Wisdom Hill ကျောင်းကို သားနှစ်ယောက်ဘယ်တုန်းကမှ မရောက်ဖူးဘူးဆိုတဲ့ မိခင်ဖြစ်သူ ဒေါ်ဥမ္မာလှိုင်Wisdom Hill ကျောင်းကို သားနှစ်ယောက်ဘယ်တုန်းကမှ မရောက်ဖူးဘူးဆိုတဲ့ မိခင်ဖြစ်သူ ဒေါ်ဥမ္မာလှိုင်

လက်ရှိအချိန်မှာ ပြည်သူတွေ စိတ်အဝင်စားဆုံးဖြစ်နေတဲ့ နေပြည်တော် Victoria လေးရဲ့ အမှုကိစ္စပဲ ဖြစ်နေပါတယ်။ရဲဘက်က ထုတ်ပြန်ထားတဲ့ တရားခံ အောင်ကြီးဟာ တရားခံအစစ်မဟုတ်ဘူးလို့ ပြည်သူတွေက ပြောနေကြတာတွေလည်း ရှိနေပါတယ်။ ပြည်သူတွေက တရားခံလို့ ထင်နေကြတဲ့ ကိုကိုနဲ့ညီညီတို့ကတော့ Wisdom Hill ကျောင်းကို ဘယ်တုန်းကမှ မရောက်ဖူးပါဘူးလို့ သူတို့ရဲ့ အမေဖြစ်သူ ဒေါ်ဥမ္မာလှိုင်က Eleven ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ” ကျောင်းဖွဲ့စည်းပုံကို တစ်ချက်ရှင်းပြချင်ပါတယ် ကျွန်တော် ကြီးကြပ်ရတဲ့ မူကြိုကျောင်းမှာပေါ့နော် ဇ ၁၄ တစ်ကျောင်းရယ် ဇ၃၁ ဆိုပြီး နှစ်နေရာ ရှိပါတယ်။ အဲ့နှစ်နေရာက ကားလမ်းမပဲ ခြားပါတယ်။ အခုအခင်းဖြစ်တယ်လို့ တရားဆွဲဆိုထားတဲ့ကျောင်းက ဇ၁၄ ပါ ကျွန်တော်က မနက်ကျောင်းကို လာပြီဆိုရင် ၃၁မှာ ရုံးထိုင်ပါတယ်။ ဇ၃၁ကိုတော့ ကျွန်တော့်သားငယ်လေးနဲ့အတူ အဲ့မနက်က အတူတူလာတယ် လာပြီးတော့ ၈နာရီနဲ့ မိနစ် ၂၀ လောက်မှာ ကျွန်တော့်စာရေးမလေးက သူတို့ရုံးကိစ္စတွေရှိလို့ ရုံးချုပ်ကိုသွားတယ် အဲ့လိုသွားတဲ့ဟာကို ကျွန်တော့်ကလေးကိုပါ ကျောင်းကို ထည့်ပေးလိုက်တယ်။ အခင်းဖြစ်တယ်လို့ တရားဆွဲခံရတဲ့ကျောင်းကို အဲ့နေမှ မဟုတ်ပါဘူး ဘယ်နေ့ကမှ မရောက်ဖူးပါဘူး။ အခင်းဖြစ်ပွားတဲ့ အခုတရားဆွဲဆိုထားတဲ့ကျောင်းကိုပေါ့နော် ဇ၁၄ကျောင်းကို အခင်းဖြစ်တဲ့နေမှ မဟုတ်ဘူး ဘယ်တုန်းကမှ အဲ့ဘက်ကျောင်းကို မရောက်ဖူးပါဘူး။ ကျွန်မထိုင်တဲ့ ဇ၃၁ကိုသာ သူတို့ရံဖန်ရံခါ သူတို့လိုက်လာတတ်တာပါ။”လို့ ပြောသွားခဲ့ပါတယ်။

Victoria လေး အမှုမှန်ပေါ်ပေါက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေရှိလားလို့မေးမြန်းရာ “ကျွန်မကတော့နော် ရှေ့ဆက်ပြီးတော့ တရားခွင်မှာလည်း သမီးလေး အမှုအတွက် ကျွန်မသိထားတဲ့ အမှန်တရားတွေနဲ့ ရှေ့ဆက်ပြီး သက်သေလိုက်သွားမှာပါ။”လို့ ပြောသွားခဲ့ပါတယ်။လက်ရှိအချိန်မှာသားနှစ်ယောက် ဘယ်မှာ ရှိနေလဲလို့ မေးမြန်းရာ “လက်ရှိမှာတော့ သားအငယ်လေးက ကျွန်မနဲ့ အတူတူနေပါတယ် ကျွန်မသားအကြီးက ဆယ်တန်းကျတဲ့အတွက် ဘော်ဒါမှာ ပြန်ထားထားပါတယ်။ ကျွန်မကလေးတွေနဲ့ ပတ်သက်ပြီး မိဘတစ်ယောက်အနေနဲ့ တအားခံစားရပါတယ်။ ပြည်သူကိုလည်း ကျွန်မအပ်ပါတယ် ကျွန်မကလေးတွေကို မှန်ကန်တဲ့ DNA စစ်ချင်တယ်ဆိုရင်လည်း ခွင့်ပြုပါတယ် ကျွန်မကလေးတွေ ဘက်ကနေပြီးတော့ မဟုတ်ဘူးဆိုရင်လည်း အမှန်တရားကို ပြန်လည်ရပ်တည်ပေးစေချင်ပါတယ်။

ကျွန်မရဲ့ အုပ်ထိန်းမှုအောက်မှာပဲ Victoria လေးအခုလိုဖြစ်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းပါတယ်။ထပ်တူလည်း ခံစားရပါတယ်။ ကိုယ့်ကလေးတွေအတွက်လည်း အရမ်းခံစားရပါတယ် ပတ်ဝန်းကျင်မှာ အခုဆိုရင် ကလေးတွေနေနဲ့ မျက်နှာထွက်ပြဖို့တောင် တအားခက်ပါတယ်။ ကလေးတွေအနေနဲ့လည်း အပြင်ကိုထွက်ဖို့တွေ ကျောင်းတက်ဖို့တွေတောင်မှ အရမ်းကို သူတို့မှာ မဝံ့မရဲဖြစ်ပါတယ်။ တော်တော်ကြီးရှေ့ဆက်ဖို့လည်းခက်ခဲနေပါတယ်။ ပြည်သူတွေကိုလည်း ကျွန်မ အပ်ပါတယ်။ ပြီးရင် မဟုတ်ဘူးဆိုရင်လည်း ကျွန်မကလေးတွေဘက်က ကလေးသူငယ်အနေနဲ့ ပြန်လည်ရပ်တည်ပေးပါလို့ အနူးအညွတ်တောင်းဆိုချင်ပါတယ်ရှင်။”လို့ ဝမ်းနည်းချင်းများစွာမျက်ရည်တွေနဲ့ ပြောသွားခဲ့ပါတယ်။

Facebook Comments