အလှဆုံပုံ​လေး​တွေနဲ့ က​လေး​လေးတစ်​​ယောက်​ဖြစ်​ချင်​​နေတဲ့ ခြူးလေး

အလှဆုံပုံ​လေး​တွေနဲ့ က​လေး​လေးတစ်​​ယောက်​ဖြစ်​ချင်​​နေတဲ့ ခြူးလေး

ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းပြီး ဖြူစင်ဝင်းပတဲ့ အသားအရေပိုင်ရှင်တစ်ဦးဖြစ်တဲ့ ခြူးလေးကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်..။ သူမဟာဆိုရင် Mrtv-4 မင်းသမီးတစ်ဦးဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲနှင့် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ လက်ခံရိုက်ကူးထားတာဖြစ်ပါတယ်…။ “ကဝေသေလို့ ခြောက်တဲ့တစ္ဆေ” ၊ “မိုးပန်းပွင့်ရဲ့သင်္ကေတ” အစရှိတဲ့ ဇာတ်ကားကြီးတွေမှာ သဘာဝကျကျသရုပ်ဆောင်ပိုင်နိုင်စွာ ရိုက်ကူးခဲ့တာကို ပရိသတ်တို့အနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာပါ….။

ခြူးလေးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်းသူမရဲ့ အလှပုံရိပ်တွေကိုမြင်တွေ့ကြရမှာပါ…။ red carpet show ၊ ဖျော်ဖြေရေးပွဲလမ်းသဘင်တွေကိုနန်းဆန်စွာ တက်ရောက်ခဲ့တဲ့သူမဟာဆိုရင် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်…။ ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပြီး မယ်သီလရှင်၊ ဆရာလေးအဖြစ်လည်း ဗုဓ္ဒဘာသာ သာသနာထဲကို ကြည်ညိုသဒ္ဓါတရားထက်သန်စွာ ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်..။

ခြူးလေးရဲ့ tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်း ပရိသတ်တို့အနေနဲ့ မကြာခဏဆိုသလို ရှုမြင်ခံစားကြရမှာဖြစ်ပြီး အမြဲလိုလိုတင်ဆက်ပြသပေးလေ့ရှိတာဖြစ်ပါတယ်..။ ခြူးလေးဟာပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရ အောင်လူမှုကွန်ယက်စာမျက်နှာ တစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။

အခုတစ်ခါမှာဆိုရင်လည်း “ကလေး တစ်ယောက် ဖြစ်ခွင့်ပေးပါ…” ဆိုတဲ့ status လေးနဲ့တကွ အလှပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားပြီး ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

Facebook Comments