ငါးစိမ်းရောင်းပြီး သားဖြစ်သူကို ဆရာဝန်ဖြစ်တဲ့အထိ ကျောင်းထားပေးခဲ့တဲ့ အာဂမေမေ …(ရုပ်သံ) …

ငါးစိမ်းရောင်းပြီး သားဖြစ်သူကို ဆရာဝန်ဖြစ်တဲ့အထိ ကျောင်းထားပေးခဲ့တဲ့ အာဂမေမေ …(ရုပ်သံ) …

အသက်(၅၅) နှစ်အရွယ် နာနီတာရွန်ကီလိုဆိုသူ အမျိုးသမီးဟာ ဈေးမှာ ငါးရောင်းပါတယ် …

တစ်နေတစ်နေ့ ငါးရောင်းရတဲ့ အမြတ်ငွေက ဘယ်လောက်မှ မရှိပေမယ့် နာနီတာဟာ သားဖြစ်သူကို ဆေးကျောင်းပြီးအောင် ထားပေးခဲ့တဲ့ စံပြမိခင်တစ်ဦး ဖြစ်ပါတယ်။ နာနီတာဟာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့သူပါ …

လင်ယောကျာ်းဖြစ်သူရဲ့ သစ္စာဖောက်ခံရပြီးတဲ့နောက် သူမဟာ နောက်ပြန်လှည့်မကြည့်ပဲ သားကိုခေါ်ကာ မိသားစုသစ်လေးတစ်ခုထူထောင်ခဲ့သူ ဖြစ်ပါတယ် …။

အိမ်ထောင်ကွဲပြီးတဲ့နောက် ဈေးမှာ ငါးရောင်းရင်း သားဖြစ်သူကို လူလားမြောက်အောင် ကျွေးမွေးခဲ့ပြီး သစ္စာဖောက်သူ ယောကျာ်းဟောင်းဆီကလည်း ကလေးနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ အကူအညီမယူခဲ့ပါဘူး …

သားတစ်ယောက်နဲ့ single mother အဖြစ် ဖြတ်သန်းရတဲ့ နာနီတာရဲ့ ဘဝဟာ ခက်ခဲပင်ပန်းခဲ့ပါတယ်၊ သူမဟာ နေ့စဉ်နေ့တိုင်း ဈေးကိုသွားပြီး ငါးရောင်းပါတယ်…

မနက်(၅) နာရီလောက်ကတည်းက ဈေးကို ထွက်ပြီး ငါးရောင်းရတဲ့ သူမဟာ ညနေ(၅) နာရီ (၆) နာရီလောက်မှ အိမ်ကို ပြန်လာနိုင်ပါတယ် …

သူမအနေနဲ့ အခုလောက်ထိ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရပေမယ့် သားဖြစ်သူကိုတော့ ကိုယ်ဖြစ်ချင်တာကို အိပ်မက်ရန် လက်မလျော့ဖို့နဲ့ သူမအနေနဲ့ အစွမ်းကုန် ပံ့ပိုးပေးမှာဖြစ်ကြောင်း တဖွဖွပြောခဲ့တာပါ …

နာနီတာရဲ့ ငါးရောင်းရတဲ့ အမြတ်ငွေက သိပ်မရှိလှပါဘူး၊တစ်နေ့ကို ဖိလစ်ပိုင်ပီဆို (၁,၀၀၀) အမေရိကန်ဒေါ်လာ(၁၉) ကျပ်လောက် ရတဲ့နေ့တွေ ရှိသလို အမြတ်မကျန်လှတဲ့ ရက်တွေလည်း ရှိပါတယ်။ နာနီတာရဲ့ သားနာမည်ကတော့ ဂျွန်ဖြစ်ပါတယ်…

ဂျွန်ဟာ မိခင်စီးပွားရေး အဆင်မပြေတာကြောင့် ကျောင်းထွက်ပြီး ကျူရှင်ဖိုးအတွက် အလုပ်လုပ်ရတဲ့ အချိန်တွေတောင် ရှိခဲ့ပါတယ်….

ဒါပေမယ့် သားအမိနှစ်ယောက်စလုံးဟာ အဆင်မပြေမှုတွေ ကြားထဲကနေ ရုန်းထွက်ပြီး တစ်နေ့တော့ ပြည့်စုံလာမယ်ဆိုတဲ့အိပ်မက်ကို ဘယ်တော့မှ လက်မလျော့ခဲ့ကြပါဘူး…

ဒါကြောင့် ဂျွန်ရဲ့ (၄) နှစ်တာ ပညာသင်ဘွဲ့ဟာ အိမ်စီးပွားရေးအခြေအနေကြောင့် (၆) နှစ်ကြာခဲ့ပြီး (၂၀၁၉)ခုနှစ်ကမှသာ ဘွ့ရခဲ့ပါတယ် …

အခုဆိုရင်တော့ ဂျွန်ဟာ မိခင်ဖြစ်သူရဲ့ ပံ့ပိုးမှုအပါအဝင် သူ့ရဲ့ ကြိုးစားမှုကြောင့် ဆေးကျောင်းကနေ ဘွဲ့ရလာခဲ့ပြီ ဖြစ်ပါတယ် …

ဂျွန် ဟာ ဆ ရာ ဝန် ကောင်း တစ် ဦး အ ဖြစ် အ သက် မွေး ဝမ်း ကြောင်း ဖို့ ပြင် ဆင် ထား ပြီး သူ့ အ တွက် အ စွမ်းကုန် ပေး ဆပ် ခဲ့ တဲ့ မိ ခင် နာ နီ တာ ကို အ ကောင်း ဆုံး ပြန် လည် စောင့် ရှောက် နိုင် ဖို့ ကြိုး စား နေ တယ် လို့ သိ ရ ပါ တယ် …

Facebook Comments