အမေက ၉နှစ်သမီးလေးပဲ ထင်နေတယ် ဆိုတဲ့ယွန်းယွန်း

အမေက ၉နှစ်သမီးလေးပဲ ထင်နေတယ် ဆိုတဲ့ယွန်းယွန်း

ကလေးသရုပ်ဆောင်ဘဝနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပြီး အခုဆိုရင်အသက် ၁၉နှစ်ရှိသွားပြီဖြစ်တဲ့ သရုပ်ဆောင်ယွန်းယွန်းကိုတော့ သိပြီးသားဖြစ်မှာပါ။ သူဟာ ပညာရေးကိုဦးစားပေးနေရတဲ့အချိန်ဖြစ်နေပြီး အနုပညာအလုပ်တွေခဲကျဲကျဲ လုပ်ဖြစ်နေတဲ့အကြောင်းကို Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ယွန်းယွန်းကိုချစ်တဲ့ အားပေးတဲ့ပရိသတ်တွေသိအောင်ဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်။

ယွန်းယွန်း က သူ့အမေနဲ့ပတ်သက်ပြီး “ အခုသမီးက ၁၉နှစ်လောက်ဆိုပေမယ့် သူ့မျက်စိထဲမှာ ၉နှစ်လောက်ပဲ မြင်နေတာ (သဘောကျလျက်) ။ သူကတော့ သမီး ဘယ်တော့မှ အဲ့ဒီလိုမျိုးစိတ်မချဘူး ။ စိတ်ပူတယ် ။ လိုလေသေးမရှိလိုက်ကြည့်ပေးတယ်။ ဒါသမီးကံကောင်းတာပေါ့ အဲ့ဒီလိုပဲတွေးရတာပေါ့ ။ သူ့ကိုလည်း သူရဲ့ဘဝမှာအချိန်တွေအများကြီး ပေးထားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

(စဉ်းစားလျက်) သမီးကတော့ သူ့ကို အခုချိန်မှာ အများကြီးကျေးဇူးမဆပ်နိုင်သေးတဲ့အတွက်ကြောင့်အဲ့ဒီလိုမျိုးပညာရေးလုပ်တာ နောက်ပြီးအနုပညာဆိုရင်လည်း ပရိသတ်လက်ခံမယ့်သဘောကျမယ့်အရာလေးတွေလုပ်တာတို့နဲ့ပဲကျေးဇူးဆပ်နိုင်သေးတာပေါ့နော်။ အဲ့ဒီလိုဆိုတော့ သမီးလုပ်တာလေးသူကြည့်ပြီးတော့ စိတ်ချမ်းသာတယ်ဆိုရင်သမီးလည်းပျော်ပါတယ်။”ဆိုပြီးပြောသွားပါတယ်။

သူ့နဲ့ပတ်သက်ပြီး ပရိသတ်တွေစိတ်ဝင်စားနေတဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း “ အဲ့ဒါကတော့ အေးအေးဆေးဆေးပါပဲ ပြောပြရလောက်အောင်အနေအထားတော့မရှိသေးပါဘူး ။ငယ်ငယ်ကတော့အရမ်းစိတ်ကူးယဉ်တယ်။ ဒါပေမယ့် ကြီးလာတော့စိတ်ကူးယဉ်တိုင်းလည်းဖြစ်ချင်မှဖြစ်လာတာဆိုတော့ အဲ့ဒါမျိုးတွေစိတ်ကူးယဉ်တာနဲ့ အချိန်ကုန်မခံနိုင်တော့ဘူး။

တကယ်တန်းထိပ်တိုက်ရင်ဆိုင်ရလာပြီဆိုရင် သူများသမီးကိုယ့်ကို ဘာတွေပေးမယ် ဘယ်လိုတွေဆက်ဆံမလဲဆိုတာထက် ငါသူများသားသမီးကိုဘယ်လိုစိတ်ချမ်းသာအောင်ထားမလဲ ငါ့ကြောင့် သူ့ကိုဒုက္ခမရောက်ပဲနဲ့နှစ်ယောက်စလုံးအဆင်ပြေအောင် ဘယ်လိုနေမလဲပေါ့အဲ့ဒီလိုမျိုးပိုပြီးတော့တွေးဖြစ်တယ် ။သမီးဘာတွေလိုချင်တယ် ဘယ်လိုအချက်တွေရှိတယ် ဆိုတာ တော့သိပ်မရှိပါဘူး” ဆိုပြီးပြောပြသွားပါတယ် ။

Facebook Comments