သီချင်းပြိုင်ပွဲတွေမှာ ပိုက်ဆံကုန်ခံပြီး မဲပေးတာက ဦးနှောက်မရှိတဲ့ လုပ်ရပ်ဆိုတဲ့ မင်းခန့်ကျော်

သီချင်းပြိုင်ပွဲတွေမှာ ပိုက်ဆံကုန်ခံပြီး မဲပေးတာက ဦးနှောက်မရှိတဲ့ လုပ်ရပ်ဆိုတဲ့ မင်းခန့်ကျော်

အနုပညာလောကမှာ ခြေချလာတာကြာပြီ ဖြစ်တဲ့ သရုပ်ဆောင် ဒါရိုက်တာ မင်းခန့်ကျော်ကတော့ ခေတ်နဲ့အညီ ဖြစ်ပျက်နေတာကို တည့်တိုးပြောတတ်တဲ့ သူတယောက် ဖြစ်တာကြောင့် သူဖြေလိုက်တဲ့ အင်တာဗျူးတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလေ့ ရှိနေတာ ဖြစ်ပါတယ်။ မင်းခန့်ကျော်ကတော့ သူ့အနေနဲ့လက်ရှိမှာလည်း မြန်မာနိုင်ငံမှာ သီချင်းဆို ပြိုင်ပွဲတွေကို voting စနစ် နဲ့ လုပ်ထားတာကို voting ပေးနေတဲ့သူတွေက ဦးနှောက်မရှိဘူးလို့ ပြောကြားသွား ခဲ့ပါတယ်။

ဒါရိုက်တာ မင်းခန့်ကျော်ကတော့ cele gabar နဲ့အင်တာဗျူးမှာတော့ “ကျနော်တို့ဆီမှာ ဟိုတယောက် မပြီးသေးဘူးလား ဒီတယောက် မပြီးသေးဘူးလားနဲ့ ဂျူတီလေးတွေတိုအောင် ရိုက်နေရတဲ့ အချိန်မှာ သူများနိုင်ငံက ပြင်ဆင်မှုပေါင်းများစွာနဲ့ တက်တက်ကြွကြွ ရှိတာကိုတွေ့ရတယ်။ အဲ့တော့ စိတ်မကောင်းဘူး။ ကျနော်တို့ နိုင်ငံက ဦးနှောက်မရှိဘူးဗျ။ ဆန်စားပြီး ဦးနှောက်မရှိဘူးလို့ ပြောရင်လည်း အရမ်းရှက်ဖို့ကောင်းတယ်။ တွေးကြည့်ရင် ကျနော်လေ ရီချင်တာပေါ့ဗျာ။ အကုန်လုံးက ညာစားနေကြတာဗျာ။

အရင်တုန်းက စကားကြားဖူးတယ်ဗျာ။ ငွေရှိရင် အလုပ်ရှိတယ်ပေါ့။ လက်ညိုးညွန်ရာ ရေဖြစ်တယ်ပေါ့ဗျာ။ ကျနော်တို့ ဦးနှောက်မရှိတဲ့ သူငယ်နှပ်စားလေးတွေကို အခုမှတိုးတက်တဲ့ နိုင်ငံဆိုတော့လေ လိမ်စားနေကြတယ်။ အဲ့ဒါကြီးကို အကောင်းမှတ်ပြီးတော့ Voting တွေပေးကြ ပိုက်ဆံတွေပေးကြ ။ Voting တွေ ပေးကြပေးကြ ယူသွားတာ ဘယ်သူတွေယူလဲ။ ကျနော်တကယ်ပါ အဲ့အတွက်တော့ စိတ်မကောင်းဘူး။ ကျနော်တို့ နိုင်ငံကလူတွေ ဗဟုသုတလည်း ရသင့်ပြီဗျ။ ကျနော် စာပေတွေ အရမ်းဖတ်တဲ့သူလည်း မဟုတ်ပါဘူး။ကျနော်ကတော့ တည့်တိုးကို လေ့လာတယ်။ ဖေ့ဘုတ်မှာဆိုလည်း ဆယ်လီဖြစ်ချင်တဲ့သူတွေ ပါတယ်လေ။ မီးသတ်နဲ့ဖြစ်တဲ့သူက ဖြစ်။ Iive တွေ လွှင့်ပြီး ဖေ့ဘုတ်ပေါ်တင်။ ကျနော်တို့နိုင်ငံက ဆယ်လီအရမ်းဖြစ်ချင်ကြတာဗျာ။ ကျနော်နိုင်ငံက တချို့သော တချို့သော လူတွေက ဦးနှောက်နည်းနေတယ်။ ဦးနှောက်ရှိတဲ့သူတွေက လုပ်စားနေတာ။ ဖဲဝိုင်းတဝိုင်းလိုပါပဲ။ ဘေးထိုးနဲ့ အကောက်ကောက်တဲ့သူတွေက ပိုက်ဆံတွေသယ်သွားကြမှာပဲ။ ဝိုင်းထဲမှာရှိတဲ့သူတွေက အိမ်ပြန်ဖို့ ပိုက်ဆံရှိရဲ့လားဆိုတာကို စဉ်းစားပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။

Facebook Comments