တစ်ကိုယ်တည်း အပျိုကြီးတွေအဖြစ် လှလှပပ ရပ်တည်နေကြတဲ့ အလှနတ်သမီး နှစ်ပါး

တစ်ကိုယ်တည်း အပျိုကြီးတွေအဖြစ် လှလှပပ ရပ်တည်နေကြတဲ့ အလှနတ်သမီး နှစ်ပါး

အပျိုကြီး မမနှစ်ယောက်ဖြစ်တဲ့ ခင်လေးနွယ်နဲ့ ယုသန္တာတင်တို့ နှစ်ယောက်သား သူငယ်ချင်းရဲ့ မွေးနေ့ပွဲ ကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။ ချစ်စရာကောင်းတဲ့ မမလှလှ နှစ်ယောက်ကတော့ အချစ်ရေးနဲ့ ပက်သက်ပြီး Single အဖြစ် နေနေလို့လား မသိဘူး အပူပင် ကင်းကင်းနဲ့ လှချင်တိုင်းကို လှနေတာ့တာပဲ ။ အမြဲလိုလို နှစ်ယောက်အတူ ခရီးသွားတတ်ပြီး ပျော်ပျော်နေတတ်သူတွေပဲ ဖြစ်ပါတယ် ။

Single ဘဝက ဘယ်လောက် သာယာကြောင်းနဲ့ လွတ်လပ်ကြောင်းကို သက်သေပြသွားတဲ့ မင်းသမီး နှစ်ယောက်ပါပဲ ။ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ချစ်လို့ရပြီး ကိုယ်သွားချင်တာ ကိုယ်လုပ်ချင်တာတွေကို ဘယ်သူ့ကိုမှ ပြောပြစရာမလိုပဲ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတဲ့သူတွေက Single တွေပါပဲ ။

သူမတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို အလှတွေ စုပုံပြီး တကယ့်ကို ကြွေချင်စရာပါ ။ ချစ်စရာ သူငယ်ချင်း နှစ်ယောက်လုံးက လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်လေး ထက်မှာ အလန်းစား Fashion လေးတွေ ဝတ်ဆင်ထားပုံက တုနှိုင်း မမှီအောင် လှရက်လွန်းတာမို့ တင်ဆက်ပေးလိုက်ပြီနော် ။

Facebook Comments