လူတိုင်းသိတဲ့ အနုပညာရှင်ဖြစ်တာကြောင့် ပြန်မဆဲဘူးဆိုတဲ့ ဒေးဗစ်ကျော်

လူတိုင်းသိတဲ့ အနုပညာရှင်ဖြစ်တာကြောင့် ပြန်မဆဲဘူးဆိုတဲ့ ဒေးဗစ်ကျော်

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူတွေရဲ့ ပြောဆို ဝေဖန်မှုတွေကို ခံရပြီး လူသိများလာတဲ့ Facebook Cele ဒေးဗစ်ကျော်ကတော့ ကျော်ကျော်နန္ဒ ညီဘွားညီ စတဲ့ Facebook Cele တွေနဲ့ ဇာတ်ကားရိုက်ဖို့ရှိနေပြီး ပရိသတ်တွေရဲ့ ဆဲဆိုဝေဖန်သံတွေကို လူတိုင်းသိတဲ့ အနုပညာရှင်ဖြစ်တာကြောင့် ပြန်လည်တုန့်ပြန်တာမျိုးကို မလုပ်ဘူးလို့ akonthi မီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဒေးဗစ်ကျော်က “သူတို့ ဆဲတာကြတော့ ကျွန်တော်တို့တွေက ဘာမှမဖြစ်ပါဘူး ကြိုက်သလောက်ဆဲမေတ္တာပဲထားတယ် အကုန်လုံးအေးဆေးပဲ ပြန်မဆဲဘူး ဘာလို့လဲဆိုတော့ ကိုယ်တွေက လူတိုင်းသိတဲ့ အနုပညာရှင်တွေဆိုတော့ ပြန်ဆဲရင်လည်း ကိုယ်ပဲ သိက္ခာကျတယ်။ သူတို့ကို ဘယ်သူမှ မသိဘူး ကိုယ်တွေပဲ သိတာ။ ကျွန်တော်ရယ် ညီဘွားညီရယ် ကျော်ကျော်နန္ဒရယ် ဒီသိတဲ့လူတွေက ဆဲလိုက်ရင် မကောင်းဘူး အဲ့တာကြောင့် ကိုယ်တွေက အေးဆေးပဲ ဆဲရင်ပြုံးပြနေလိုက်တယ် ကြိုက်သလောက်ဆဲ ဘာမှ မဖြစ်ဘူး။”လို့ ပြောသွားခဲ့ပါတယ်။

သုံးယောက်ပေါင်းပြီး ရိုက်ဖြစ်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး “ညီဘွားညီရဲ့ စုစည်းမှုပေါ့ သူက ကိုဒေးဗစ်နဲ့ခင်နေတော့ သရုပ်ဆောင်ဖို့လိုနေတယ်ဆိုတော့ ကမ်းလှမ်းတယ် သူနဲ့က ခင်နေတော့ အဲ့တာဆိုလည်း ပြီးရောဆိုပြီး လိုက်ခဲ့မယ်လို့ ဒီနေ့က ကား ယာဉ်သွားစစ်ရမှာဆိုတော့ ညနေလောက်မှ လိုက်သွားမှာ သူတို့က ဒီကန်တော့ပွဲပြီးတာနဲ့ သွားကြမှာ။ ကျွန်တော်တို့ Cele တွေရိုက်ကြမယ် စုပြီးတော့ အဲ့တာဆိုပြီးရော ရိုက်မယ်ဆိုပြီး လက်ခံလိုက်တာ။”လို့ ပြောသွားခဲ့ပါတယ်။

ပရိသတ်လက်ခံမယ်လို့ယုံကြည်မှုရှိလားလို့ မေးမြန်းရာ “အဲ့လိုမျိုးတော့ မရှိဘူးဗျ လူပိုကြည့်မယ်ဆိုတာတော့သိနေတယ်လေ သူတို့က ကျွန်တော်တို့ကို မကြည့်ဘဲ မနေနိုင်ဘူး ဆဲချင်တာဆိုတော့ သူတို့ကြည့်ကိုကြည့်မှာ သေချာပေါက်ပဲ။ ကျော်ကျော်နန္ဒက ဘယ်လိုဝတ်ထားတာ ဘာညာသူတို့ လုပ်မှာ ကျွန်တော့်ကိုဆိုလည်း ဒီကောင်ငပေါကြီး ဘာညာပြောတာပဲ။ ဘာပဲပြောပြော ဝေဖန်တာတော့ ရှိတာပဲ တိုက်ခိုက်တာတော့ အဲ့တာတွေကို လိုက်ပြီး ဂရုစိုက်နေရင် ကိုယ်ပဲ စိတ်ညစ်ရမှာ။ ပျော်ပျော်ပဲနေတယ် သူများတွေ ဆဲလည်း အေးဆေးပဲ ပြန်မဆဲဘူး။ သူတို့ ကြည့်မှာတော့ သေချာတယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သုံးယောက်လုံးက Cele တွေဆိုတော့ ဘယ်လိုသရုပ်ဆောင်ထားမလဲ ဒီဇာတ်ကားမှာဘယ်လိုအိုက်တင်တွေ လုပ်မလဲ ကျော်ကျော်နန္ဒဘယ်လိုလုပ်မလဲ ဒေးဗစ်ကျော် ဘယ်လိုလုပ်မလဲ အဲ့လိုမျိုးပေါ့။

Facebook Comments