လှချင်တိုင်းလှနေတဲ့ စံရတီမိုးမြင့်ရဲ့ပုံရိပ်တွေ

လှချင်တိုင်းလှနေတဲ့ စံရတီမိုးမြင့်ရဲ့ပုံရိပ်တွေ

မျက်နှာဖူးဖူးလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ လှပတဲ့ သူမရဲ့အလှတရားကြောင့်ရော၊ ထူးချွန်တဲ့ အနုပညာကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပါ။ လတ်တလောမှာတော့ စံရတီမိုးမြင့်က ထူးခြားတဲ့ အပြင်အဆင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ညီလွန်းတဲ့ သဲကတော့ အခုလို ပုံစံလေးနဲ့လည်း အရမ်းကို ကြည့်လို့မိုက်နေတာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ပရိသတ်တွေ အမြင်ဆန်းစေတဲ့ အပြင်အဆင်တွေနဲ့ ဂေါ်နေတဲ့ စံရတီမိုးမြင့်ရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

စံရတီမိုးမြင့်ကတော့ “ဝေးခဲ့ကြလို့ တစ်နေ့နေ့မှာမင်းရှိမှာလား..💚” ဆိုပြီး သူမရဲ့အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ စံရတီမိုးမြင့်ရဲ့အချစ်ရေးကတော့ အခုအချိန်အထိ ငြိမ်သက်နေပြီး၊ သူမရဲ့လက်တွဲဖော်ကို အချိန်ယူပြီး ရွေးချယ်သွားမယ်လို့လည်း သိရပါတယ်။

လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်လုပ်ဖြစ်နေတဲ့ စံရတီမိုးမြင့်ကတော့ ပွဲတွေလည်း ဆက်တိုက်တက်ဖြစ်နေတဲ့အပြင် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရွှေမှုံတွေ စားထားသလားလို့တောင် အထင်မှားရလောက်အောင် လှရက်လွန်းတဲ့ စံရတီမိုးမြင့်ရဲ့ပုံရိပ်လေးတွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Facebook Comments