ကင်ဆာဝေဒနာရှင် ဇာတ်ပို့သရုပ်ဆောင် နွယ်နီအတွက် လိုအပ်သမျှ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ကင်ဆာဝေဒနာရှင် ဇာတ်ပို့သရုပ်ဆောင် နွယ်နီအတွက် လိုအပ်သမျှ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေက ကင်ဆာရောဂါ အဆင့် (၃) ကို ခံစားနေရတဲ့ ဇာတ်ပို့သရုပ်ဆောင် မနွယ်နီရဲ့သတင်းလေးကို ကြည့်ပြီး အနုပညာသမားအချင်းချင်း ကိုယ်ချင်းစာမိတဲ့အတွက် ဆေးဝါး ကုသနိုင်ရန် အလှူငွေကျပ် (၆) သိန်းနဲ့ လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။

ခိုင်နှင်းဝေက မေလ (၁၃) ရက်နေ့မှာ ကင်ဆာဝေဒနာကို ခံစားနေရတဲ့ ဇာတ်ပို့သရုပ်ဆောင်​ နွယ်နီထံ လိုအပ်သော အခက်အခဲများကို ပြည့်စုံသည်အထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

“ဟိုတစ်နေ့ညက MC သတင်း Page မှာ ဇာတ်ပို့ အလွှာမှ သရုပ်ဆောင် မနွယ်နီ သတင်းလေးကိုကြည့်ပြီး

အနုပညာ သမား အချင်းချင်း ကိုယ်ချင်းစာမိလို့ ဒီနေ့မနက်မှာ …. သူ့အခက်အခဲ …. သူ့ကျန်းမာရေး ….

သူ့ သားသမီးလေးတွေရဲ့ဘဝအားလုံး အတွက် စဉ်းစားပြီး ဆေးဝါး ကုသနိုင်ရန် အလှူငွေကျပ် 6သိန်း

အိမ်မှာ ပူဇော်နိုင်ရန် ဘုရားတဆူ တို့အပြင် မနေ့က တရက် ထည်းနဲ့ လွယ်လွယ် ကူကူ ဈေးရောင်းနိုင်ဖို့တွက် လှည်း၊ လိုအပ်တဲ့ အိမ်ထောင်သုံးစားစရာ၊ ကလေးလေးတွက် မုန့်၊

အရုပ် တွေအပြင် ရောင်းချနိုင်ရန်အတွက် ထိုင်းနိုင်ငံမှ တိုက်ရိုက် တင်သွင်းသော အကင်စုံတို့ကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်ရှင် 🙏🙏🙏” ဆိုပြီး သူမရဲ့ပီတိဖြစ်ဖွယ် အလှူဒါနပြုလုပ်မှုလေးကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားမျှဝေခဲ့ပါတယ်။

ခိုင်နှင်းဝေရဲ့ ၀မ်းမြောက်ဖွယ်အလှူများကြောင့် မနွယ်နီတစ်ယောက် မျက်ရည်ကျရတဲ့အထိ ၀မ်းသာခဲ့တာမြင်တော့ ခိုင်နှင်းဝေတစ်ယောက် ပင်ပန်းခဲ့သမျှ ပျောက်တဲ့အထိ ကြည်နူးပီတိဖြစ်နေမိတယ်လို့ ဆိုခဲ့ပါတယ်။

“ကျွန်မကိုမြင်တော့ ဝမ်းသာလွန်းပြီး မျက်ရည်ကျတာမြင်တော့ ကျွန်မလည်း ပင်ပန်းတာတွေ ပျောက်တဲ့ထိ ကြည်နူးပီတိဖြစ်မိပါတယ် …” လို့ ဆိုပါတယ်။

အလှူအတွက် ပူးပေါင်းပါဝင်လှူဒါန်းပေးခဲ့ကြသူများနဲ့ လိုက်လံရိုက်ကူးပေးခဲ့သော မီဒီယာအဖွဲ့သားများကိုလည်း ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ်။

သတင်းလိုက်လံရိုက်ကူးပေးသော MC နှင့် အလင်းတန်း အဖွဲ့သားများ ကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင် 🙏🙏🙏 ကျွန်မခုလိုရပ်တည်နိုင်တာ အလှူရှင်များ နှင့် မီဒီယာများ မရှိရင်လည်းမဖြစ်တာမို့ အားလုံး ကိုဒီနေရာကနေ ကျေးဇူး အများကြီး တင်ရှိပါကြောင်း ပြောကြားချင်ပါတယ်ရှင် 😊😊😊😊” ဆိုပြီး ဆက်လက်ရေးသားခဲ့ပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ မေတ္တာစေတနာရှင်မလေး ခိုင်နှင်းဝေကတော့ ဘ၀အခက်အခဲများနဲ့ ချို့တဲ့နေကြတဲ့ ပြည်သူများကို တတ်နိုင်သလောက် တနေ့ပြီးတနေ့ တစ်ရက်ပြီးတစ်ရက် လှူဒါန်းအကျိုးပြုနေတာဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း ခိုင်နှင်းဝေအတွက် စိတ်ခွန်အားဖြစ်စေမယ့် စကားလေးများကို ပြန်လည်လက်ဆောင်ပေးခဲ့ပါဦးနော်။

Source From Khine Hnin Wai

Facebook Comments