ယနေ့ မေလ ၁၆ ရက်မှာ အသက် (၂၁)နှစ်ပြည့် မွေးနေ့ကိုကျရောက်လာတဲ့ ပရိသတ်အချစ်တော် မင်းသမီးလေး ရွှေမှုံရတီ

ယနေ့ မေလ ၁၆ ရက်မှာ အသက် (၂၁)နှစ်ပြည့် မွေးနေ့ကိုကျရောက်လာတဲ့ ပရိသတ်အချစ်တော် မင်းသမီးလေး ရွှေမှုံရတီ

သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုန်ရတီ ကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ပီပြင် တိကျတဲ့ အိုက်တင်တွေနဲ့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး အသက်သွင်းနိုင်တဲ့ ရွှေမှုန်က ပရိသတ်တွေ ရဲ့တစ်ခဲနက် အားပေးထောက်ခံမှုကို ရရှိထားသူ ဖြစ်ပါတယ် ။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း ရွှေမှုန်က အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။

မင်းသမီးချောလေး ရွှေမှုန်ရတီတို့ ဇနီးမောင်နှံ ကတော့ လက်ရှိမှာ အေးချမ်းသာယာတဲ့ အိမ်ထောင်သည် ဘဝလေးကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ ကိုယ်စီ အနုပညာ အလုပ်တွေကို မနားတမ်း လုပ်ကိုင်နေရပေမယ့်လည်း သူတို့စုံတွဲက အချစ်တွေပိုတိုးလို့နေတာ တွေ့ရပါတယ်။ အရမ်းကို Romantic ဆန်ဆန် ချစ်ကြတဲ့ ရွှေရွှေတို့ စုံတွဲကိုတော့ ပရိသတ်တွေအားလုံးက အားကျနေရတာ ဖြစ်ပါတယ် ။

ဒီကနေ့ မေလ(၁၆)ရက်နေ့ကတော့ သဲ လို့ ချစ်စနိုး နဲ့ခေါ်ကြတဲ့ သရုပ်ဆောင် ရွှေမှုံရတီ ရဲ့ အသက်(၂၁)နှစ်ပြည့် မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။ ချစ်တဲ့ ပရိသတ်ကြီးကလည်း ရွှေမှုံအတွက် မွေးနေ့ဆုတောင်းပေးခဲ့အုံးနော် ။

Facebook Comments