ကောင်မလေးတွေဝိုင်းနမ်းခံရတာကိုဖြေရှင်းလိုက်တဲ့ X Box

ကောင်မလေးတွေဝိုင်းနမ်းခံရတာကိုဖြေရှင်းလိုက်တဲ့ X Box

အဖူးလို့ချစ်စနိုးခေါ်ကြတဲ့ X Boxin ဟာဆိုရင်လွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက လူငယ်တွေကြားထဲမှာရေပန်းစားအောင်မြင်လာတဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပြီးအခုဆိုရင်တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေပြီဖြစ်တဲ့အနုပညာရှင်တစ်ဦးပါ။ ပါးချိုင့်လေးနဲ့ရယ်လိုက်ရင်အရမ်းချောတဲ့ X Box ကို သည်းသည်းလှုပ်အားပေးတဲ့ မိန်းကလေးပရိသတ်တွေကလည်း အတော်များများရှိနေပါတယ်။ မကြာသေးမီက Clover cosmetics ဆိုင်ရဲ့ပွဲမှာ X Box ကိုချစ်တဲ့ပရိသတ်ကောင်မလေးတွေအတွက်အထူးအစီအစဉ်လေးလုပ်ပေးခဲ့ပြီး အဲဒီအစီအစဉ်မှာ X Box နဲ့ ပရိသတ်ကောင်မလေးတွေ ပျော်ပျော်ပါးပါးဓာတ်ပုံအတူတူတွဲရိုက်ခဲ့ကြပါတယ်။

ကောင်မလေးတွေကလည်းထုံးစံအတိုင်း သူတို့သည်းသည်းလှုပ်အားပေးတဲ့အနုပညာရှင်နဲ့ တွေ့ဆုံဖို့ရှားရှားပါးပါးအခွင့်အရေးရတာဖြစ်တော့ အချို့က အကြင်နာတွေပိုချင်ကြတယ်လို့ဆိုရမှာပါ။ ပရိသတ်တွေထဲကတစ်ယောက်က X Box နဲ့ ဓာတ်ပုံရိုက်ဖို့ post တွေလုပ်ရာမှာ X Box ကိုအနမ်းတွေခြွေလိုက်တာကို အားလုံးတွေ့လိုက်ရမှာပါ။ အဲဒီလိုကောင်မလေးတွေရဲ့အကြင်နာတွေတပွေ့တပိုက်ကြီးရလိုက်တာနဲ့ပတ်သက်ပြီး X Box က မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖြေရှင်းပြောပြထားခဲ့ပါတယ်။

X Box က ကောင်မလေးတွေဝိုင်းနမ်းတာခံလိုက်ရတဲ့အကြောင်းကို “ပရိသတ်တွေက ကျွန်တော့်ကိုအလည်မှာထားပြီးတော့ နမ်းပြီးတော့ ဓာတ်ပုံရိုက်တဲ့ဟာပေါ့။ ဘာမှမဖြစ်ပါဘူး အေးဆေးပါ။ ပါးပါ။ ကျွန်တော်ကပါးချိုင့်ရှိတော့ ပါးနမ်းရင် ပါးချိုင့်ထဲနှုတ်ခမ်းက ဝင်သွားတယ်လို့ခံစားရလို့ ပါးချိုင့်ရှိတဲ့ပါးကိုနမ်းတာကိုပိုကြိုက်ပါတယ်။ နှုတ်ခမ်းကတော့ ရည်းစားမှ ချစ်သူမှလင်မယားမှနမ်းလို့ရတာလေ။ ကျွန်တော်ပြောတဲ့ ပါးက လူတိုင်းနမ်းလို့ရပါတယ်”လို့ ရယ်မောရင်းဖြေကြားထားပါတယ်။

X Box က လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကိုတော့ “ကျွန်တော် မန္တလေးမှာ ပွဲလာလုပ်ပါမယ်။ ကျွန်တော်အခု မေလ 19 ရက်နေ့မှာ ရန်ကုန်မြို့မှာ တစ်ကိုယ်တော် House Party ဆိုပြီးတော့ The Maze Club မှာ ပွဲလုပ်မယ်။ ကျွန်တော်ပွဲလုပ်ရင် အမြဲတမ်းရန်ကုန်မှာပဲလုပ်ဖြစ်တာများတယ်။ ဒါပေမယ့် ဒီနှစ် House Party ကိုတော့ မန္တလေးကိုပါလာပြီးပွဲလုပ်ဖို့အခုကတည်းကပြင်ဆင်နေပါပြီ။ ရန်ကုန်မြို့ပွဲကတော့ မေလ 19 ရက်နေ့မှာ ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းတွေရယ် ဖျော်ဖြေဖို့ရှိပါတယ်။ ကျွန်တော့်ပွဲပါပဲ၊ မန္တလေးကတော့ မိုးကုန်မှလာဖြစ်မယ်ထင်တယ်ခင်ဗျ”လို့ ပြောပြထားပါတယ်။

House Party လုပ်ရတဲ့ ရည်ရွယ်ချက်ကိုတော့ X Boxin က “အဓိကက ကျွန်တော်တို့သီချင်းအဟောင်းတွေရော သီချင်းအသစ်တွေရော အဓိကက ကျွန်တော်တို့ထွက်ခဲ့တဲ့သီချင်းတွေ။ကျွန်တော်တို့က နောက်ပိုင်း ကိုယ့်ပွဲပဲကိုယ်လုပ်ပြီးတော့ ဆိုမယ်လို့အကောင်အထည်ဖော်ဖြစ်တော့ ကျွန်တော်တို့ပရိသတ်က ကျွန်တော်တို့ကိုပွဲတွေမှာသိပ်မမြင်ရဘူး။ ကျွန်တော်တို့ပွဲမှပဲကျွန်တော်တို့ကိုမြင်ရတာ။ တစ်နှစ်တစ်ပွဲနှစ်ပွဲလောက်ပဲကျွန်တော်တို့က Plan ထားတာဆိုတော့ ပရိသတ်တွေအတွက်အရမ်းပျော်စရာကောင်းမယ့်ပွဲပါ”လို့ ဖြေကြားထားပါတယ်။


ပရိသတ်ကြီးရော X Box ကိုချစ်ကြလား။ သူ့သီချင်းတွေထဲမှာ ဘယ်သီချင်းကိုအကြိုက်ဆုံးလဲ။ X Box ရဲ့သီချင်းအသစ်တွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Facebook Comments