Facebook အကောင့်ကို မန်နေဂျာတွေကိုပဲပေးသုံးထားတယ်ဆိုတဲ့ မိုးဟေကို

Facebook အကောင့်ကို မန်နေဂျာတွေကိုပဲပေးသုံးထားတယ်ဆိုတဲ့ မိုးဟေကို

တည်တည်ငြိမ်ငြိမ်ပုံစံလေးနဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ လုံးဝမရှိတဲ့ ထိပ်တန်း မင်းသမီး မိုးဟေကိုကတော့ လက်ရှိချိန်မှာ မိခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာလှုပ်ရှားမှုတွေ ကြဲသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ ပရိသတ်တွေကို စိတ်မပျက်သွားဖို့ကို ပြောကြားခဲ့ပြီး သူ့အနေနဲ့ အနုပညာအလုပ်တွေကိုလည်း ဆက်လုပ်သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ မိုးဟေကိုကတော့ Cele Yatkwat နဲ့ အင်တာဗျူးမှာ ကိုယ့်ကိုကိုယ် ဆွဲဆောင်မှု ရှိအောင် ဘယ်လိုနေလဲဆိုတဲ့ အပေါ်မှာတော့ “ညိုတာကတော့ ညိုပါတယ်။ အသားက ဒါပေမယ့်လည်း ချောတဲ့ထဲမှာတော့ မပါတော့ ကိုယ်မပြောတတ်ဘူး။ အဲ့ဒါကတော့ တကူးတကကြီး ဖန်တီးပြီးတော့ နေတာတော့ မဟုတ်ပါဘူး။ အနေအေးလို့လည်း ထင်ပါတယ်။ အဲ့လိုသတ်မှတ်ပေးကြတယ်ထင်တာပဲ။ အဲ့လိုမျိုး ထင်ပေးလို့လည်း ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်”

ဖေ့ဘုတ်သုံးဖြစ်လားဆိုတဲ့ အပေါ်မှာတော့ “မိုးရဲ့ မန်နေဂျာတွေ မိုး ကို သုံးပေးတယ်။ ပြီးတော့ အခုနောက်ပိုင်းကျတော့ ပရိသတ်တွေနဲ့လည်း အဆက်သွယ်မပြတ်ချင်ဘူး။ ပြီးတော့ မိုးက Personal acc လုံးဝမသုံးဘူး။ ဒါပေမယ့်လည်း ပရိသတ်တွေနဲ့လည်း ထိတွေ့ဖြစ်အောင် ပေ့ခ်ျလေးထောင်ပြီးတော့မှ ဓါတ်ပုံတွေ တင်ပေးဖြစ်တာပေါ့နော်။ ပြီးတော့ အနုပညာလှုပ်ရှားမှုတွေ အဲ့ဒီကနေ တင်ပေးဖြစ်ပါတယ်” ဖေ့ဘုတ်ဘာလို့ မသုံးဖြစ်တာလဲဆိုတဲ့အပေါ်မှာတော့ “အစကတည်းကလည်း မသုံးဖြစ်တာ အချိန်တိုင်းသုံးရတာလည်း မကြိုက်ဘူးပေါ့။ တချို့အချိန်မှာတော့ သုံးဖြစ်ပါတယ်။ အခုသုံးတာကလည်း ပရိသတ်တွေကလည်း ပြောလွန်းအားကြီးလို့ ပေ့ခ်ျလေးဖွင့်ထားတာတောင် ၆ လ လောက်ပဲ ရှိဦးမယ် ထင်ပါတယ်”

အရမ်းအနေအေးတဲ့ မင်းသမီးလို့ ပြောရမလားဆိုတဲ့အပေါ် “အဲ့လိုကြီးလည်း မဟုတ်ပါဘူး။ တခုခုလုပ်ပြီးတော့မှ ကိုယ့်ကို သိစရာလည်း မလိုဘူး။ အဲ့လိုလုပ်စရာလည်း မလိုဘူးလို့ ထင်ပါတယ်။ အဲ့လိုလုပ်ရတာကို မကြိုက်တာပါ”

အမေဖြစ်သူရဲ့ ကျန်းမာရေး အခြေနေနဲ့ ပတ်သက်ပြီး “အမေကိုတော့ ဂရုစိုက်နေရတာပေါ့။ ကျန်းမာရေးကောင်းတဲ့ထဲမှာတော့ မပါဘူး။ ပိုပြီးမဆိုးသွားအောင်တော့ ဂရုစိုက်ပေးနေရတာပေါ့။ ဇာတ်ကားတွေ မရိုက်ဖြစ်တာကိုလည်း နားလည်ပေးကြပါလို့။ မိဘရဲ့ကျန်းမာရေးအခြေနေကြောင့်ပါ။ ဒါပေမယ့်လည်း အဲ့ဖက်ကိုတော့ အချိန်တော့ ပြန်ပေးဖြစ်မှာပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။

Facebook Comments