မနေ့ကထွက်ရှိခဲ့တဲ့ အောင်ဘာလေထီဆုကြီးမှာ ဆုကြီးတစ်ဆုဆွတ်ခူးခဲ့တဲ့အတွက် ပျော်ရွှင်နေတဲ့သင်ဇာဝင့်ကျော်

မနေ့ကထွက်ရှိခဲ့တဲ့ အောင်ဘာလေထီဆုကြီးမှာ ဆုကြီးတစ်ဆုဆွတ်ခူးခဲ့တဲ့အတွက် ပျော်ရွှင်နေတဲ့သင်ဇာဝင့်ကျော်

အမိုက်စားဖက်ရှင်များနဲ့Sexy ကျကျခန္ဓာကိုယ်အချိုးအစားလေးကြောင့်အမျိုးသားထုကြီးရဲ့ အားပေးချစ်ခင်မှုကိုရရှိထားသူကတော့ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ပဲဖြစ်ပြီး လက်ရှိမှာလည်းရုပ်ရှင်ဇာတ်ကားကြီးများလည်းရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့မျက်နှာလေးရယ် ချိုသာလွန်းတဲါအသံလေးတွေကြောင့်လည်း ပရိသတ်တွေကချစ်မဝနိုင်အောင်ကိုဖြစ်နေကြတာပါ။သူမဟာ ဒီနေ့မှာတော့ မွန်ပြည်နယ် ရေးမြို့နယ်သို့ ဆိုင်ဖွင့်ပွဲအခမ်းအနားတစ်ခုအတွက်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီပွဲလေးမှာလည်း သင်ဇာတစ်ယောက် အဖြူရောင်အကျီလေးနဲ့အရမ်းကိုလှလွန်းနေတာလည်း ဖြစ်ပါတယ်။ သူမကတော့ မကြာခင်အချိန်အတွင်းက လူမှုကွန်ယက်စာမျက်နှာမှာ ပရိသတ်တွေကိုသတင်းတစ်ခုပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကတော့ မနေ့ကဖွင့်လှစ်ခဲ့တဲ့ အောင်ဘာလေထီဖွင့်ပွဲမှာ သင်ဇာတစ်ယောက် ငါးသောင်းဆုတစ်ဆုပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ သင်ဇာရဲ့လူမှုကွန်ယက်စာမျက်နှာမှာလည်း “ အောင်ဇမ္မူဘုန်းဘုန်းကျောင်းမှာထိုးလိုက်တဲ့ထီ …..ဒီနေ့ငါးသောင်းဆု ပေါက်တယ်တဲ့…. ပျော်လိုက်တာ ” ဆိုပြီး ဝေမျှထားတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ကံထူးသူလေး သင်ဇာရဲ့သတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Facebook Comments