မရှိ၁၀၉၊၁၁၀တွေဝန်းရံမယ် ။ အလုပ်မရှိအကိုင်မရှိ တစ်နေကုန်လိုင်းပေါ်မှာ Star 800 ချေးပြီးလိုင်းသုံးနေရတဲ့သူတွေကလည်းဝန်းရံမယ်။ အဲ့ဒီဝန်းရံခံရတော့ကောင်မလေးဂုဏ်တတ်တာပေါ့ ။ သေချာတယ်။ အဲ့ဒီကောင်မလေးမင်းသမီးဖြစ်တော့မှာ ။အဲ့ဒီလိုတွေဖြစ်နေတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Facebook Comments