ဆက္ဆီပံု႐ိုက္တာက ႏိုင္င့ံ Image ကိုမထိခိုက္ပါဘူး ဆိုတဲ့ နန္းေမြစံ

ဆက္ဆီပံု႐ိုက္တာက ႏိုင္င့ံ Image ကိုမထိခိုက္ပါဘူး ဆိုတဲ့ နန္းေမြစံ

ေယာက္်ားေလးထုႀကီးရဲ႕ အသည္းစိုင္မွာ ေနရာရယူထားၿပီး အခုတေလာ သူရဲ႕ေဆးဝါးကုသခြင့္ လိုင္စင္ျပန္႐ုတ္သိမ္းခံထားရတဲ့ ဆက္ဆီေမာ္ဒယ္ နန္းေမြစံ ကေတာ့ Myanmar Celebrity နဲ႔အင္တာဗ်ဴးမွာ ေျပာျပသြားတဲ့အေၾကာင္းေတြ႐ိွပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ မိတ္ေဆြေတြသိေအာင္ျပန္ေျပာျပေပးလိုက္ပါတယ္။

ဆမလိုင္စင္ အသိမ္းခံရတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး နန္းေမြစံက “ ဟုတ္တယ္ ခဏယာယီအပ္ထားတာေပါ့ေနာ္ ။ ကၽြန္မက အခုလက္႐ိွကၽြန္မက ဒီလမ္းေၾကာင္းထဲမွာ ေရာက္ေနတာျဖစ္တဲ့အတြက္ေၾကာင့္ Photo Model အလုပ္ကေတာ့ဆက္ၿပီးေတာ့ လုပ္ျဖစ္သြားမယ္။ လက္႐ိွလည္းအခုလုပ္ေနတာပဲ ေလ။

အဲ့ဒီေတာ့ ဆမ ကိုေလာလာဆယ္ေတာ့ ယာယီအပ္ထားၿပီးေတာ့ လိုအပ္တဲ့အခ်ိန္က်ရင္ ျပန္လည္သံုးဖို႔ခြင့္ေတာင္းၾကည့္မယ္ေပါ့ေနာ္။ အၿပီးပိုင္သိမ္းတာမဟုတ္ဘဲနဲ႔ တခ်ိန္က်ရင္ ျပန္အသံုးျပဳခြင့္ ရပါေစဆိုၿပီးေတာ့ေလ ။ ျပန္ၿပီးေတာ့ ေတာင္းၾကည့္မယ္ ။ ကၽြန္မက ငါးႏွစ္လံုးႀကိဳးစားခဲ့ရတာေလ ။

အတန္းထဲမွာလည္း ႏွစ္ခ်င္းေပါက္ ေအာင္ျမင္ေအာင္ႀကိဳးစားခဲ့ရတာေလ ။ ဆရာဝန္တစ္ေယာက္ျဖစ္ဖို႔ဆိုတာကလည္း လြယ္တာမဟုတ္ဘူး ေလ။ အဲ့ဒါေၾကာင့္မို႔ ဒီလက္မွတ္ကို ဘာမွ မဆိုင္တဲ့ ဝတ္စားဆင္ယင္မႈအတြက္နဲ႔ ေတာ့ မဆံုး႐ႈံးခ်င္ဘူး ။ အဲ့ဒါေၾကာင့္မို႔လို႔ ျပန္ၿပီးေလွ်ာက္သြားဖို႔႐ိွပါတယ္။” ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့လည္း နန္းေမြစံ က “Sexy ပံုေတြဆိုလည္း လုပ္ခါစမွာ လူေတြကအရမ္းအံ့ၾသတယ္။ ေနာက္ပိုင္းက် တျဖည္းျဖည္း႐ိုးသြားၾကတာပါပဲ ။ ဘာမွထူးဆန္းတဲ့အရာေတာ့ မဟုတ္ပါဘူး။ တျဖည္းျဖည္းနဲ႔႐ိုးသြားမွာပါ။ ဒါက ႏိုင္ငံရဲ႕ Imgae ကိုဘာမွထိခိုက္စရာအေၾကာင္းမ႐ိွဘူးလို႔ေတာ့ထင္ပါတယ္။ လူတိုင္းလူတိုင္းက သူ႔ဘဝမွာ ေပးဆပ္ျခင္း႐ိွမွ ရတာ႐ိွမွာေလ ။ တစ္ခုေပးမွ တစ္ခုရမွာေလ ။ ဆက္ေလွ်ာက္မယ့္လမ္းကေတာ့ Photo Model ဆက္လုပ္ျဖစ္ အႏုပညာ အလုပ္ကိုပဲဆက္လုပ္မယ္။ ဒါေပမယ့္တစ္ခ်ိန္က်ရင္ ဆမကိုလည္းျပန္ၿပီးေတာ့ယူ သြားဖို႔႐ိွတယ္။”ဆိုၿပီးေျပာျပသြားခဲ့တယ္။

UNICODE

ဆက်ဆီပုံရိုက်တာက နိုင်ငံ့ Image ကိုမထိခိုက်ပါဘူး ဆိုတဲ့ နန်းမွေစံ

ဆက်ဆီပုံရိုက်တာက နိုင်ငံ့ Image ကိုမထိခိုက်ပါဘူး ဆိုတဲ့ နန်းမွေစံ

ယောက်ျားလေးထုကြီးရဲ့ အသည်းစိုင်မှာ နေရာရယူထားပြီး အခုတလော သူရဲ့ဆေးဝါးကုသခွင့် လိုင်စင်ပြန်ရုတ်သိမ်းခံထားရတဲ့ ဆက်ဆီမော်ဒယ် နန်းမွေစံ ကတော့ Myanmar Celebrity နဲ့အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင်ပြန်ပြောပြပေးလိုက်ပါတယ်။

ဆမလိုင်စင် အသိမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နန်းမွေစံက “ ဟုတ်တယ် ခဏယာယီအပ်ထားတာပေါ့နော် ။ ကျွန်မက အခုလက်ရှိကျွန်မက ဒီလမ်းကြောင်းထဲမှာ ရောက်နေတာဖြစ်တဲ့အတွက်ကြောင့် Photo Model အလုပ်ကတော့ဆက်ပြီးတော့ လုပ်ဖြစ်သွားမယ်။ လက်ရှိလည်းအခုလုပ်နေတာပဲ လေ။

အဲ့ဒီတော့ ဆမ ကိုလောလာဆယ်တော့ ယာယီအပ်ထားပြီးတော့ လိုအပ်တဲ့အချိန်ကျရင် ပြန်လည်သုံးဖို့ခွင့်တောင်းကြည့်မယ်ပေါ့နော်။ အပြီးပိုင်သိမ်းတာမဟုတ်ဘဲနဲ့ တချိန်ကျရင် ပြန်အသုံးပြုခွင့် ရပါစေဆိုပြီးတော့လေ ။ ပြန်ပြီးတော့ တောင်းကြည့်မယ် ။ ကျွန်မက ငါးနှစ်လုံးကြိုးစားခဲ့ရတာလေ ။

အတန်းထဲမှာလည်း နှစ်ချင်းပေါက် အောင်မြင်အောင်ကြိုးစားခဲ့ရတာလေ ။ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း လွယ်တာမဟုတ်ဘူး လေ။ အဲ့ဒါကြောင့်မို့ ဒီလက်မှတ်ကို ဘာမှ မဆိုင်တဲ့ ဝတ်စားဆင်ယင်မှုအတွက်နဲ့ တော့ မဆုံးရှုံးချင်ဘူး ။ အဲ့ဒါကြောင့်မို့လို့ ပြန်ပြီးလျှောက်သွားဖို့ရှိပါတယ်။” ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း နန်းမွေစံ က “Sexy ပုံတွေဆိုလည်း လုပ်ခါစမှာ လူတွေကအရမ်းအံ့သြတယ်။ နောက်ပိုင်းကျ တဖြည်းဖြည်းရိုးသွားကြတာပါပဲ ။ ဘာမှထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ရိုးသွားမှာပါ။ ဒါက နိုင်ငံရဲ့ Imgae ကိုဘာမှထိခိုက်စရာအကြောင်းမရှိဘူးလို့တော့ထင်ပါတယ်။ လူတိုင်းလူတိုင်းက သူ့ဘဝမှာ ပေးဆပ်ခြင်းရှိမှ ရတာရှိမှာလေ ။ တစ်ခုပေးမှ တစ်ခုရမှာလေ ။ ဆက်လျှောက်မယ့်လမ်းကတော့ Photo Model ဆက်လုပ်ဖြစ် အနုပညာ အလုပ်ကိုပဲဆက်လုပ်မယ်။ ဒါပေမယ့်တစ်ချိန်ကျရင် ဆမကိုလည်းပြန်ပြီးတော့ယူ သွားဖို့ရှိတယ်။”ဆိုပြီးပြောပြသွားခဲ့တယ်။

Facebook Comments