ယောက်ျားစစ်လို့ ခင်ပွန်းဖြစ်သူကို ရွေးချယ်ဖြစ်တာဆိုတဲ့ ဆန်းသစ်လ

ယောက်ျားစစ်လို့ ခင်ပွန်းဖြစ်သူကို ရွေးချယ်ဖြစ်တာဆိုတဲ့ ဆန်းသစ်လ

မော်ဒယ်အဆိုတော် ဆန်းသစ်လဟာ သူမရဲ့ ခင်ပွန်း ကို ဝင်းမြတ်နဲ့အတူ မင်းကွန်း တိပိဋက ရွှေရတုကျောင်းတော်မှာ မင်္ဂလာဦးဆွမ်းကျွေးပွဲအလှူ ပြုလုပ်ခဲ့ပါတယ်။

ဆန်းသစ်လအနေနဲ့ သူမခင်ပွန်းဖြစ်သူ ကိုဝင်းမြတ်ကို လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့ရတဲ့အပေါ် သူမအနေနဲ့ “ဒီခေတ်မှာတော့ အဓိကက ယောက်ျားစစ်ဖို့ပေါ့နော် ပြီးတဲ့ခါကျ ကိုယ့်အပေါ်တကယ်ချစ်မချစ် ပြီးတော့ သစ္စာရှိမရှိပေါ့ အခုက စနှိုက်ကြော်တွေလည်း အရမ်းများတော့ ကြောက်ရတယ်လေ သူကကိုယ့်အပေါ်မှာ အရာအားလုံး perfectဖြစ်တယ် ရွှေလအပေါ် သစ္စာလည်းရှိတယ် အရမ်းလည်းချစ်ပေးတယ် ယောက်ျားလည်း စစ်တယ် တကယ်ကို သူငယ်ချင်းလိုလည်းပေါင်းလို့ရတယ် ရင်းနှီးတဲ့သူတစ်ယောက်လို ခံစားရတယ် အဲ့ဒါကြောင့် ရွေးချယ်ဖြစ်တာပါ “လို့ ပြောပြသွားပါတယ်

တစ်ယောက်ထဲကိုပဲ ချစ်ပြီး တစ်ယောက်ထဲကိုပဲ ယူဖြစ်တဲ့ အပေါ်မှာ “ရွှေလအရမ်းကံကောင်းတာပါ အရင်အရှေ့မှာလည်း ရည်းစားတွေ မထားခဲ့ဖူးတာလည်း ကိုယ့်ကိုယ်ကိုယ် ဝမ်းသာမိတယ် ကျေနပ်မိတယ် အဲ့ဒါကြောင့် ဒီလိုလူကောင်းနဲ့တွေ့ရတာလည်း ဖြစ်ပါတယ်”လို့ သူမရဲ့ relationshipအကြောင်းကိုပြောပြဖြစ်ခဲ့ပါတယ်

ဆက်လက်ပြီး ကိုဝင်းမြတ်အနေနဲ့လည်း “ရွှေလလို ကောင်မလေးရှားသွားပြီဖြစ်လို့ ရွှေလကို ရတဲ့အတွက်လည်း ကျွန်တော် အရမ်းကံကောင်းပါတယ်”လို့ ဖြေခဲ့ပါတယ်။သူတို့နှစ်ယောက် တွေ့ဆုံခဲ့တဲ့နေ့က “ရွှေလ မွေးနေ့ပြီးတော့ သူငယ်ချင်းတွေအကုန် အိမ်မှာ မုန့်လုပ်စားမယ်ဆိုပြီး

သူငယ်ချင်းအသစ်စက်စက် လင်မယားအိမ်မှာပေါ့ သူတို့မင်္ဂလာဆောင်မှာ ရွှေလတို့စတွေ့ခဲ့ကြတာဆိုတော့ ဟိုဘက် ဒီဘက်က ခင်နေကြတာပေါ့ အဲ့နေ့က သူက လိုက်တော့ ကပ်နေတာပဲ ဘာလို့လဲတော့ မသိဘူး လေ

ှကားပေါ်ကဆင်းပြီး ကိုယ့်ကားပေါ်ကိုတက်ပြီး ပြန်တော့မယ်ဆိုတော့ မဟုတ်ဘူးတဲ့ သူပြောစရာရှိတယ် ဆိုပြီး လက်ထဲမှာ အထုပ်တစ်ထုပ်ပါတယ် အဲ့ဒါဘာလဲ ဆိုတော့ ရွှေလကို ချစ်တယ်လို့ ဖွင့်ပြောတယ် ဒါလေးဖတ်ပေးပါဆိုပြီး စာအုပ်လေးနဲ့ အထုပ်လေး ပြီးတော့ ကားနောက်ဖုံးထဲမှာ

အရုပ်တွေဘာတွေ အတင်းထည့်လိုက်တယ် ဟာ…ဘာလို့ပေးတာလဲဆိုတော့ မွေးနေ့လက်ဆောင်မပေးရသေးလို့ ပြီးတော့ ဒါလေးလည်းပြောချင်လို့ပေါ့ ဆိုပြီး အဲ့ဒါနဲ့ ကားပေါ်ရောက်တော့ သူငယ်ချင်း သုံးယောက် ဟဲ့ ငါ့ကိုစာအုပ်ပေးလိုက်တယ် ဖတ်ပြရမလား ဆိုပြီး သူပေးတဲ့ ရည်းစားစာကို သုံးယောက်တူတူဖတ်ကြတာပေါ့နော် အဲ့ဒါလေးကတော့ အဲ့နေ့အတွက် အမှတ်တရပါ”လို့ ပြောကြားခဲ့ပါတယ်

ကိုဝင်းမြတ်အနေနဲ့ကရော ရွှေလနဲ့ လက်တွဲပြီးနောက် သူ့အနေနဲ့ “စိတ်တအားရှည်လာတယ် ပြီးတော့ ကျွန်တော် နူးညံ့လာတယ် ကျွန်တော် ဒေါသလည်းမကြီးတော့ဘူး ပြီးတော့ တစ်ခုခုဆို ကိုယ့်အတွက်ကို အရင်မစဉ်းစားဘူး သူ့အတွက်ကို အရင် ကြိုကြိုပြီးတော့ စဉ်းစားပေးတယ် ကိုယ့်ပျော်ရွှင်မှုကို မေ့ပြီး သူပျော်တာကို ကြည့်ပြီး ကိုယ်ပျော်ရွှင်ရတာမျိုးဖြစ်တာပေါ့”ဆိုပြီး သူရဲ့စိတ်ထားပြောင်းလဲမှုတွေကို ပြောပြပေးသွားပါတယ်။ဆက်လက်ပြီးရွှေလက “သူ့သူငယ်ချင်းတွေက ပြောတယ် သူကအရမ်းစိတ်ကြီးတယ်တဲ့ အဲ့လိုမျိုးပေါ့နော် တော်ရုံတန်ရုံလည်း စိတ်မရှည်တတ်ဘူးတဲ့ အရမ်းစိတ်မြန်တယ်တဲ့ ကိုယ်နဲ့တွေ့တဲ့ အခါကျတော့ အဲ့လို မဟုတ်တော့ ပြန်တောင်စဉ်းစားနေရသေးတယ် ဟုတ်လို့လားပေါ့ ကိုယ့်ကျ အရမ်းစိတ်ရှည်တယ် နူးညံ့တယ်”လို့ သူမခင်ပွန်းအကြောင်းကို ပြောပြပေးသွားပါတယ်

အနာဂတ်အစီစဉ်အနေနဲ့ကတော့ “နှစ်ယောက် တိုင်ပင်ထားတာလေးတွေ ရှိတယ် စီးပွားရေးလေးတွေ လုပ်ဖို့ရှိတယ် ရွှေလကိုလည်း အနုပညာအလုပ်လေးတွေ သူကဆက်လုပ်ခိုင်းပါတယ် အဲ့ဒါကြောင့်မို့ အခါအခွင့်သင့်ရင်တော့ လုပ်သွားမယ် ကိုဝင်းမြတ်က ကျောက်လုပ်ငန်းလုပ်တဲ့အခါကျတော့ သူ့ရဲ့ကျောက်ဆိုင်လေး ဖွင့်ရင် ရွှေလ သွားထိုင်ပေးဖို့ရှိတယ် နောက်ထပ်လုပ်ငန်းခွဲလေးတွေလည်း လုပ်ဖို့ တိုင်ပင်ထားပါတယ်” ပြောပြသွားပါတယ်”ဟန်းနီးမွန်းကတော့ မတိုင်ပင်ရသေးဘူး ဒါပေမယ့် အခုပွဲပြီးရင်တော့ ကျွန်တော်တို့ မိသားစုအကုန် ငပလီကို စုသွားမယ်လို့ တိုင်ပင်ထားပါတယ် နှစ်ယောက်ထဲတော့ သွားဖြစ်မှာ မဟုတ်လောက်ဘူး သူငယ်ချင်းတွေနဲ့ အတူစုသွားဖြစ်မယ်ထင်တယ်လို့” ပြောကြားသွားပါတယ်

Facebook Comments