ပရိတ်သတ်တွေ မေ့မယ်ဆိုလဲမေ့လောက်ပါတယ်လေဆိုတဲ့ ဟဲဗီးဖြိုး

ပရိတ်သတ်တွေ မေ့မယ်ဆိုလဲမေ့လောက်ပါတယ်လေဆိုတဲ့ ဟဲဗီးဖြိုး

ကလေးသရုပ်ဆောင်အဖြစ်နဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အပိုင်သိမ်းခဲ့ဖူးတဲ့ ဟဲဗီးဖြိုး တစ်ယောက် လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေခဲ့တာမို့ ပရိသတ်ကြီးနဲ့ စိမ်းသလိုဖြစ်နေခဲ့ပါတယ်။ ငယ်ငယ်ကတည်းက အရွယ်လေးနဲ့မလိုက်အောင် သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတဲ့ ဟဲဗီးဖြိုးဟာ အသက် ၂၃ နှစ် ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်လေးအဖြစ်နဲ့ မျက်စိထဲမှာစွဲနေတဲ့ ကလေးလေးက အသက် ၂၃ တောင်ကျော်ပြီဆိုတော့ အချိန်တွေကုန်တာမြန်လို့ပဲလား ပရိသတ်ကြီးရေ။

အကြောင်းအမျိုးမျိုးကြောင့် အနုပညာအလုပ်တွေ နည်းပါးနေပေမယ့် လှုပ်ရှားမှု ပုံရိပ် လေးတွေကိုလည်း ချစ်ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိသူ တစ်ယောက်လည်းဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်က အကယ်ဒမီမြင့်မြတ်တစ်ယောက် ဟဲဗီးဖြိုးကို အနုပညာ လောကထဲမှာ ပြန်လည် မြင်တွေ့ချင်ကြောင်းပြောဆိုခဲ့ပါသေးတယ်။ လက်ရှိအချိန်ထိ လည်း ပရိသတ်တွေက ချစ်မေတ္တာမပျယ်ပဲ အားပေးနေဆဲပါပဲ။ အရင်လို အနုပညာ လှုပ်ရှားမှုတွေကိုလည်း အားလုံးကပြန်မြင်ချင်နေပါသေးတယ်။

သူ့ရဲ့ပုံရိပ်လေးတွေကို ” မေ့မယ်ဆိုလဲ…မေ့လောက်ပါတယ်လေ…ကျွန်တော်ကို. ” ဆိုပြီး တင်လိုက်တာပဲဖြစ်ပါတယ်။ ငယ်ရုပ်လေးမပျောက်ပဲ အခုချိန်ထိချစ်စရာကောင်းနေဆဲ ဖြစ်တဲ့ ဟဲဗီးဖြိုးတစ်ယောက် လူကြီးဆန်ဆန်နဲ့ တည်တည်ငြိမ်ငြိမ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာဝေမျှ လိုက်တာမို့ ပြန်လည်တင်ဆက်ပေးလိုက်တယ်နော်။

Facebook Comments