Victoriaကို ခဏထား လတ်လတ်ဆတ်ဆတ် ဒီသီလရှင်လေးသတင်းကို ဖတ်ပြီး ရှယ်သွားပေးပါနော်

Victoriaကို ခဏထား လတ်လတ်ဆတ်ဆတ် ဒီသီလရှင်လေးသတင်းကို ဖတ်ပြီး ရှယ်သွားပေးပါနော်

ဥပဒေရေးရာလေ့လာသူနဲ့ ကျွမ်းကျင်သူအချို့ (အချို့)က victoria အမှုတရားဝင်သတင်းမထုတ်ခင်တုန်းကတော့ ” ဒါက လုပ်ထုံးလုပ်နည်းအတိုင်း လုပ်နေကြတာပါ။ ဥပဒေအတိုင်းစစ်နေတာပါ။ လူတွေက စိတ်စောနေတာ။ စောင့်ကြည့်ပါဆိုတာ ” လို့ ပြောတာ လက်ခံသေးတယ်။

အခု ရဲချုပ်နဲ့ဆရာမနှစ်ယောက်ပြောတာ။သုံးယောက်ကို သုံးမျိုးဖြစ်နေတာတွေကို အဲ့ဒီပုဂ္ဂိုလ်တွေ သိပြီးလောက်ရောပေါ့။ အဲ့ဒီလိုအခြေအနေအထိ ရေငုံနှုတ်ပိတ်နေတာ(သို့မဟုတ်)ဒါက ဥပဒေအတိုင်းပဲ စစ်နေတာဆိုတာမျိုးတွေ ပြောနေဆဲ အချို့ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ စိတ်အထားအသိုအပေါ် တော်တော်လေးအံ့သြရတယ်။

victoria လေးကို ခဏမေ့ထား..အောင်ကြီးကိစ္စလည်း ခဏမေ့ထား…ဟော့ဒီမှာ လတ်လတ်ဆတ်ဆတ် ဖြစ်ရပ်။ ခေါင်းဟက်တက်ကွဲအောင် အရိုက်ခံရတဲ့ သီလရှင်ကလေးငယ်။ အခုမှ ရိုက်ယူထားတဲ့ ဓာတ်ပုံ။

အလှူခံခိုင်းတာ တစ်နေ့ နှစ်သောင်းကျပ်မရလို့ဆိုပြီး အုပ်ထိန်းသူ သီလရှင်က ဂေါ်ပြားနဲ့ ရိုက်တာ။ ချော့မယ့်သူမရှိ ကိုယ့်ဘာသာကိုယ် ကြိတ်ငိုခဲ့ရတဲ့ ကလေးလေး။ ဒါမျိုးမဖြစ်အောင် ဘယ်သူကအကာအကွယ်ပေးနိုင်ခဲ့လဲ။ ဒီဒဏ်ရာနဲ့ အလှူထွက်ခံနရတဲ့ ကလေးနေရာကို ဝင်ကြည့်။ ဘယ်မလဲ ကလေးငယ်ကို ကာကွယ်နိင်တဲ့ ဥပဒေ။ မဖြစ်အောင်တားဆီးနိုင်တဲ့ အခင်းအကျင်းဘယ်မလဲ။လူတွေကဥပဒေကို နားလည်လွန်းလို့ ထောက်ပြဝေဖန်နကြတာ မဟုတ်ဘူး။

တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ တောင်းဆိုနေတာ။ ယုတ္တိမရှိတာတွေ မြင်နေ တွေ့နေရလို့ တည့်မတ်ပေးဖို့ ဝိုင်းအော်နေတာ။ဥပဒေရဲ့အကာအကွယ်မရတဲ့ အခြေအနေတွေကို ပြောင်းလဲပေးဖို့ တာဝန်ရှိသူတွေက ဦးဆောင်ပြီး ဖော်ဆောင်စေချင်တာပါ။

ဒီနေ့က လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ ကလေးငယ်အတွက် အမှန်တရားပေါ်ပေါက်ဖို့ လူတွေ ရာထောင်ချီ ဆန္ဒထုတ်ဖော်တောင်းဆိုနေချိန်မှာ ကလေးငယ်နှစ်ယောက်ဟာ နှိပ်စက်ရိုက်နှက်ခံရတဲ့ ဒဏ်ရာနဲ့ အလှူခံထွက်ပေးနေရတဲ့ ဒီနိုင်ငံမှာ စာအုပ်ထဲက ဥပဒေဆိုတာတွေကို လက်တန်းရွတ်ပြပြီး အချို့သောတာဝန်ရှိသူတွေရဲ့ အလွဲတွေကို မသိကျိုးကျွံမပြုသင့်ပါဗျာ။

Facebook Comments