“နှင်းဆီခြွေတဲ့နွေ”သီချင်းMVအတွက် အမိုက်စားရိုက်ကူးနေပြီဖြစ်တဲ့ ကျော်ကျော်နန္ဒရဲ့ ဗီဒီယို

“နှင်းဆီခြွေတဲ့နွေ”သီချင်းMVအတွက် အမိုက်စားရိုက်ကူးနေပြီဖြစ်တဲ့ ကျော်ကျော်နန္ဒရဲ့ ဗီဒီယို

အနုပညာကို ဝါသနာပါလို့ ​ဝေဖန်​မှု​တွေကို ​​ကျော်​လွှားပြီး အ​ကောင်းဆုံး ကြိုးစား​နေတဲ့ ​ကျော်​​ကျော်​နန္ဒက​တော့ စိတ်​ထား​ကောင်းသူတစ်​ဦးမို့ ခင်​မင်​သူ​တွေ ​ပေါများတဲ့ အနုပညာရှင်​တစ်​ဦးပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ​ကျော်​​ကျော်​နန္ဒက ခြောက်​ခြားထိန့်​လန့်ဖွယ်​ညများ ဇာတ်​လမ်းတွဲကို အနုပညာညီအကိုတွေဖြစ်ကြတဲ့ ညီဘွားညီ၊ ဒေးဗစ်ကျော်တို့နဲ့အတူ ချောင်းသာကမ်းခြေမှာ အမိုက်စားရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်​။

ချောင်းသာကမ်းခြေမှာ ဇာတ်လမ်းတွဲရိုက်ကူးရန် ရောက်ရှိနေခဲ့တဲ့ ကျော်ကျော်နန္ဒကတော့ အမိုက်စား MTV တစ်ပုဒ် ထွက်ရှိနိုင်ရန်အတွက်ပါ အကောင်းဆုံးကြိုးစားနေတာပဲ ဖြစ်ပါတယ်။သီချင်းသစ်ထွက်ရှိရန် ရိုက်ကူးပုံဖော်ပေးနေပြီဖြစ်တဲ့ ကျော်ကျော်နန္ဒရဲ့ အလန်းစားပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

ကျော်ကျော်နန္ဒကတော့ “နှင်းဆီ​ခြွေတဲ့​နွေ mtv အမိုက်​စားလာမယ်​​နော်” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒရဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနော်။ခပ်မိုက်မိုက် အလန်းစားစတိုင်လ်တွေနဲ့ မကြာခင်မှာ အမိုက်စား မြင်တွေ့ခွင့်ရတော့မယ့် ကျော်ကျော်နန္ဒရဲ့ “နှင်းဆီ​ခြွေတဲ့​နွေ” သီချင်း MV အတွက် အရမ်းတွေ စိတ်ဝင်စား ရင်ခုန်နေပါပြီနော်။

ဝေဖန်​ရှုံ့ချသူ​တွေကို ​မေ့ထားပြီး မ​လျှော့တဲ့လုံ့လနဲ့ ကြိုးစား​နေတဲ့ ကျော်ကျော်နန္ဒကတော့ အခုဆိုရင်​ အနုပညာသက်​တမ်း ၁၀နှစ်​​ကျော်​သွားပြီပဲ ဖြစ်​ပါတယ်​။ သူက​တော့ လတ်တလောမှာ အနုပညာမောင်နှမ​တွေနဲ့ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း ညီဘွားညီနဲ့ ဒေးဗစ်ကျော်တို့နဲ့အတူ ထိတ်လန့်ခြောက်ခြားသောညများ ဇာတ်လမ်းတွဲကို အမိုက်စားဒီဇိုင်းသစ်တွေနဲ့ အကောင်းဆုံးသရုပ်ဆောင် ရိုက်ကူးနေပြီဖြစ်တဲ့ ကျော်ကျော်နန္ဒအတွက် ကျေနပ်မိမယ်လို့ ထင်ပါတယ်။ နောက်ထွက်မယ့် “နှင်းဆီ​ခြွေတဲ့​နွေ” mtv အတွက် အမိုက်​စားရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို သဘောကျတယ်ဆိုရင် မျှဝေပေးသွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Facebook Comments