“အနုပညာ ကျူရှင် မီးလောင်မှု သေဆုံးသူ ၂၃ ဦးထိရှိလာ..လူတွေ တဖွဲဖွဲ ခုန်ချနေကြတဲ့ (ရုပ်သံ)”

“အနုပညာ ကျူရှင် မီးလောင်မှု သေဆုံးသူ ၂၃ ဦးထိရှိလာ..လူတွေ တဖွဲဖွဲ ခုန်ချနေကြတဲ့ (ရုပ်သံ)”

အိန္ဒိယနိုင်ငံ ဆူရတ် အနုပညာကျူရှင်သင်တန်းကျောင်း မီးလောင်မှု့ တွင် သေဆုံးသူ ၂၃ ဦးအထိ ရှိလာ အိန္ဒိယနိုင်ငံဂူဂျာရတ်ပြည်နယ်ဆူရတ်မြို့ ရှိအနုပညာကျူရှင် ကျောင်းတွင်ဖြစ်ပွားခဲ့သည့်မီးလောင်မှု့ တွင်သေဆုံးခဲ့သည့် အရေအတွက်မှာ ယနေ့ (မေ ၂၅ စနေ ) တွင် ၂၃ ဦးအထိရှိသွားပြီဟု အိန္ဒိယအာဏာပိုင်များက အတည်ပြုသည်။

ဒေသစံတော်ချိန် မေ ၂၄ ညနေ ၃း၄၅ နာရီတွင် အထပ်၎ ထပ်ရှိ အဆိုပါအနုပညာဆရာဖြစ်သင်တန်းကျူရှင်စင်တာ၏ တတိယထပ်နှင့်အပေါ်ဆုံးထပ်မှစတင်လောင်ကျွမ်းခဲ့သည့်

မီးကြောင့် သေဆုံးခဲ့သူအများစုမှာ အသက် ၁၄ နှစ်မှ ၁၇နှစ် အရွယ်လူငယ်များဖြစ်သည်။မီးလောင်မှု့ ကြောင့် ပိတ်မိခဲ့ကြ ခြင်းဖြစ်ကာ မျက်မြင်များ၏အဆိုအရ

မီးသတ်ကားမှာ မီးလောင်မှု့ ဖြစ်ပြီး ၄၅ မိနစ်ကြာမှ ရောက်ရှိလာသည်ဟုလည်း ဆိုသည်။

သတင်းများအရလျှပ်စစ်ဝါယာရှော့မှစတင်လောင်ကျွမ်းခဲ့ခြင်း ဟုဆိုသော်လည်း မီးလောင်မှု့  ဖြစ်စဉ်နှင့် မီးငြိမ်းသတ်ရာတွင်အားနည်းခဲ့မှု့ 

များအပါအဝင် ဖြစ်စဉ်တစ်ရပ်လုံးကိုစုံစမ်း စစ်ဆေးရန် ဂူဂျာရတ်အာဏာပိုင်များကညွှန်ကြားထားသည်။

ဒဏ်ရာရသူ၂၀ ဦးရှိခဲ့ပြီးလက်ရှိအချိန်အထိလည်းအရေးပေါ် အခြေအနေရောက်နေသည့် ကျောင်းသား ၇ ဦးရှိသည်ဟု တာဝန်ရှိသူများကဆိုပြီး

သင်တန်းကျောင်းပိုင်ရှင်အပါအဝင် စုစုပေါင်း၃ ဦးကို ယနေ့ (မေ ၂၅ )တွင် ဖမ်းဆီးလိုက်သည်။

Facebook Comments