Group Chat ပေါက်ကြားသွားခဲ့ပြီး အကောင့်ကိုပိတ်ထားလိုက်ရတဲ့ Wisdom Hill ပိုင်ရှင်၏ညီမဖြစ်သူ သီရိမေ

Group Chat ပေါက်ကြားသွားခဲ့ပြီး အကောင့်ကိုပိတ်ထားလိုက်ရတဲ့ Wisdom Hill ပိုင်ရှင်၏ညီမဖြစ်သူ သီရိမေ

Wisdom Hill ကိစ္စနဲ့ပတ်သတ်ပြီးလူမှုကွန်ယက်ပေါ်မှာအပြန်အလှန်ဖြေရှင်းနေကြတာကိုစာဖတ်သူတွေသိပြီးသားဖြစ်သလို ကျောင်းပိုင်ရှင်ရဲ့အစ်မဖြစ်သူ သီရိမေဟာလည်း အမှုကိစ္စဖြစ်ကတည်းက အမှုနဲ့ပတ်သတ်ပြီးဝေဖန်ပြောဆိုမှုများကိုလူမှုကွန်ယက်စာမျက်နှာမှာ နေ့စဉ်နှင့်အမျှတွေ့မြင်ရနေရတာဖြစ်ပါတယ်။

ယခုအချိန်ထိ ဗစ်တိုးရီးယားလေးရဲ့အမှုမှာ အမှုမှန်မပေါ်သေးပဲ ယာဉ်မောင်းအောင်ကြီးအား တရားခံအဖြစ်စွပ်စွဲထားတာလည်းဖြစ်ပါတယ်။ ယခုလိုအမှုကိစ္စတွေကြားထဲမှာ ဗစ်တိုးရီးယားလေးကဲ့သို့ လိင်အကြမ်းဖက်မှုခံခဲ့ရဖူးတဲ့ သဇင်ထက်ရဲ့သားလေးရဲ့အဖြစ်အားအမေဖြစ်သူမှလူမှုကွန်ယက်စာမျက်နှာမှာရေးသားရင်းနဲ့ ကျောင်းအုပ်ရဲ့အစ်မဖြစ်သူ သီရိမေနှင့်အခြေအတင်တွေဖြစ်ခဲ့ပါတယ်။

ထိုသို့အခြေအတင်ဖြစ်ပီး မသဇင်ထက်တို့သားအမိမှာ ဂျပန်နိုင်ငံသို့ပြန်သွားရကြောင်းအား စာဖတ်သူတို့လည်းသိခဲ့တဲ့ပြသနာတစ်ခုလဲဖြစ်ပါတယ်။ ယခုအခါ သီရိမေတို့ရဲ့ Group Chat ထဲမှာပြောထားသောပုံများလူမှုကွန်ယက်မှာပျံ့နှံ့သွားပြီး သီရိမေအကောင့်မှာလည်း Deactivate လုပ်ထားကြောင်းတွေ့ရပါတယ်။

အနယ်နယ်အရပ်ရပ်တွင်လည်း ဗစ်တိုးရီးယားလေးအမှုအား အမှုမှန်ပေါ်ပေါက်ရန်အဖက်ဖက်မှ ၀ိုင်းဝန်းကူညီနေကြသလိုဆန္ဒထုတ်ဖော်မှုတွေလည်းရှိနေတာကိုတွေ့ရပါတယ်။

Facebook Comments