မြင်သူတကာ ငေးလောက်အောင် ဂေါ်လွန်းတဲ့ ဖက်ရှင်နဲ့ ပွဲတက်ခဲ့တဲ့ သင်ဇာဝင့်ကျော်

မြင်သူတကာ ငေးလောက်အောင် ဂေါ်လွန်းတဲ့ ဖက်ရှင်နဲ့ ပွဲတက်ခဲ့တဲ့ သင်ဇာဝင့်ကျော်

စွဲမက်ဖွယ် အဖုအထစ်ကောက်ကြောင်းအလှတို့နဲ့ ပြည့်စုံတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ပင်ကိုယ်အလှတရားတွေကို လူမှုကွန်ယက်မှာ ရဲရဲဝံ့ဝံ့နဲ့ ယုံကြည်မှုရှိစွာ ချပြတတ်သူတစ်ဦးမို့ ပရိသတ်တွေက အမြဲစောင့်ကြည့်နေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်ဇာက မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ Canal+ အတွက် Fan meeting ပွဲလေးကို အရမ်းဂေါ်တဲ့ အမိုက်စား ဖက်ရှင်နဲ့ ပွဲတက်ခဲ့တာ တွေ့ရပါတယ်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ညီလွန်းတဲ့ သင်ဇာကတော့ အဆိုပါပွဲလေးမှာလည်း အရမ်းကို အထာကျနေတာပါနော်။

ပရိသတ်တွေအတွက် မန္တလေးမှာ ပြုလုပ်တဲ့ Canal+ အတွက်ပွဲလေးမှာ ချစ်ရတဲ့ပရိသတ်တွေနဲ့ ဆုံတွေ့ခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

သင်ဇာလေးကတော့ “Fans meeting for Canal+ 🖤 ” ဆိုပြီး သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

အဆိုပါ Canal+ အတွက် Fan meeting ပွဲလေးကိုတော့ သင်ဇာအပြင် ပိုင်တံခွန်နဲ့ အစီအစဉ်တင်ဆက်သူ ဇေယျတို့က အတူတက်ရောက်ပြီး ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံခဲ့တာပါ။

သင်ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်တို့နှစ်ဦးကတော့ မကြာခင်ကြည့်ရှုကြရတော့မယ့် “ဘယ်သူလဲ” ဆိုတဲ့ ဇာတ်ကားကြီးထဲမှာလည်း အမိုက်စားသရုပ်ဆောင်ထားကြပါသေးတယ်။

ရုပ်ရည်လေးတင် လှပချောမောတာမဟုတ်ပဲ သရုပ်​​ဆောင်​ပိုင်းမှာလည်း ကျရာဇတ်​ရုပ်​ကို ပီပြင်​​အောင်​ သရုပ်​​ဆောင်​နိုင်​တဲ့ သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ ချစ်​ပရိသတ်​​တွေလည်း မန္တလေးက ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံခဲ့တဲ့ ​သင်​ဇာဝင့်​​ကျော်ကို သ​ဘောကျရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Facebook Comments