အပျိုစစ်ရင် အရှက်ရှိရမယ်လို့ပြောလိုက်တဲ့ မင်းခန့်ကျော်

အပျိုစစ်ရင် အရှက်ရှိရမယ်လို့ပြောလိုက်တဲ့ မင်းခန့်ကျော်

တစ်ချိန်က ပရိသတ်တွေကို အကြိုက်တွေ့စေမယ့် အက်ရှင်ဇာတ်ကားတွေ ဗီဒီယိုကားတွေများစွာကို အကောင်းဆုံး သရုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ဒါရိုက်တာအလုပ်ကို လုပ်နေတဲ့ သရုပ်ဆောင် မင်းခန့်ကျော်ကတော့ အွန်လိုင်းမှာ အဖော်ချွတ်လုပ်တဲ့သူတွေကို အပြင်းအထန် ဝေဖန်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူအနေနဲ့ အပျိုစစ်ရင်အရှက်ရှိရမယ်လို့လည်း ပေါ်ပြူလာရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

မင်းခန့်ကျော်က “အခုဆိုရင်ဗျာ အွန်လိုင်းပေါ်မှာ ဖြစ်နေတဲ့ အရာ က ဆင်ဆာမဲ့လိုဖြစ်နေတယ် မိန်းကလေးတွေ ချွတ်တာ ဖော်တာတွေက ဒါ ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဗျ။ အဲ့အတွက်တော့ ဆင်ဆာဆိုတာရှိသင့်တယ်။ ဇာတ်ကား က ဇာတ်ကားပဲ ဆင်ဆာမှာ ကျွန်တော်တို့မှာ သတ်မှတ်ထားတဲ့ စည်းကမ်းရှိတယ်။ ဥပမာ မဆလ ခေတ်က ဘာဝတ်တာလဲ ဒီဘက်ခေတ်မှာ ဘာဝတ်တာလဲ အဲ့လိုအဝတ်အစားလေးတွေရဲ့ ချို့ယွင်းမှုတွေက တချို့တဒေသမှာ ရှိတယ်။ ဒါလွဲမှားမှု နောက်တစ်ခါ ဆံပင်အနီ ဆံပင်အမဲ ကျွန်တော်တို့ မှာ ဖြစ်နေတဲ့ ဆင်ဆာ ရိုင်းဆိုင်းတဲ့ ဥပမာ မြန်မာစကားပြောနေရင်းနဲ့ ပြောလေ့ရှိပါတယ် စောက်ဆိုတဲ့ စကား ကျွန်တော်တို့ မြန်မာကားတွေမှာ ဖြတ်လေ့ဖြတ်ထရှိတယ် စောက်ရမ်းမိုက်တယ်။ အရမ်းဆိုတဲ့အရာထက် အရမ်းဆိုတာလည်း ကောင်းတဲ့အရာ မဟုတ်ဘူး။

ကျွန်တော်တို့က မြန်မာပြည်မှာ နေတဲ့အတွက် မြန်မာ့ယဉ်ကျေးမှု မြန်မာ့စည်းကမ်းတွေကို လိုက်နာရမှာပဲ။ အခုဗီဒီယိုကိုပဲ ဆင်ဆာကိုအရမ်းတင်းကျပ်တာပဲ တကယ်တင်းကျပ်ရမှာက အွန်လိုင်းမှာတောင် ဖြစ်နေတဲ့အရာတွေပေါ့နော် အရေးယူသင့်တယ် တက်လာတဲ့ အဖော်ချွတ်တွေက အနုပညာသနားတွေချည်းပဲ ရှက်တယ်ဗျာ ကျွန်တော်တော့ ပြောချင်တာကတော့။ လမ်းမှာ တောင်းစားနေတဲ့ သူတောင်းစားလေးတွေပေါ့ ကလေးတွေနဲ့ သန်သန်မာမာနဲ့ တောင်းစားသူဆိုရင် ဘယ်သူတွေထည့်ချင်လဲ ဟာ ဒီလူအလုပ်လုပ်နိုင်တာပဲ ဘာလို့ ထည့်ရမှာလဲ မထည့်နဲ့ ကျွန်တော်တို့မှာ ဝန်တိုစိတ်ဆိုတာ ဖြစ်သွားပြီ။ တကယ်လို့ ခြေပျက်လက်ပျက် ဆိုရင် သဒ္ဓါရှိရှိထည့်ကြတယ်။ အခုကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတာက ခန္ဓာကိုယ်ကလည်း လှပတယ်။

အားလုံးကလည်း ပြည့်စုံတယ် ရုပ်ရည်လည်း ချောမောတယ်။ အဲ့လူတွေက အဖော်ချွတ်ပြီး ဘာလို့ တောင်းနေကြတာလဲ ကျွန်တော်ကတော့ အဲ့လိုပဲ မြင်တယ် အဲ့တာဆိုလူတွေက ထည့်ကြလား။ ဒါသူတို့ စီးပွားရေးအတွက် ရင်းနေကြတာ ကျွန်တော်ဒဲ့ကြီးပြောရင် အရမ်းရိုင်းသွားလိမ့်မယ် သူတို့ဈေးကွက်စီးပွားရေးအတွက် သူတို့တွေ သွားနေကြတဲ့ အချိန်မှာ သူတို့က လူကောင်းတွေလေ သန်သန်မာမာလေ သနားစရာ တစ်ခုမှ မရှိပါဘူး။ အဲ့သဘောပါ ဥပမာလေးတစ်ခုပါ ဒါကြီးတွေကို ဘာစိတ်တွေနဲ့ ကြည့်နေကြတာလဲ အဲ့ပေါ်မှာ ခုနက ဆင်ဆာဆိုတဲ့ဟာကို ပူးပေါင်းလိုက် အရမ်းလေ Facebook လေးမှာ သန့်ရှင်းသွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ယဉ်ကျေးသိမ်မွေ့ စေချင်တယ်ဗျာ။ ခေတ်ဆန်တာနဲ့ ခေတ်လွန်တာ တခြားစီပါ ခေဆန်လို့ရတယ် ကို်ယ့်ဘာသာ ကလပ်ထဲသွားလို့ရတယ်။ တင်တယ် အခုမင်းသမီးတွေ ဖော်လာကြပြီ အပြိုင်အဆိုင်ပဲ ဗျာ ဖွင့်လိုက်ရင် ကျွန်တော်မထင်ထားတဲ့ မင်းသမီးတွေတောင် ဖော်လာကြတယ်။

ကျွန်တော်တို့သိတဲ့ Friend လေးတွေကိုတောင် Chat Box ကနေပြောတယ် နင်အဲ့လိုဆက်ဖော်နေမယ်ဆိုရင် ကိုကြီးတို့ကို Block လိုက် ကျွန်တော်လည်း အတတ်နိုင်ဆုံး Block တယ်။ ကျွန်တော်လည်း မကြည့်ချင်တော့ဘူး ကျွန်တော်ယောက်ျားလေး နှာဗူးစိတ်တော့ရှိတယ် ဂန်ဒူးမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်ပြောချင်တဲ့ စကားက ခေတ်လွန်တာနဲ့ ခေတ်ဆန်တာ မဆိုင်ဘူးဗျ။အဲ့ထဲမှာမှ ဆိုးသွမ်းနေတဲ့ အနုပညာရှင်တွေ ဘာလုပ်ကြတာလဲ အရှေ့က နွားလားဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက်ဖြောင့်ဖြောင့်လိုက် အနုပညာသမားက အရှေ့က လမ်းပြရင် နောက်ကလည်း လိုက်ချွတ်ကြမှာပဲ ရှေ့က အနုပညာသမားက Live တွေလွှင့်ရင် နောက်ကလည်း Live တွေ လွှင့်မှာပဲ။ ကျွန်တော့်စိတ်ထဲမှာ အပျိုစစ်ရင် အရှက်တရားရှိတယ် အပျိုမစစ်တဲ့ လူကတော့ အရှက်တရားမရှိဘူး အဲ့တာဆိုင်းဘုတ်ပဲ ကိုယ့်ရဲ့ အမျိုးသမီးဆိုတဲ့ ဂုဏ်သိက္ခာကို ထိန်းကြပါ။ အဲ့တာဆင်ဆာပဲ ဆင်ဆာက အဲ့နေရာကို တင်းကျပ်ပေးရမှာ။”လို့ ပြောသွားခဲ့ပါတယ်။

Facebook Comments