စုံတွဲတိုင်းအားကျသွားမယ့် နှစ်ပတ်လည်ဆုတောင်းစာကို ရေးလိုက်ပြန်တဲ့ ဇဏ်ခီ

စုံတွဲတိုင်းအားကျသွားမယ့် နှစ်ပတ်လည်ဆုတောင်းစာကို ရေးလိုက်ပြန်တဲ့ ဇဏ်ခီ

ဇဏ်ခီနဲ့ ခရစ်စတီးနားခီဟာဆိုရင် အရမ်းကိုလိုက်ဖက်တဲ့ Celebrity Power Couple တွေထဲမှာတစ်တွဲအပါအဝင်ဖြစ်သလို တစ်ယောက်နဲ့တစ်ယောက်အချစ်နိုင်ဆုံးစုံတွဲလေးဆိုရင်လည်းမမှားပါဘူး။ ဇဏ်ခီတို့စုံတွဲလေးက တစ်ယောက်နဲ့တစ်ယောက် Anniversary တွေမှာအရမ်းရိုတဲ့ စာသားလေးတွေနဲ့ အပြန်အလှန် ချစ်ခြင်းမေတ္တာကိုဖော်ပြနေကျဇနီးမောင်နှံတွေပါ။ နှစ်ယောက်လုံးက ရည်မှန်းချက်တွေရော ဝါသနာတွေရောတူပြီးဘဝလမ်းကိုအတူလျှောက်လှမ်းနေကြတာကြောင့် နှစ်တွေအကြာကြီးတွဲလက်တွေခိုင်မြဲနေတာဆိုရင်လည်းမမှားပါဘူး။

အခုတစ်ခါ ကျရောက်လာပြန်တဲ့ Anniversary လေးမှာ ဇဏ်ခီက ချစ်ဇနီးကို အရမ်းကိုချိုမြိန်ပြီး ရိုမန်းတစ်လွန်းတဲ့ စာသားလေးတွေနဲ့ ခြွေချလိုက်ပြန်ပါပြီ။ ဇဏ်ခီက သူ့ရဲ့လူမှုကွန်ယက်မှာ ခရစ်စ်ကို ဘာလို့ချစ်တာလဲလို့မေးတိုင်း မသိဘူးလေး လို့ဖြေလိုက်ရင်စိတ်ကောက်သွားတယ်ဆိုတဲ့စာသားလေးနဲ့အစချီပြီး ခရစ်စ်နဲ့တွေ့နေရရင် ပျော်နေရကြောင်း၊ ခရစ်စ်ရဲ့အပြုံးတွေက ဘယ်လောက်ထိတောင်ရင်ထဲကိုနွေးထွေးအေးမြစေကြောင်းနဲ့ အတိတ်ဘဝကရေစက်လားလို့တောင်တွေးမိရတယ်လို့လည်း ရင်ဖွင့်ထားတာတွေ့ရပါတယ်။ဒါ့အပြင်ဘယ်လောက်ပဲ ရန်တွေဖြစ်ပါစေ ပြတ်ဖို့မစဉ်းစားပဲပေကပ်ပြီးဆက်တွဲခဲ့ဖူးတယ်ဆိုတာလေးတွေလည်းပြောပြထားပါတယ်။

ဇဏ်ခီက သူ့ရဲ့ကိုယ်ပိုင် facebook account မှာ ငယ်ငယ်တုန်းက စုံတွဲဓာတ်ပုံလေးတွေနဲ့အတူ“Happy Annie My Love..”ဘာလို့ချစ်တာလဲ” လို့မေးတိုင်း “မသိဘူးလေ”လို့ဖြေမိတိုင်း စိတ်ကောက်ကောက်သွားတတ်တယ်။ တကယ်လဲဘာလို့လဲလို့ကိုယ့်ကိုယ်ကိုတွေးတိုင်း အဖြေမထွက်ဘူး။ သီချင်းရေးသူတစ်ယောက်အနေနဲ့ ကြားကောင်းအောင် ကြွေကျအောင် လျှောက်ပြောလို့တော့ရတာပေါ့နော်။ တစ်ခုသေချာမှတ်မိတာကတော့ သူငယ်ချင်းတွေစဖြစ်တုန်းက သူ့ကိုတွေ့ပြီဆိုရင်ပျော်တယ်။

သူက ကိုယ့်ကိုပြုံးပြ ရယ်ပြတယ်ဆိုရင် ရင်ထဲမှာနွေးထွေးစေတယ် လုံခြှံမှုတစ်ခုခံစားရတယ်။ ဒဏ္ဍာရီ သီချင်းထဲကစာသားလို “အတိတ်ဘဝက ဆုံခဲ့ဖူးသလား” ဆိုတဲ့ ခံစားချက်မျိုးဖြစ်တယ်။ နေ့တိုင်းတွေ့ချင်နေမိတယ်။ သူ့စကားပြောသံတွေ အမြဲကြားချင်နေမိတယ်။ ဒါက အစပေါ့နော်။ရည်းစားတွေဖြစ်ပြီးတော့ စကားများ ရန်တွေဖြစ်တော့လဲ ထူးဆန်းတယ်။ တစ်ခါတစ်လေပြောတာတွေကလွန်ကုန်ပြီး ပြတ်မယ်ဆိုလဲ ပြတ်လို့ရလောက်တဲ့အနေအထားတွေရောက်ကုန်တယ်။ ဒါပေမယ့် ပေကပ်ပြီးဆက်တွဲတယ်။

တေးထားခဲ့ဖူးတာတွေ အခုပြန်မှတ်မိဖို့ကြိုးစားလဲ မမှတ်မိတော့ဘူး။အဲ့ဒါ အချစ်လား..”လို့ ရေးထားခဲ့တာပါ။ ပရိသတ်တွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေက ဇဏ်ခီတို့ဇနီးမောင်နှံလေးအတွက် Happy Anniversary ပါလို့ ဆုတောင်းပေးထားကြတာလည်းတွေ့ရပါတယ်။

ပရိသတ်ကြီးရော ဇဏ်ခီနဲ့ ခရစ်စတီးနားခီကိုချစ်ကြလား။ ဇဏ်ခီနဲ့ ခရစ်စ်တို့အတူတူဖန်တီးတဲ့ရုပ်ရှင်ဇာတ်ကားတွေထွက်လာရင်ရောအားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Facebook Comments