ရုပ်​ရှင်ကားကြီး​ရိုက်​ဖို့ စပွန်​ဆာ​တွေ​တောင် ​ရ​နေပြီ​ ဖြစ်​တဲ့ ​ကျော်​​ကျော်​နန္ဒ

ရုပ်​ရှင်ကားကြီး​ရိုက်​ဖို့ စပွန်​ဆာ​တွေ​တောင် ​ရ​နေပြီ​ ဖြစ်​တဲ့ ​ကျော်​​ကျော်​နန္ဒ

အနုပညာကို ရူးသွပ်​လွန်းလို့ ဆယ်​စုနှစ်​တစ်​ခု​ကျော်​ကြာ​အောင်​ ကြိုးစားပြီး ရပ်​တည်​​နေတဲ့ ​ကျော်​​ကျော်​နန္ဒက​တော့ တမူထူးခြားတဲ့ ဖန်တီးမှုတွေနဲ့ အချိန်တိုအတွင်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အရယူနိုင်​ခဲ့သူတစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ ​ကျော်​​ကျော်​နန္ဒက မကြာခင်​မှာ ရုပ်​ရှင်​ကားကြီး ရိုက်​ကူး​တော့မယ့်​ အ​ကြောင်းနဲ့ အဆိုပါရုပ်​ရှင်​အတွက်​ စပွန်​ဆာ​တွေ​တောင်​ ရ​နေပြီဆိုတဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။

ချစ်​ပရိသတ်​​တွေအတွက်​ မကြာခင်​မှာပဲ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ရိုက်​ကူး​တော့မယ်​ဆိုတဲ့ ကျော်​​ကျော်​နန္ဒရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ကျော်​​ကျော်​နန္ဒက​တော့ “ရုပ်​ရှင်​ကားကြီးအတွက်​ ပိတ်စ​ဖက်​ရှင်​စပွန်​ဆာ​တွေ​ပေးတဲ့ Miss Gym မှ မဇင်မာ ​ကိုလည်း​ကျေးဇူးပါဗျ”ဆိုပြီး မကြာခင်​မှာပဲ ရိုက်​ကူး​တော့မယ့်​ ရုပ်​ရှင်​ဇာတ်ကားကြီးအတွက်​ ပိတ်​စ​တွေ စပွန်​ဆာရခဲ့တဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ပျော်​ရွှင်​စွာ ​ရေးသားထားတာပါ။

ဝေဖန်​ရှုံ့ချသူ​တွေကို ​မေ့ထားပြီး မ​လျှော့တဲ့လုံ့လနဲ့ ကြိုးစား​နေတဲ့ ကျော်ကျော်နန္ဒကတော့ အခုဆိုရင်​ အနုပညာသက်​တမ်း ၁၀နှစ်​​ကျော်​သွားပြီပဲ ဖြစ်​ပါတယ်​။ သူက​တော့ လတ်တလောမှာ အနုပညာမောင်နှမ​တွေနဲ့ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း ​ရုပ်​ရှင်​ဇာတ်​ကားကြီး​တောင်​ ရိုက်​​တော့မယ့်​ ကျော်​​ကျော်​နန္ဒရဲ့အ​ကြောင်းကို အချင်းချင်း ​ဝေမျှသွားကြဖို့ မမေ့ပါနဲ့နော်။

Facebook Comments