အမျိုးသမီးထုကြား ရေပန်းစားတဲ့ ဆယ်လီ စံပြခင်ပွန်း (၈)ယောက်

အမျိုးသမီးထုကြား ရေပန်းစားတဲ့ ဆယ်လီ စံပြခင်ပွန်း (၈)ယောက်

အမျိုးသမီးထုကြားမှာ နာမည်ကြီးတဲ့ အိမ်ထောင်သည် အနုပညာရှင်ဆယ်လီ အမျိုးသားတွေရှိပါတယ်။သူတို့ရဲ့ အနုပ ညာအပြင် နာမည်ကြီးရတဲ့ တခြားနောက်ထပ် အကြောင်းအရင်းတစ်ခု ရှိပါသေးတယ်။အဲ့ဒါကတော့ သူတို့ရဲ့ ဇနီး ဖြစ် သူအပေါ် သစ္စာရှိမှု၊ကြင်နာဂရုစိုက်မှု၊ခင်ပွန်းကောင်းပီသတဲ့၊သား၊သမီးရှိတဲ့ သူတွေဆိုရု ဖခင်ကောင်းပီသတဲ့ အပြုအ မူတွေ ကြောင့်ပါ နာမည်ကြီးေ နတာပါ။ဒီလိုအချက်တွေကြောင့်လည်း စံပြခင်ပွန်းတွေ အဖြစ် တောင်သတ်မှတ်ခံ ထားရတာပါ။အနုပညာအပြင် ဇနီးသည်နဲ့ မိသားစုအပေါ်မှာ ချစ်ခင်တဲ့ စံပြခင်ပွန်း အဖြစ် နာမည်ကြီးနေကြတဲ့ ဆယ် လီ တွေကတော့ …………။ဘယ်ဆယ်လီစုံတွဲလို Relationship မျိုး တည်ဆောက်ချင်လဲ ဆိုတာကို ပြောခဲ့ အုံးနော် …..

(၈)ရွှေထူး

ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ မင်္ဂလာပွဲကိုတော့ (၂၀၁၈) နိုဝင်ဘာ(၁၁)ရက်နေ့က အင်းယားလိပ်ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့တာပါ။ပရိသတ်တွေကို Surprise အကြီးကြီးတိုက် လိုက်တဲ့ စုံတွဲပါ။ချစ်သူဖြစ်ပြီး သိပ်မကြာခင်မှာပဲ လက်ထပ် ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ဧည့်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အတူတွဲ သရုပ်ဆောင်ကြရင်း ဖူးစာ ဆုံကာ လက်ထပ် ဖြစ်သွားတဲ့ စုံတွဲပါ။ရွှေထူးကတော့ ဇနီးဖြစ်သူအပေါ် အရမ်းချစ် အရမ်းအလို လိုက်ပေး တာကိုလည်း တွေ့ရပါတယ် …။

(၇)ဒါရိုက်တာ ဏကြီး

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသု တို့ ဇနီးမောင်နှံကိုတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ မီ မောင်နှံ ဆိုပြီး ခေါ်ကြပါတယ်။ မီရုပ်ရှင်ဇာတ်ကားကို နှစ်ယောက်သား အတူပုံဖော်ခဲ့ကြတာမို့ အခုလို ခေါ်ကြတာပါ။ ၀ါသနာတူ၊စိတ်တူ ကိုယ်တူ တွေဖြစ်ပြီး အရမ်းကို လိုက်ဖက်ကြတဲ့ စုံတွဲလေးပါ။ ဒါရိုက်တာ ဏကြီးနဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ ကတော့ ချစ်သူ သက်တမ်း ၄ နှစ်ကျော်မှာ စေ့စပ်လိုက်တာပါ။ မင်္ဂလာပွဲကိုတော့ (2019) ဇန်န၀ါရီ (၁)ရက်နေ့ ရန်ကုန်မြို့ ၊ အင်း လျားလိတ် ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါ တယ် …။

(၆)R ဇာနည်

နောက်ထပ် စံပြခင်ပွန်းကတော့ အဆိုတော် R ဇာနည်ပါ။R ဇာနည်ရယ်လို့ အရမ်းမအောင်မြင်သေးခင် အချိန် တည်းက ၀မ်းနဲ့ လက်ထပ်ထားခဲ့တာပါ။အိမ်ထောင်ကျရင် နာမည်ကျတယ်ဆိုတဲ့ အယူအဆ အမှားတွေကို တွန်း လှန်ပြသနိုင်ခဲ့သူဖြစ်ပြီး အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ ပိုပြီးတော့တောင် အောင်မြင်လာတဲ့ ဆယ်လီ တစ်ေ ယာက်ပါ။အဆိုတော် R ဇာနည်နဲ့ ၀မ်းတို့ရဲ့ ဒုတိယမြောက် ရင်သွေးလေးကိုတော့ (၂၀၁၈) ဇန်န၀ါရီ (၁၀) ရက်နေ့ မှာ မွေးဖွားခဲ့ပါတယ်။သားချောလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ပျော်စရာ မိသားစုလေးပါ နော် …။

(၅)နိုင်းနိုင်း

နိုင်းနိုင်းကတော့ အနု ပညာလောကမှာဆိုရင် အချစ်ရေးကောလာဟလအရှုပ်အရှင်းကင်းတဲ့ မင်းသားတွေထဲမှာ နိုင်းနို င်းကလည်း တစ်ယောက်အပါအ၀င်ပါ။ဇနီးဖြစ်သူ၊မိသားစုနဲ့ ခွဲနေရတယ်ဆိုပေမယ့် ဇနီးနဲ့ မိသားစုအပေါ်မှာ တန်ဖိုး ထားတဲ့ ခင်ပွန်းေ ကာင်းတစ်ယောက် အဖြစ် အသိအမှတ်ပြုခံထားရသူပါ။Long Distance Relationship ကို အယုံအကြည်မရှိတဲ့ သူတွေကိုတောင်မှ ယုံကြည်လက်ခံလာအောင် သက်သေပြနိုင်တဲ့ စုံတွဲပါ။(2019)ခုနှစ် ဇန်န၀ါရီ လ (၉)ရက်နေ့ကတော့ မင်းသားနိုင်းနိုင်းနဲ့ သူ့ရဲ့ ဇနီးစန္ဒီချိုတို့ရဲ့ အိမ်ထောင်သက် (၁၁)နှစ်ပြည့်သွား တဲ့ နေ့လေးပါ။ ချစ်စရာကောင်းတဲ့ သား၊သမီး(၄)ယောက်ကို ပိုင်ဆိုင်ထားတဲ့ ပျော်စရာမိသားစုလေးပဲ ဖြစ်ပါ တယ် …။

(၄)လင်းလင်း

နောက်ထပ် ပရိသတ်တွေ သတ်မှတ်ထားတဲ့ စံပြခင်ပွန်းကတော့ အဆိုတော် တေးရေး လင်းလင်းပါ။လင်းလင်း နဲ့ ချစ်သု ဝေ တို့ကလည်း နာမည်ကြီးဆယ်လီ စုံတွဲပါ။နှစ်ယောက်လုံးက ရိုးရိုးသား အေးအေးဆေးဆေးနဲ့ ပွင့်ပွင့်လင်း လင်း နေတတ်သူတွေပါ။ချစ်သုဝေ အတွက် လင်းလင်းရေးဖွဲ့ ပေးထားတဲ့ အချစ်သီချင်းတစ်ချို့ကို နားထောင် ကြည့် မယ် ဆိုရင် ချစ်သုဝေ အပေါ် ထားတဲ့ လင်းလင်းရဲ့ အချစ်စိတ်ကို တွေ့မြင်ရမှာပါ။(2014)ခုနှစ်က လက်ထပ်ခဲ့ ကြတာပါ။ခေတ်နဲ့ သစ် ဆိုတဲ့ အမြွှာသမီးချောလေးကိုတော့ (၂၀၁၇)မှာ မွေးဖွားခဲ့ပါတယ် …။

(၃)ပြေတီဦး

နောက်ထပ် စံပြခင်ပွန်းတစ်ယောက်ကတော့ ပြေတီဦးပါ။ပြေတီဦးနဲ့ အူဝဲတို့ စုံတွဲလေးကလည်း ပရိသတ်တွေ ကြားမှာ နာမည်ကြီးပါတယ်။ဇနီးဖြစ်သူကို တစ်မျိုးပြီး တစ်မျိုး မရိုးအောင် စနောက် နေတဲ့ သူတို့ စုံတွဲ လေးကလည်း မြင်သူ တိုင်းကို ကြည်နူးစေတဲ့ စံပြစုံတွဲလေးပါ။ဇနီးဖြစ်သူနဲ့ သား၊သမီးအပေါ် ထားတဲ့ ပြေတီဦးရဲ့ စိတ်ဓါတ်နဲ့ အပြုအမူ တွေ ကြောင့်လည်း အခုလို စံပြခင်ပွန်းအဖြစ် ပရိသတ်အသိအမှတ်ပြုခံခဲ့ရတာပါ။(2011)ခုနှစ်က လက်ထပ်ခဲ့ ကြတြာ ဖစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးတစ်ယောက်ရှိပါတယ် …။

(၂)ပိုင်ဇေရဲထွန်း

အချစ်ခံရတာကို ကြိုက်တဲ့ ၊ကိုယ့်ခင်ပွန်း အမျိုးသားရဲ့ ကြင်နာမှု၊ဂရုစိုက်မှုတွေကို အပြည့်အ၀ရပြီး အပြည့်အ၀ကို အ ချစ် ခံချင်တဲ့ မိန်းကလေးတွေ ကြားမှာတော့ ပိုင်ဇေရဲထွန်းက နာမည်ကြီးပါတယ်။သူ့ထက် အသက် (၁၀)နှစ်လောက် ငယ်တဲ့ ဇနီးချောလေးကို ရထားတာမို့ ဇနီးအပေါ်မှာ အတော်လေး အလိုလိုက်အကြိုက်ဆောင်ပြီး ပါရမီ ဖြည့် ပေး ဖြစ်တာကိုလည်း တွေ့ရပါတယ်။”အသက်(၁၈)နှစ်အရွယ် မိန်းကလေး (၂၅.၅.၂၀၀၅)ဒီလိုနေ့မျိုးမှာ မိုက်ရူးရဲ ဆန်ခဲ့ တယ်။အခုတော့ (၁၃)နှစ်ပြည့်ခဲ့ပြီ…” ဆိုပြီး ပိုင်ဇေရဲထွန်းရဲ့ ဇနီး က သူတို့ရဲ့ မင်္ဂလာသက်တမ်း (၁၃)နှစ်ပြည့် နေ့ တုန်းက fB ပေါ်မှာ ရေးခဲ့ဖူးပါတယ်။ဇနီးဖြစ်သူ အပေါ် အရိပ်တကြည့်ကြည့်နဲ့ အချစ်ပိုပုံလေး တွေကတော့ အမျိုးသမီး ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားပါတယ်။Ro တာကို ကြိုက်တဲ့၊သဲသဲလှုပ်အချစ်ခံရတာကို ကြိုက် တဲ့ အမျိုး သမီး တွေကြားမှာတော့ ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့ရဲ့ Relationship က စံပြRelationship လေးပါ။သား၊သမီး (၃) ယောက်ရှိတဲ့ ပျော်စရာ မိသားစုလေးတစ်ခုကို ပိုင်ဆိုင်ထားကြသူတွေပါ …။

(၁)ဇဏ်ခီ

အမျိုးသမီးထု သဘောကျတဲ့ စံပြဆယ်လီ ခင်ပွန်းစာရင်းရဲ့ နံပါတ် တစ်နေရာမှာရှိနေတဲ့သူကတော့ ဇဏ် ခီပါ။ဇဏ်ခီနဲ့ ခရစ်စတီးနားခီ တို့ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ နာမည်အကြီးဆုံး အနုပညာရှင်စုံတွဲပါ။ဝါသနာတူ၊အကြိုက် တူ တဲ့ သူတို့ ဇနီးမောင်နှံ ကတော့ ပရိသတ်အတွက် စဉ်းစားပေးတတ်တဲ့ အနုပညာကို ချစ်မြတ်နိုး တန်ဖိုးထားတဲ့ စိတ် တွေ က အစ အကုန်တူနေကြတဲ့ တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲလေးပါ။နှစ်ယောက်သား တစ်ယောက် အပေါ် တစ်ယောက် အပြန်အလှန်ယုံကြည်လေးစားမှု ရှိတာကိုလည်း သူတို့ရဲ့ နေပုံထိုင်ပုံ၊စကားပြောပုံတွေကို ကြည့်ရင်သိနိုင်ပါတယ်။ လင်မယားတွေ ဆိုပေမယ့် သူတို့ တည်ဆောက်ထားတဲ့ Relationship ပုံစံမျိုးက မောင်နှမတွေလို၊သူငယ်ချင်း မိတ် ဆွေ တွေ လို ဖြစ်ပြီး (၁၅၀၀)နဲ့ (၅၂၈)တို့ ပေါင်းထားတဲ့ Relationship မျိုးပါ။ဇဏ်ခီကတော့ (၂၀၀၆)မှာ ခရစ် စတီး နားခီနဲ့ လက်ထပ်ခဲ့တာပါ။သူတို့ မှာ Noah ဆိုတဲ့ သားလေးတစ်ယောက်လည်းရှိပါတယ်။မြန်မာ ပရိသတ်တွေ အရမ်းကို အားကျရတဲ့ ဆယ်လီစုံတွဲလေးပဲ ဖြစ်ပါ တယ်နော် …။ ။

Photo အနုပညာရှင်များရဲ့ fb

Facebook Comments