






UNICODE

“ပရိသတ်တွေကိုစော်ကားမိတဲ့ အတွက် ဒုက္ခတွေရောက်နေပါတယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ် “

“ပရိသတ်တွေကိုစော်ကားမိတဲ့ အတွက် ဒုက္ခတွေရောက်နေပါတယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ် “

ပရိသတ်တွေချစ်ကြတဲ့ ဇာတ်ပို့ဇာတ်ရံစုံတွဲဖြစ်တဲ့ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်ဟာ အနုပညာလောကမှာ အချိန်အတော်ကြာ အောင်မြင်မှုတွေနဲ့ ရပ်တည်နိုင်သူတွေပါ။ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ဟာ တစ်ဦးချင်းဖြစ်စေ နှစ်ယောက်တွဲပြီးဖြစ်စေ အသီးသီးအောင်မြင်ပြီးသား အောင်မြင်ပြီးသားသူတွေပါပဲ။ ပရိသတ်တွေကလဲ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ကို အားပေးချစ်ခင်ကြပါတယ်။

ပရိသတ်တစ်ယောက် ရဲ့ အားပေးမှုက ကြိုးစားချင်စိတ်ဖြစ်စေပြီး အောင်မြင်မှုတွေနဲ့အတူ ငွေကြေးပါပါလာနိုင်ပါတယ်။ အဲ့အတွက်ကို အနုပညာသမားအတော်များများက သူတို့ပရိသတ်က သူတို့ထမင်းရှင်ဖြစ်တယ် လို့ ပြောဆိုကြတာဖြစ်ပါတယ်။

အမြဲ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ သူမအပြောတွေကြောင့် ပရိသတ်တွေ အထင်အမြင်လွဲမှုတွေကို ခံရတာမို့ စိတ်မကောင်းဖြစ်မိတယ်လို့လဲ သိရပါတယ်။ သူမနဲ့ သရုပ်ဆောင်ဖွေးစိန်တို့ မက်စင်ဂျာမှာ အပြန်အလှန်ပြောဆိုထားတဲ့ စကားများ ပေါ်ထွက်လာမှုနဲ့ ပတ်သတ်ပြီး အကောင့်တုနဲ့ တိုက်ခိုက်တာဖြစ်တာမို့ သူမစိတ်ပျက်မိသွားတယ်လို့ ပြောပြထားပါတယ်။

သူမ ဖေ့စ်ဘုတ် အကောင့်ကို မသုံးဖြစ်တော့ပေမယ့် အနုပညာသမားတစ်ယောက်အနေနဲ့ လှုမှုကွန်ရက်စာမျက်နှာဟာ လိုအပ်ပေမယ့် မသုံးဖြစ်တော့ပဲ Instagram လောက်ပဲ သုံးဖြစ်တော့တယ်လို့ သိရပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေခံနေရတာကလည်း သူမနာမည်ကြောင့် ဖြစ်ပြီး အတိုက်အခိုက်များတဲ့ နာမည် ဖြစ်နေတယ်လို့ သိရပါတယ်။

သူမရဲ့ပွင့်လင်းတဲ့အပြောတွေကြောင့်ပရိသတ်တွေကိုစော်ကားသလို ဖြစ်မိရင် တောင်းပန်ပါတယ်ဆိုတဲ့ အကြောင်းလဲ ပြောပြခဲ့ပါတယ်။ပရိသတ်တွေကို စော်ကားသလို ဖြစ်တာမို့ဒုက္ခတွေ များနေပါတယ်လိုလဲ ပြောပြသွားပါတယ်။Cele Gabar ပရိသတ်ကြီးရော နှိုင်းယှဉ်မြင့်မိုရ် ကို အားပေးစကား တစ်ခုခုပြောသွားပါဦးနော်။

Facebook Comments