သူမရဲ့အတိတ်က ကောလဟာလတွေနဲ့ ပက်သတ်ပြီး ပြတ်ပြတ်သားသား ပြောလာတဲ့ နန်းမွေစံ

သူမရဲ့အတိတ်က ကောလဟာလတွေနဲ့ ပက်သတ်ပြီး ပြတ်ပြတ်သားသား ပြောလာတဲ့ နန်းမွေစံ

ဆရာဝန်မလေး နန်းမွေစံက Sexy Model တစ်ယောက်အဖြစ် အနုပညာလမ်းမမှာ နာမည်ကြီးသူ တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ပုရိသကိုကိုတွေ စွဲမက်စေတဲ့ သူမရဲ့ ခန္ဒာကိုယ် ကောက်ကြောင်းအလှနဲ့ မြန်မာဆန်တဲ့ သူမရဲ့ ရုပ်ရည်ကြောင့် အားပေးသူ ပရိသတ်အခိုင်အမာ ရရှိထားသူလေး တစ်ယောက်ဆိုလည်း မမှားပါဘူး ။ နန်းမွေစံက လက်ရှိမှာတော့ Sexy Model တစ်ဦးအဖြစ် ရပ်တည်နေပြီး သရုပ်ဆောင်အလုပ်တော့ မလုပ်ကိုင်သေးပါဘူး ။

ဒီနေ့မှာတော့ နန်းမွေစံရဲ့ အတိတ်က အကြောင်းအရာတွေနဲ့ ပက်သတ်ပြီး ကောလဟာလသတင်း ဓာတ်ပုံတွေနဲ့ကတွ ထွက်ရှိလာခဲ့ပါတယ် ။ ထိုဓာတ်ပုံတွေကို မီဒီယာတစ်ခုက စတင် ဖြန့်ဝေခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားမှာ တော်တော်လေး ဂယက်ထသွားခဲ့ပါတယ် ။

ထိုကိစ္စနဲ့ ပက်သတ်ပြီး နန်းမွေစံက ” ကျမရဲ့ အရင်ပုံတွေ တင်ထားတဲ့ မီဒီယာတွေကို ပြောချင်ပါတယ် ။ ဆက်လုပ်နေမယ်ဆိုရင် တရားဆွဲသွားပါမယ် ။ ယခုအချိန်မှာ ကျမသည် single ဖြစ်ပါတယ် ။ ကျမ fan တွေနဲ့ ကျမရဲ့ ကြားထဲမှာ အထင်အမြင် လွဲမှားအောင်မလုပ်ကြပါနဲ့” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောထားပါတယ် ။

လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း သူမရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပက်သတ်ပြီး မြန်မာနိုင်ငံဆေးကောင်စီဥပဒေ အခန်း(၁၂) ၊ ပုဒ်မ(၄၅) ၊ ပုဒ်မခွဲ(ဃ)နဲ့ အညီ နန်းမွေစံရဲ့ အထွေထွေ ဆေးကုသခွင့်လိုင်စင်ကို သိမ်းခံထားရသေးတာ ဖြစ်ပါတယ် ။

နန်းမွေစံကို သူမရဲ့ ပရိသတ်တွေကလည်း အားပေးစကား ပြောနေကြတာကိုလည်း တွေ့ရပါတယ် ။ လက်ရှိမှာတော့ နန်းမွေစံက Single တစ်ယောက် အနေနဲ့ ရပ်တည်နေခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေလည်း နန်းမွေစံကို အားပေး ဝန်းရံပေးကြပါဦးနော် ။

Facebook Comments